Guest
 
 
₪ Art Article
ပန်းချီဆရာ အောင်မင်းရဲ့ performers များနဲ့ Nothing In??
written by : ခင်သန်းဖြူ
ပန်းချီ အကျော်အမော် (၆)ဦး ပူးပေါင်း လှုပ်ရှားသော December Lyric Art Exhibition (2008)
written by : ခင်သန်းဖြူ
လှိုက်လှဲစွာ ခံစားလိုက်ရတဲ့ "Sketch of Wathone"
written by : ခင်သန်းဖြူ
Artist လူမင်းရဲ့ ဖန်တီးမှု အသစ်များ
written by : ခင်သန်းဖြူ
ရင်ခုန်လှုပ်ရှားမှုတွေ ပေးတဲ့ စက်တင်ဘာ အရောင်များ
written by : ခင်သန်းဖြူ
Modern Artist မောင်ယုစိန်နှင့် မျိုးဆက်သစ်
written by : ခင်သန်းဖြူ
Colour Pattern တွေနဲ့ ဖောက်ထွက်လာတဲ့ ပန်းချီဆရာ ချမ်းငြိမ်းကျော်
written by : ခင်သန်းဖြူ
ဆရာကိုမောင်ကျော်သန်းရဲ့ တစ်ကိုယ်တော်ရေဆေးပြပွဲ
written by : ခင်သန်းဖြူ
Artist အောင်ကျော်ဆန်းရဲ့ “Orchestral Urban Life”
written by : ခင်သန်းဖြူ
Artist လှတင်ထွန်းရဲ့ “ Tour de L`Art ” ပြပွဲ
written by : ခင်သန်းဖြူ
title San Francisco မြို့ရှိ Hayward Art Council ရဲ့ “ New Members & Emerging Artist” ပွဲအတွက် ပန်းချီကား ရွေးချယ်ခံရတဲ့ Artist Dr. ထိန်ဝင်း
written by : ခင်သန်းဖြူ
“Going together paintings” Exhibition ကို ခံစားခြင်း
written by : ခင်သန်းဖြူ
ပံသုစန္ဒာ ပန်းချီပြခန်းပိုင်ရှင်ဆရာမဒေါ်ချိုချိုအောင် ရဲ့ Impression ပန်းချီကားများ
written by : ခင်သန်းဖြူ
Artist ဇော်မောင်ရဲ့ Horses & Flowers
written by : ခင်သန်းဖြူ
Alliance Francaise မှာ ခံစားလိုက်တဲ့ အလင်းရောင်ချဉ်းကပ်မှု ပန်းချီကားများ
written by : ခင်သန်းဖြူ
ပန်းချီမြတ်နိုးသူတွေကို ပုဂံဒေသအထိ ခေါ်ဆောင်သွားတဲ့ Bagan Art Show
written by : ခင်သန်းဖြူ
လောကနတ်ပန်းချီပြခန်း၏ (၃၄) ကြိမ်မြောက် ပန်းချီပြပွဲ
written by : ခင်သန်းဖြူ
အမျိုးသမီး ပန်းချီဆရာမ (၅၀) ပါဝင်ပြသထားတဲ့ Wings Art Exhibition
written by : ခင်သန်းဖြူ
Artist soe naing
written by : ခင်သန်းဖြူ
Polastifima Recent Painting
written by : ခင်သန်းဖြူ
Artist mya thaung
written by : ခင်သန်းဖြူ

₪ Show

ပန်းချီမြတ်နိုးသူတွေကို ပုဂံဒေသအထိ ခေါ်ဆောင်သွားတဲ့
" Bagan Art Show "

ဗိုလ်ချုပ်ဈေး အရှေ့ဘက်တန်းမှာ ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံရိုးရာ ပန်းပညာရှင်များ အစည်းအရုံး(ဗဟို)၊ အရောင်းပြခန်းမှာ “Bagan Art Show” လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲတစ်ပွဲကို ၁၄.၉.၂၀၀၇ ကနေ ၂၂.၉.၂၀၀၇ နေ့အထိ ခင်းကျင်းပြသ ထားပါတယ်။

