Guest
 
 
₪ Art Article
ပန်းချီဆရာ အောင်မင်းရဲ့ performers များနဲ့ Nothing In??
written by : ခင်သန်းဖြူ
ပန်းချီ အကျော်အမော် (၆)ဦး ပူးပေါင်း လှုပ်ရှားသော December Lyric Art Exhibition (2008)
written by : ခင်သန်းဖြူ
လှိုက်လှဲစွာ ခံစားလိုက်ရတဲ့ "Sketch of Wathone"
written by : ခင်သန်းဖြူ
Artist လူမင်းရဲ့ ဖန်တီးမှု အသစ်များ
written by : ခင်သန်းဖြူ
ရင်ခုန်လှုပ်ရှားမှုတွေ ပေးတဲ့ စက်တင်ဘာ အရောင်များ
written by : ခင်သန်းဖြူ
Modern Artist မောင်ယုစိန်နှင့် မျိုးဆက်သစ်
written by : ခင်သန်းဖြူ
Colour Pattern တွေနဲ့ ဖောက်ထွက်လာတဲ့ ပန်းချီဆရာ ချမ်းငြိမ်းကျော်
written by : ခင်သန်းဖြူ
ဆရာကိုမောင်ကျော်သန်းရဲ့ တစ်ကိုယ်တော်ရေဆေးပြပွဲ
written by : ခင်သန်းဖြူ
Artist အောင်ကျော်ဆန်းရဲ့ “Orchestral Urban Life”
written by : ခင်သန်းဖြူ
Artist လှတင်ထွန်းရဲ့ “ Tour de L`Art ” ပြပွဲ
written by : ခင်သန်းဖြူ
title San Francisco မြို့ရှိ Hayward Art Council ရဲ့ “ New Members & Emerging Artist” ပွဲအတွက် ပန်းချီကား ရွေးချယ်ခံရတဲ့ Artist Dr. ထိန်ဝင်း
written by : ခင်သန်းဖြူ
“Going together paintings” Exhibition ကို ခံစားခြင်း
written by : ခင်သန်းဖြူ
ပံသုစန္ဒာ ပန်းချီပြခန်းပိုင်ရှင်ဆရာမဒေါ်ချိုချိုအောင် ရဲ့ Impression ပန်းချီကားများ
written by : ခင်သန်းဖြူ
Artist ဇော်မောင်ရဲ့ Horses & Flowers
written by : ခင်သန်းဖြူ
Alliance Francaise မှာ ခံစားလိုက်တဲ့ အလင်းရောင်ချဉ်းကပ်မှု ပန်းချီကားများ
written by : ခင်သန်းဖြူ
ပန်းချီမြတ်နိုးသူတွေကို ပုဂံဒေသအထိ ခေါ်ဆောင်သွားတဲ့ Bagan Art Show
written by : ခင်သန်းဖြူ
လောကနတ်ပန်းချီပြခန်း၏ (၃၄) ကြိမ်မြောက် ပန်းချီပြပွဲ
written by : ခင်သန်းဖြူ
အမျိုးသမီး ပန်းချီဆရာမ (၅၀) ပါဝင်ပြသထားတဲ့ Wings Art Exhibition
written by : ခင်သန်းဖြူ
Artist soe naing
written by : ခင်သန်းဖြူ
Polastifima Recent Painting
written by : ခင်သန်းဖြူ
Artist mya thaung
written by : ခင်သန်းဖြူ

₪ Show

ပန်းချီဆရာ အောင်မင်းရဲ့ performers များနဲ့ Nothing In??

ပန်းချီဆရာ အောင်မင်းခေါ် တေးရေးဆရာ၊ ကဗျာဆရာ သုခမိန်လှိုင်ရဲ့ "Nothing In??" လို့ အမည် ပေးထားတဲ့ ပန်းချီ ပြပွဲ တစ်ပွဲကို သမ္မတ ဟိုတယ်က Thamada Art Exhibition Hall မှာ ဒီဇင်ဘာလ (၂၀)ကနေ (၂၁)ရက်နေ့အထိ (၂)ရက် ကြာပြသသွားမှာ ဖြစ်ပါတယ်။

ဆရာ အောင်မင်းကို အနုပညာ ရပ်ဝန်းက ပန်းချီဆရာ တစ်ဦးမှန်း သိကြပေမဲ့ ၊ သာမန် ပရိတ်သတ်အများစုကတော့ တေးရေး ဆရာ သုခမိန်လှိုင်နဲ့ ကဗျာဆရာ သုခမိန်လှိုင် အဖြစ်နဲ့သာ သိကြတာဖြစ်ပါတယ်။

ဆရာ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် ပြပွဲဖြစ်တဲ့ "Riding On The Sea" ကို (၂၀၀၀)ပြည့်နှစ်က "လောကနတ်" ပန်းချီ အနုပညာ ပြခန်းမှာ ကြည့်ရှု့ခံစား ခွင့်ရခဲ့ပါတယ်။ ဒီပွဲဟာ ဆရာ့ပန်းချီ လက်ရာတွေကို ပထမဆုံး ထိတွေ့ ခံစားခွင့် ရခဲ့တဲ့ပွဲလည်းဖြစ်ပါတယ်။ သူ့ရဲ့ "ပင်လယ်" ပန်းချီ ကားတွေထဲမှာ ပင်လယ်ကို ကျယ်ပြန့် နက်ရှိုင်းတဲ့ အတွေးအခေါ် အယူအဆတွေကိုလည်း ခံစားမိပါတယ်။

