Guest
 
 
₪ Art Article
ပန်းချီဆရာ အောင်မင်းရဲ့ performers များနဲ့ Nothing In??
written by : ခင်သန်းဖြူ
ပန်းချီ အကျော်အမော် (၆)ဦး ပူးပေါင်း လှုပ်ရှားသော December Lyric Art Exhibition (2008)
written by : ခင်သန်းဖြူ
လှိုက်လှဲစွာ ခံစားလိုက်ရတဲ့ "Sketch of Wathone"
written by : ခင်သန်းဖြူ
Artist လူမင်းရဲ့ ဖန်တီးမှု အသစ်များ
written by : ခင်သန်းဖြူ
ရင်ခုန်လှုပ်ရှားမှုတွေ ပေးတဲ့ စက်တင်ဘာ အရောင်များ
written by : ခင်သန်းဖြူ
Modern Artist မောင်ယုစိန်နှင့် မျိုးဆက်သစ်
written by : ခင်သန်းဖြူ
Colour Pattern တွေနဲ့ ဖောက်ထွက်လာတဲ့ ပန်းချီဆရာ ချမ်းငြိမ်းကျော်
written by : ခင်သန်းဖြူ
ဆရာကိုမောင်ကျော်သန်းရဲ့ တစ်ကိုယ်တော်ရေဆေးပြပွဲ
written by : ခင်သန်းဖြူ
Artist အောင်ကျော်ဆန်းရဲ့ “Orchestral Urban Life”
written by : ခင်သန်းဖြူ
Artist လှတင်ထွန်းရဲ့ “ Tour de L`Art ” ပြပွဲ
written by : ခင်သန်းဖြူ
title San Francisco မြို့ရှိ Hayward Art Council ရဲ့ “ New Members & Emerging Artist” ပွဲအတွက် ပန်းချီကား ရွေးချယ်ခံရတဲ့ Artist Dr. ထိန်ဝင်း
written by : ခင်သန်းဖြူ
“Going together paintings” Exhibition ကို ခံစားခြင်း
written by : ခင်သန်းဖြူ
ပံသုစန္ဒာ ပန်းချီပြခန်းပိုင်ရှင်ဆရာမဒေါ်ချိုချိုအောင် ရဲ့ Impression ပန်းချီကားများ
written by : ခင်သန်းဖြူ
Artist ဇော်မောင်ရဲ့ Horses & Flowers
written by : ခင်သန်းဖြူ
Alliance Francaise မှာ ခံစားလိုက်တဲ့ အလင်းရောင်ချဉ်းကပ်မှု ပန်းချီကားများ
written by : ခင်သန်းဖြူ
ပန်းချီမြတ်နိုးသူတွေကို ပုဂံဒေသအထိ ခေါ်ဆောင်သွားတဲ့ Bagan Art Show
written by : ခင်သန်းဖြူ
လောကနတ်ပန်းချီပြခန်း၏ (၃၄) ကြိမ်မြောက် ပန်းချီပြပွဲ
written by : ခင်သန်းဖြူ
အမျိုးသမီး ပန်းချီဆရာမ (၅၀) ပါဝင်ပြသထားတဲ့ Wings Art Exhibition
written by : ခင်သန်းဖြူ
Artist soe naing
written by : ခင်သန်းဖြူ
Polastifima Recent Painting
written by : ခင်သန်းဖြူ
Artist mya thaung
written by : ခင်သန်းဖြူ

₪ Show
Alliance Francaise မှာ ခံစားလိုက်တဲ့ အလင်းရောင်ချဉ်းကပ်မှု ပန်းချီကားများ

စက်တင်ဘာလ (၁၃) ရက်နေ့က ပြင်သစ်ယဉ်ကျေးမှုဌာနရှိ “Alliance Francaise Art Gallery ” မှာ ဆာဘီးယား ပန်းချီဆရာမ SUZANA VUCKOVIC ရဲ့ “Main Street (graphic art) ” ကို စတင်ဖွင့်လှစ် ပြသသွားခဲ့ပါတယ်။