ဒီပွဲမှာ ဆရာကြီး ဦးမောင်မောင်သိမ်းနဲ့အတူ သန်းဝင်းထွန်း၊ ကိုသက်၊ မောင်ကျော်ခေါင်၊ ကိုကိုအောင်၊ သီအောင်၊ သန်းစိုး၊ ကြည်ဇော်၊ ချင်းချင်း၊ Dr. ခင်မေကြည်၊ Dr.တင်သီရိနဲ့ ဝင်းခိုင်တို့ရဲ့ ပုဂံပန်းချီကားများကို ခံစားကြရမှာဖြစ်ပါတယ်။

ပန်းချီဆရာတွေဟာ ဒီပြပွဲကျင်းပနိုင်ဖို့အတွက် ၂၀၀၆ ခုနှစ် (၁၂) လပိုင်းက ပုဂံကို ကိုယ်တိုင်လေ့လာရေးထွက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

ပြပွဲတာဝန်ခံက မောင်ကျော်ခေါင်ဖြစ်ပြီး ဒီပွဲအတွက် လုပ်ငန်းရှင်အများအပြားက ကူညီပံ့ပိုးပေးတယ်လို့ သိရှိရပါတယ်။

	      ထူးခြားတာကတော့ ပြပွဲ pamphlet မှာ ဆရာကြီး ဇော်ဂျီရဲ့ “ရှေးခေတ်ပုဂံပြည်” ကဗျာထဲက 
				         “တရားငယ်မှန်
                                                     ရှင်မြတ်ကယ်ထေရ်အရဟံနဲ့
                                                     ပြည်ပုဂံနော်ရထာဘုန်းငယ့်ပြင်
                                                     ပြည်လုံးညီညာတော့
                                                     ဤကမ္ဘာမှာ
                                                     ပြည်မြန်မာရယ်လို့ ဝင်းခဲ့သတဲ့” . . . . . . . .
						     ဆိုတဲ့အပိုဒ်ကလေးထည့်ပေးထားတာပဲ ဖြစ်ပါတယ်။

ဒီပွဲမှာ ဆရာဦးမောင်မောင်သိမ်း(ပုသိမ်) ရဲ့ ပြောင်းလဲသွားတဲ့ Comtemporary ဆန်ဆန်လက်ရာကို တွေ့နိုင်ပါတယ်။ မြန်မာမိန်းမပျိုလေးတွေရဲ့ ဆင်ယင်ထုံးဖွဲ့မှုဟန်ကို Acrylic နဲ့ ဖန်တီးရေးဆွဲထားရာမှာ ကောက်ကြောင်းတွေကို အလေးထား ဖန်တီးထားခဲ့ပါတယ်။

ကိုသက်ရဲ့ Acrylic ကားကတော့ မယ်တော်မာယာ ဖွားတော်မူခန်းကို ပုဂံခေတ်နံရံ ပန်းချီတွေက ဟန်အပြည့်နဲ့ ရေးဆွဲတင်ပြထားတာ ဖြစ်ပါတယ်။ ကောက်ကြောင်းနဲ့ ကနုတ်တွေနဲ့ မှုန်းခြယ်တတ်တဲ့ ရှေးမြန်မာ ပန်းချီလက်ရာကို တွေ့ရှိနိုင်ကြမှာ ဖြစ်ပါတယ်။

ဦးသန်းဝင်းထွန်းကတော့ ပုဂံခေတ် အဆောက်အဦးတွေ၊ ဘုရား ပုထိုးတွေရဲ့ ခိုင်ခံ့အချိုးကျမှုကို ရေဆေးနဲ့ ဖေါ်ကျူးစုတ်ချက် သထားခဲ့ပါတယ်။ ပုဂံဘုရားကို Background မှာ Tone ခပ်လျော့လျော့နဲ့ စုတ်သွင်းပြီးမှ ရေညှိတက်နေတဲ့ မုဒ်ဦးကို Foreground မှာ Tone အပြည့်နဲ့ ဖန်တီး ရေးဆွဲထားတာ တွေ့ရပါတယ်။