ဆရာ သုခမိန်လှိုင်ဟာ (၁၉၆၅)ခုနှစ်ကတည်းက၊ ကဗျာတွေ စတင်ရေးသားခဲ့ပြီး (၁၉၇၂) ခုနှစ်ကနေ (၂၀၀၀)ခုနှစ် အထိ တေးသီချင်းများစွာ ရေးသားခဲ့ပါတယ်။

(၂၀၀၂) ခုနှစ်မှာ " Your Son's Coming Home, Mother" ကဗျာ စာအုပ်၊ (၂၀၀၃)ခုနှစ်မှာ "The Lost at Sea" ကဗျာ စာအုပ်၊ (၂၀၀၄)ခုနှစ်မှာ " Treasure Trove" အတ်ဆေးစာအုပ်၊ (၂၀၀၈)ခုနှစ်ထဲမှာ " The World of Andy Warholetal " ကဗျာ စာအုပ်နဲ့ "Anyein"ကဗျာ စာအုပ်တွေ ရေးသား ထုတ်ဝေခဲ့တယ်လို့လည်း သိရှိ ရပါတယ်။

ဆရာအောင်မင်းရဲ့ ပန်းချီကားတွေဟာ အနုပညာ မြတ်နိုးသူတွေကို Performance Art လို့ ခံစားမှုမျိုးတွေ ပေးနိုင်မှာ ဖြစ်သလို ဆွဲဆောင်မှုရှိတဲ့ Colors လေးတွေနဲ့ Background မှာ ခံထားတဲ့ အတွက် နှစ်သက်စဖွယ် ရင်ခုန်ခံစားမှုပေးမဲ့ Paintings လေးတွေ အဖြစ်လည်း ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။

"Nothing In??"တဲ့ ကိုယ်ကိုယ်ကို မေးထားတာလား? ။ ပရိတ်သတ်ကို မေးထားတာလား?။

ခေါင်းစွပ်နဲ့ ၀တ်စုံထဲက performers တွေကလည်း နောက်ခံ အရောင် အမျိုးမျိုးနဲ့ အတူ ခံစားမှု အမျိုးမျိုးရှိနေ ကြမှာပါပဲ။

"In Blue"ထဲက ကြည်နူးဆွတ်ပျံမှု့ကို မျှဝေ ခံစားနိုင်သလို "In Yellow"ထဲက နွေးထွေးတယ် ထင်ရပေမဲ့ ဖန်တီးသူ အနေနဲ့ ပူလောင်မှု သောကတွေ ဖြစ်ရင်လည်း ဖြစ်နေမှာပါပဲ။

"In Green" မှာတော့ performers ဟာ နှစ်ယောက်ဖြစ်သွားပြီမို့ သူ့ထဲက အဓိပ္ပါယ်တွေဟာ ပိုပြီးများပြားနက်ရှိုင်း နေပါပြီ။

ဒီထဲက အစိမ်းရောင်ဟာ လန်းဆန်းစိုပြေမှုတွေလား၊ ဒါမှမဟုတ် စိမ်းကား ရက်စက်မှုတွေလား။ ဒီကား ဖန်တီးသူတောင် သိနိုင်ဖို့ မလွယ်ကူလှပါဘူး။ အဓိက ပြောနိုင်မဲ့ သူကတော့ Performers နှစ်ယောက်သာပါပဲ။ ဒီထက် လေးနက်တဲ့ အကြောင်းအရာတွေ ဆွေးနွေးတိုင်ပင် နေကြသူများလည်း ဖြစ်နိုင်ပါတယ်။

"Family" ကတော့ performers လေးယောက်နဲ့ ပန်းစည်း တစ်စည်းပုံပါ။ မိသားစု တစ်စု ဖြစ်နိုင်သလို၊ ဆွေးနွေးတိုင်ပင် နေတဲ့ လူလေးဦးလည်း ဖြစ်နိုင်ပါတယ်။ ပန်းစည်းဆိုတာက ဂုဏ်ပြုတဲ့ အနေနဲ့ ပေးအပ်တာ ရှိသလို ကြေကွဲ ၀မ်းနည်းမှုတွေနဲ့လည်း ပေးရတာ ရှိတတ်ပါတယ်။ မမြင်ရတဲ့ ၀တ်စုံထဲက မျက်နှာတွေမှာ ပျော်ရွှင်ကြည်နှုးမှုတွေ၊ ဂုဏ်ယူမှုတွေလား၊ ၀မ်းနည်းကြေကွဲမှုတွေလား။

"White Flowers"ရဲ့ နောက်ကွယ်မှာတော့ ၀မ်းနည်း ကြေကွဲစရာ အဖြစ်အပျက်တွေ ရှိနေလိမ့်မယ်လို့ ခံစားလိုက်ရပါတယ်။ ၀တ်ရုံထဲက မှန်းဆလို့ မရတဲ့ မျက်နှာ ပိုင်ရှင်ရဲ့ ၀ိဥာဉ်ကတော့ Background အဖြူ ဆွတ်ဆွတ်နဲ့၊ ဖြူစင်တဲ့ ပန်းပွင့်တွေပါတဲ့ ပန်းစည်းရဲ့ နမိတ်ပုံကို ယူပြီး ရိုးသားဖြူစင်မယ်လို့ ယုံကြည် မိပါတယ်။

ဘယ်လို ၀မ်းနည်း ကြေကွဲ စရာများပါလဲ? Performers အတွက် ဘယ်လောက်များခံစား လိုက်ရပါသလဲ?။

မေးခွန်းတွေက များလှပါတယ်။

ဒါမှ မဟုတ်လဲ အထဲမှာ ဘာမှ မရှိဘူးလား?။ "Nothing In" ဆိုတာ ဘယ်သူ့ကို မေးနေတာများလဲ?။

ခင်သန်းဖြူ       
(Artist & Art Writer)
Back to Top
advertisements