ပန်းချီဆရာမဟာ ဆာဘီးယားနိုင်ငံရဲ့ ပန်းချီကျော်တစ်ဦးဖြစ်ပြီး “ Acade my for Pedagogics” “ The Faculty of Fine Arts” တို့ မှ ဘွဲ့ရရှိခဲ့ပြီး “ Multimedia ” Company မှာ graphic designer လုပ်နေခဲ့ပြီး The Faculty of Fine Arts-Graphics မှ Prfessor Nebojsa Radojev ရဲ့ အတန်းကနေ Master Course ကိုပြီး ဆုံးအောင် တတ်ခဲ့သူလည်း ဖြစ်ပါတယ်။ “သူမရဲ့ ဂရပ်ဖစ်အနုပညာလက်ရာတွေ အိမ်အတွင်းခန်းရဲ့ အပြင်အဆင် Interior Design တွေကို ပြတင်းပေါက်တွေ တံခါးတွေကျရောက်လာတဲ့ အလင်းအပေါ် ချဉ်းကပ်မှုပုံစံနဲ့ ဖန်တီး တင်ပြထားတာ တွေ့ရပါတယ်။

ဆာဘီးယားနိုင်ငံက Art Critic “ Ljubomir Gligorijevic” ကတော့ ပန်းချီကျော် Suzana Vuckovic ရဲ့အနုပညာလက်ရာတွေဟာ အတိတ်ကာလ အချို့မှ အတွင်း ကျကျ အစိတ်အပိုင်းများနှင့် ဝတ္ထုပစ္စည်းများ ဖြစ်ပြီး ရှေးယခင်ပိုင်ဆိုင်သူတို့၏ ရင်းနှီး ကျွမ်းဝင်သော လျှို့ဝှက်ရပ်တည်မှုနှင့် ၎င်းတို့၏ အတိတ်ကာလများကို ခံစားကြည့်နိုင် အောင် ဆရာမအနေဖြင့် ထိုဝတ္ထုပစ္စည်းများကို ကိုယ်စားပြုထားသည့် ဟန်လည်း ရှိပါသည်။ ၎င်းတို့ကွာလှမ်းသော ဟိုအဝေးတစ်နေရာအဖြစ် ရေးဆွဲထားသည်ကို တွေ့ရပါသည်။ ၎င်းအပြင်ပြတိုက်တွင် ပစ္စည်းများအဖြစ်သို့ ခံစားကြည့်နိုင်စေပြန်သည်။ လူပုံရိပ်များ လုံးဝမပါခြင်းသည် ပြတိုက်အတွင်းအထီးကျန်မှု လူသူကင်းမဲ့မှု အခြေအနေ ဖြစ်လုဆဲ ကာလကို ရေးပြထားသည်ဟု ဆိုနိုင်ပေသည် စတဲ့အချက်အလက်များအပါအဝင် ပန်းချီကားပေါ်မှာ သူခံစားမိတဲ့အချက်အလက်များစွာနဲ့ ဝေဖန်သုံးသပ်သွားတာ တွေ့လိုက်ရပါတယ်။

ကားကြီးတွေရော ကားသေးတွေမှာပါ အတွေးတွေထည့်ပေးထားတာကတော့ ဆရာမရဲ့အလင်းအပေါ် ချဉ်းကပ် ဖန်တီးထားမှုတွေပါပဲ။ ဒီကားတွေ မှာ Technique အနေနဲ့ “Etching” “Dry point” “ Aquatint” စတဲ့ နည်းပညာသုံးမျိုးကို အသုံးပြုဖန်တီးထားတယ်လို့ ဆိုပါတယ်။ ဒီအနုပညာတွေကို ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ အချိန်ကာလအတွင်း ဖန်တီးခဲ့တယ်လို့လည်း သိရှိရပါတယ်။ ပြခန်းထဲဝင်ဝင်ခြင်းစိတ်ဝင်စားမိတာကတော့ Entry လို့ အမည်ပေးထားတဲ့ ပန်းချီကားပါပဲ။ ဒီကားမှာ 6×8 cm အရွယ်အစားရှိပြီး Etching လို့ ခေါ်တဲ့ ကြေးပြားကို ငရဲမီးနဲ့စားပြီး ပုံဖော်တဲ့ နည်းစနစ်နဲ့ Aquatint လို့ခေါ်တဲ့ ရေနဲ့ အသုံးချရေးနည်းစနစ်တွေပေါင်းစပ်ဖန်တီးထားတယ်လို့ သိရပါတယ်။