ကိုကျော်ခေါင်ကတော့ ဓမ္မရံကြီး ဘုရားကို ခံစားကြည့်ရှုသူတွေနဲ့ အဝေးဆုံးမှာထားပြီး ဘုရားဆီကို တန်းစီသွားနေကြတဲ့ သီလရှင်တွေကို ကျောဘက်က မြင်ကွင်းနဲ့ ပန်ချီကားကို T ပုံသဏ္ဍာန်ဖွဲ့စည်းထားခဲ့ပါတယ်။ အလင်းကို အဝါ၊ ဝါလိမ္မော်တွေနဲ့ လင်းပေးထားတာကြောင့် ပူပြင်းတဲ့ နေရောင်ရဲ့ ရသပေါ်လွင်နေသလို ဓမ္မရံကြီးဘုရားဟာလည်း “ထုမှာဓမ္မရံ” ဆိုတဲ့ စာဆိုနဲ့အညီ ထုထည်ကောင်းကောင်းနဲ့ ဖွဲ့စည်းတင်ပြထားနိုင်ခဲ့ပါတယ်။

ကိုကိုအောင်ရဲ့ ဆီဆေးကားကတော့ ပုဂံဘုရားကို လှည်းတွေနဲ့ လာဖူးကြပြီး ဘုရားခြေရင်းမှာ လှည်းဝိုင်းချ ရပ်နားနေကြတာကို ခံစားရေးဖွဲ့ ထားတာ ဖြစ်ပါတယ်။ သစ်ရွက်သစ်ခက်တွေ ကြားကနေ ကျရောက်လာတဲ့ အလင်းဟာ လှည်းပေါင်းမိုးတွေနဲ့ နွားတွေရဲ့ ကျောပေါ်မှာ ကျရောက် နေတာကြောင့် လှုပ်ရှားသက်ဝေနေတဲ့ ပန်းချီကားတစ်ချပ်လို့ ဆိုရမှာပါပဲ။

လှိုဏ်ဂူတွေကြားထဲက ဗုဒ္ဓရုပ်ပွားတော်ဟာ ဂူထဲမှာ ရှိပေမယ့် အလင်းရောင် ရရှိနေသလို အပေါက်ဝက ဝင်လာတဲ့ အလင်းကလည်း ဘုရားဖူးတွေဆီမှာ ကျရောက်နေတာ တွေ့ရပါတယ်။ အလင်းအမှောင် Tone အဆင့်ဆင့်နဲ့ ဖွဲ့စည်းပြီး ဆွဲဆောင်မှု ပေးထားတာ တွေ့ရပါတယ်။

ဆီဆေးကို Color ဦးစားပေးရေးဖွဲ့တာကတော့ သန်းစိုးဖြစ်ပါတယ်။ သရပါ တံခါးကနေ ထွက်လာတဲ့ မြင်းလှည်းတွေနဲ့ တံခါးထဲဝင်နေမဲ့ လူတွေကို ဆန့်ကျင်ဘက် Direction နဲ့ တင်ပြထားတာဖြစ်ပါတယ်။ Subject အားကောင်းသလို Color Composition ကို ခပ်ရဲရဲ တင်ပြထားတာ တွေ့ရပါတယ်။

ဆရာဦးကြည်ဇော်ကတော့ အငြိမ်းစား ကျောင်းအုပ်ဆရာကြီး တစ်ဦးဖြစ်သလို ပန်းချီဆရာ၊ ဓါတ်ပုံဆရာ တစ်ဦးလည်း ဖြစ်ပါတယ်။ ဆရာ့ရဲ့ Acrylic ကားလေးကတော့ ပုဂံဘုရားဖူးတွေ မကြာခဏ မြင်တွေ့ရလေ့ရှိတဲ့ ဆိတ်တစ်အုပ်နဲ့ ဆိတ်ကျောင်းသားလေးကို Foreground မှာထားပြီး “ ဓမ္မံရံကြီးဘုရား” ကို Background မှာထားကာ စိတ်ဝင်စားအောင် ဖန်တီးစုတ်ချက် သထားခဲ့ပါတယ်။ သဘာဝကျတဲ့ ပုဂံဒေသ ရှုခင်းလေးပါပဲ။

Color တွေ အရောင်စုံစုံလင်လင်ကို ခပ်ရှင်းရှင်း Knife Works တွေနဲ့ ဖန်တီးပြီးမှ Subject တစ်ခုခုထည့်သွင်း ရေးဆွဲလေ့ရှိတဲ့ ဆရာမလေး ချင်းချင်းကတော့ ပုဂံခေတ် ဝတ်စားဆင်ယင်မှုနဲ့ မိန်းမပျိုတစ်ဦးကို Subject ယူပြီး လှုပ်လှုပ်ရှားရှား ဖန်တီးတင်ပြထားတာ တွေ့ရပါတယ်။ ချစ်စဖွယ် ပုဂံခေတ်ကားလေး တစ်ကားလို့ ဆိုရမှာပါ။ သူမရဲ့လက်ရာဟာ ပုဂံခေတ်နဲ့ မျက်မှောက်ခေတ်ကို ပေါင်းစပ်ဖွဲ့စည်းထားတယ် လို့လည်း ဆိုနိုင်ပါတယ်။