ခံစားသူတွေနဲ့ အနီးကပ်ဆုံးနေရာမှာ လှေကားရင်းကို ထားရှိပေးထားတာကြောင့် ဒီလှေကားအတိုင်းလိုက်တက်သွားမိခဲ့ပါတယ်။ လူသူမရှိဘဲ တက်လာရတာက ငြိမ်သက် တိတ်ဆိတ်နေပြီး ဒီငြိမ်သက်တိတ်ဆိတ်မှုကပဲ စိတ်လှုပ်ရှားစေခဲ့ပါတယ်။ လှေခါးဘေး အမှောင်ခပ်ကျကျ နေရာမှာ ပိတ်ထားတဲ့ တံခါးရဲ့ နောက်ကွယ်မှာ လူရှိကောင်းရှိနိုင်ပါတယ်။ လှေကားရင်းမှာ အလင်း Tone များများတွေ့ရပြီး အပေါ်တက်လာတဲ့ တစ်ထစ်ပြီးတစ်ထစ် Lighting Tone က လျော့လျော့လာပါတယ်။

“Main Street” ကလည်း Etching နဲ့ Aquatint Technique တွေသုံးပြီး perspective နဲ့ ဖန်တီးပြုလုပ်ထားတဲ့ ကားပါပဲ။ အရွယ်အစားကတော့ 32×24 cm ပါ။ လမ်းကြားတစ်ခုနဲ့ စီတန်းနေတဲ့ တိုက်တွေကို perspective နဲ့ ရေးဆွဲထားပြီး Lighting ကို အပေါ်ကနေ ယူထားခဲ့ပါတယ်။ ငြိမ်သက်နေတဲ့ တိုက်တွေကို လှုပ်ခတ်သွားစေတာကတော့ ကားရဲ့ ဘယ်ဘက်ခြမ်း အစပ်လောက်မှာ တစ်စွန်းတစ်စထွက်နေတဲ့ သစ်ပင်ကအကိုင်း၊ အခက်၊ အရွက်တွေပါပဲ။ Etching နဲ့ Aquatint နည်းတွေနဲ့ပဲ ဖန်တီးထားတဲ့ view မှာတော့ အဖြူနဲ့အလင်းတွေရဲ့ အားပြိုင်မှုကို တွေ့ရှိရပါတယ်။

ဒီကားမှာ အိမ်ထဲကနေ ဝရန်တာကို လှမ်းမြင်နေရတဲ့ အနေအထားမျိုး Composition ဖွဲ့စည်း ထားပြီး တံခါးပေါက်ကြီးကနေ ဝင်လာတဲ့အလင်းဟာ ကြမ်းခင်းအဖြူနဲ့ အနက်ကွက်တွေ ပေါ်ကို ထိုးကျနေလာခဲ့ပါတယ်။ Dale Tone နဲ့ Light Tone ကို ယှဉ်တွဲထားသလို အဖြူနဲ့ အမဲကိုလည်း ယှဉ်တွဲထားတာကြောင့် Contrast ဖြစ်ပြီး အားချင်းပြိုင်နေတဲ့ ကားတစ်ကားကို ခံစားမိပါတယ်။ တဝက်တပြက် ဖွင့်ထားတဲ့ တံခါးမကြီးနဲ့ ပြူတင်းမှန်တွေကနေ ဝင်လာတဲ့ နေခြည်နုနုဟာ အိမ်ခန်းထဲကို ကျနေပြီး နွေးထွေးတဲ့နံနက်ခင်းအရသာလေးကို ခံစားမိတဲ့ကားကတော့ Morning ဖြစ်ပါတယ်။ သူမရဲ့ ကားအများစုဟာ Eaching နဲ့ Aquatint Technique တွေနဲ့ ရေးဆွဲဖန်တီးထားတာကြောင့် ဒီကားမှာလည်း ဒီနည်းစနစ်တွေကိုပဲ အခြေခံထားတာ တွေ့ရပါတယ်။

Art Critc “Ljubo mir Gligorijevic” ရဲ့သုံးသပ်ချက်အရ ပန်းချီလက်ရာတွေဟာ ၁၇ ရာစုနှစ်ရဲ့ ရိုးရာ အစဉ်အလာကိုဖော်ပြတဲ့ ဒတ်ခ်ျလူမျိုးတို့ရဲ့ အတွင်းခန်းကို ခေါ်ဆောင်သွားတာ ရှိတယ်ဆိုတာကြောင့် အရောင်အသွေးရော အပြင်အဆင်ပါ ရှေးရိုးဆန်နေတယ်လို့လည်း ခံစားမိပါတယ်။ ထူးထူးခြားခြား “Dry point” Technique နဲ့ ဖန်တီးတင်ပြထားတဲ့ ပန်းချီကား(၈)ကားကိုလည်း ပြသထားတဲ့ကားပေါင်း (၄၈) ကားထဲမှာ ကွဲထွက်တဲ့ပုံစံနဲ့တွေ့ရပါတယ်။ ဒီကားတွေကတော့ “Sunny Day” ၊ “ Vine” ၊ “Rest” ၊ “In the Court yart” ၊ “Terraces” ၊ “Willow” နဲ့ “ On the Kelemegdam” ကားတွေပဲ ဖြစ်ပါတယ်။ Dry Point ကိုကတော့ အပ်ခြောက်နည်းလို့ မြန်မာလိုပြန်ထားတာတွေ့ရပါတယ်။

ဒီ Technique ကတော့ ဆေးကို အစက်အပျောက်တွေ ပျံ့နှံ့ပြီး အခြောက်ခံရေးဆွဲထားဟန်ရှိပါတယ်။ “Sunny Day” ဟာ တောက်ပတဲ့ နေရောင်ခြည်တွေနဲ့ သာသာယာယာရှိတဲ့နေ့လေးတစ်နေ့ကို ဖန်တီးတင်ပြထားတာဖြစ်ပါတယ်။ ဒီကားလေးမှာစိတ်ဝင်စားမှုပေးထားတာကတော့ Dry point တွေရဲ့ ဖြာနေမှုပါပဲ။ထူးခြားတဲ့ Composition နဲ့ ဖန်တီးထားတဲ့ကားလေးကတော့ Vine ဖြစ်ပါတယ်။ စပျစ်ပင်တွေ နွယ်ယှက်နေတဲ့ အမိုးအောက်မှာ စားပွဲကုလားထိုင်ကိုထားပြီး အပေါ်ကကျလာတဲ့အလင်းကြောင့် ဖြစ်ပေါ်နေတဲ့ အရောင်၊ အရိပ်တွေကို Monotone နဲ့ဖော်ပြထားတာ ဖြစ်ပါတယ်။ Terrace ကတော့ အိမ်ထဲကနေ ဝရန်တာကို လှမ်းမြင်နေရတဲ့ မြင်ကွင်းတစ်ခုကို အလင်း Tone များများနဲ့ မှုန်းခြယ်ပြသထားတာပါ။

မီးအိမ်က အလင်းဟာ ဘေးက ပုလင်းတွေပေါ်မှာ ရောင်ပြန်အလင်းအနေနဲ့ ကျရောက်ဖန်တီးထားတဲ့ကားကတော့ Lamp ဖြစ်ပါတယ်။ ဒီကားကိုတော့ Erching နဲ့ Aquatint Technique တွေနဲ့ ဖန်တီးရေးဆွဲထားခဲ့ပါတယ်။ ဆာဘီးယားပန်းချီဆရာမ ရဲ့ ကားတွေဟာ တိတ်တိတ်ဆိတ်ဆိတ်ငြိမ်ငြိမ်သက်သက်ကလေးနဲ့ စိတ်လှုပ်ရှားမှု ပေးနိုင် ခဲ့သလို ပိတ်ထားတဲ့တံခါးတွေ၊ တဝက်တပြက်ဖွင့်ထားတဲ့ တံခါးတွေကနေလည်း သူမရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေရင်း အတွေးဆန့်စေခဲ့ပါတယ်။ သူမကားတွေရဲ့ အဓိက ဆွဲဆောင်နေတဲ့ ဇာတ်ကောင်ကတော့ အနုအရင့်နဲ့ ခံစားမှုပေးသလို တစ်ခါတစ်ရန်မှာ အဖြူရောင် သက်သက်နဲ့ ခံစားမှုပေးထားတဲ့ အလင်း Tone တွေပါပဲ။

ဒီကားကို ခြုံငုံသုံးသပ်ရရင်တော့ ဆရာမရဲ့ အလင်းကိုချဉ်းကပ်မှု (approach to light) ဟာ ပန်းချီကား ခံစားသူတွေဆီကိုပါ ပျံ့နှံ့ကူးစက်ပြီး အလင်းရောင်တွေရဲ့ လှုပ်ရှားမှုနဲ့အတူ မျောပါပြီး အတွေးတွေ ပျံ့ပွားလာစေခဲ့တယ်လို့ ပြောရမှာပဲဖြစ်ပါတယ်။

ခင်သန်းဖြူ       
(Artist & Art Writer)
Back to Top
advertisements