Dr.ခင်မေကြည်ကတော့ Realism ကားတွေကို စိတ်ရှည် လက်ရှည်နဲ့ ပီပီပြင်ပြင် မှုန်းခြယ်တတ်သူ ဖြစ်တာကြောင့် သူမရဲ့ ဆီဆေးကားလေးကလည်း ပုဂံဘုရားပွဲတစ်ခုမှာ လူတွေ မြင်းတွေနဲ့ စည်စည်ကားကား လှုပ်ရှားသွားလာ နေကြတာကို ပုဂံဘုရား နောက်ခံထားပြီး Composition ဖွဲ့ထားတာကြောင့် ပန်းချီကား ခံစားသူတွေကို ပုဂံဘုရားပွဲ ပို့ပေးမဲ့ ကားတစ်ကားလို့ သတ်မှတ် ဖြစ်ခဲ့ပါတယ်။

အခုနောက်ပိုင်းမှာ ပန်းချီလောကထဲကို စိတ်ဝင်တစား ဝင်ရောက် လာသူကတော့ Dr. တင်သီရိပဲ ဖြစ်ပါတယ်။ သူမရဲ့ ဆီဆေးကားကတော့ ရှေးဟောင်း ဘုရားတစ်ဆူရဲ့ မျက်နှာတော်ကို အနီးကပ်ဖူးတွေ့ရတဲ့ အမြင်နဲ့ ကောက်ကြောင်းတွေ ဦးစားပေး ဖေါ်ကျူးထားပြီးမှ ပန်းချီကားရဲ့ ဟန်ချက်ညီအောင် ရွှေဝါရောင် Knife works တွေ ဖြည့်ဆည်း ထည့်သွင်းထားတာ ဖြစ်ပါတယ်။ Brush work နည်းနည်းနဲ့ ဆွဲဆောင်မှုပေးနိုင်တဲ့ ကားဖြစ်တဲ့အပြင် Contemporary ဖြစ်တဲ့ကားလို့လည်း ဆိုရမှာပါ။

ဝင်းခိုင်ရဲ့ ရေဆေးကားလေး ကတော့ အလင်းအမှောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ Impression ကားဖြစ်ပါတယ်။ လှည်းနှစ်စီးဟာ ခပ်ဝေးဝေးက အလင်းမှုန်ပျပျ အောက်မှာ ရှိနေတဲ့ ပုဂံဘုရားတွေဆီကို သွားနေကြပြီး ခံစားသူတွေရဲ့ အနီးဆုံးမှာ လမ်းကိုထည့်သွင်း Composition ဖွဲ့စည်းထားတာ ကြောင့် လှည်းသွားရာနောက်ကို ခေါ်ဆောင်သွားတဲ့ ကားတစ်ကား ဖြစ်နေခဲ့ပါတယ်။ သစ်ခက်သစ်ရွက်တွေမှာ အလင်းအမှောင် Tone တွေကို ဖြည့်စွက်ထားပြီး အနီးကနေ တဖြည်းဖြည်းအဝေးကို လင်းသွားတာ တွေ့ရပါတယ်။

Bagan Art Show ဟာ နာမည်နဲ့လိုက်အောင် ပုဂံဘုရားတွေ၊ ပုဂံခေတ် ဝတ်စားဆင်ယင်မှုတွေ၊ နံရံပန်းချီတွေ ပုဂံဒေသမှာ မြင်တွေ့ရတဲ့ ရှုခင်းတွေနဲ့ ပန်းချီမြတ်နိုးသူတွေကို ပုဂံဒေသကို ခေါ်ဆောင် သွားနိုင်ခဲ့တဲ့ ပွဲကလေးတစ်ပွဲဆိုရင် မမှားပါဘူး။

ခင်သန်းဖြူ       
(Artist & Art Writer)
Back to Top
advertisements