မကြာခင်က အရှေ့တိုင်းယဉ်ကျေးမှု ရိုးရာဓလေ့တွေနဲ့ Westernize ဖြစ်တဲ့ color တွေ brush works တွေ ရောမွှေ ဖန်တီးထားတဲ့ ပန်းချီကားတွေကို လောကနတ် ပန်းချီပြခန်းမှာ ခံစားလိုက်ရပါတယ်။ Artist ကိုဇော်မောင်ရဲ့ "Horses of Flowers" တစ်ကိုယ်တော်ပွဲပါ။
ပန်းချီကားတွေအားလုံးဟာ Gray တွေ ဖြစ်နေသလို အနားသတ် Line တွေကိုလည်း ခပ်ကြီးကြီး ထည့်ထားတာ တွေ့ရပါတယ်။ ထူးခြားတဲ့ ကိုယ်ပိုင်ဟန်တွေလို့ ဆိုရမှာပါပဲ။
ဒီပွဲမှာ ခံစားမိဆုံးကားတွေကို ပြပါဆိုရင်တော့ Horses Series ကားတွေကို ပြရမှာပါပဲ။ တောအုပ်ထဲက မြင်းလေးနှစ်ကောင်ကို Background အမျိုးမျိုး၊ Composition အမျိုးမျိုးနဲ့ ရေးဆွဲဖန်တီးထားတာဟာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
မြင်းတွေရေးဆွဲတဲ့ ကားတိုင်းဟာ သူတို့ရဲ့ အလျင်နှုန်းကို ဦးစားပေးပြီး ကဆုန်ပေါက် ပြေးလွှား နေတာကို စုတ်ချက်နဲ့ အမိဖမ်း ရေးဆွဲထားတဲ့ ကားတွေ များပါတယ်။ ဒါပေမယ့် Artist ဇော်မောင်ရဲ့ မြင်းတွေကတော့ ထူးထူးခြားခြားလေး ငြိမ်သက်ပြီး ဆွဲဆောင် နေကြပါတယ်။
နှစ်ကောင်တွဲပြီး စုတ်ချက်သထားပေမယ့် ခံစားသူတွေအတွက် ရွှင်ပြကြည်နူးမှု ပေးရမဲ့အစား ကြေကွဲလှိုက်လှဲ လာသလို ခံစားလိုက်ပါတယ်။ ရုပ်ချင်းအနေနီးပေမယ့် စိတ်ချင်းဝေးကွာ နေကြတာကို ပြောချင်တာလား?
"Horses in forest" မှာ Background ကို အနီမှိုင်းမှိုင်းခံထားပြီး မြင်းတွေမှာ Lighting ထည့်ထားပါတယ်။ ဒါပေမယ့် ခပ်ပါးပါးပါပဲ။ ဒီလိုအရောင် မှိုင်းမှိုင်းတွေကပဲ အဆွေးဓါတ်တွေ ၀င်နေတာထင်ပါရဲ့။
"Horses in the Green Fields" ကတော့ မြက်ခင်းပေါ်မှာ အစာစားနေတဲ့ မြင်းနှစ်ကောင်ကို စုတ်ချက် သထားပါတယ်။ တိတ်တိတ် ဆိတ်ဆိတ်နဲ့ ငြိမ်ငြိမ် သက်သက်ကလေး မြက်စားနေတဲ့ မြင်းနှစ်ကောင်ကတော့ အသံမဲ့စကားတွေ ပြောနေ ကြပါတယ်။ မြက်ခင်းကလည်း ခပ်မှိုင်းမှိုင်း အစိမ်းရောင်ပါ။
"Horses in forest" မှာတော့ လှုပ်လှုပ်ရှားရှားလေး ဖြစ်နေတဲ့ မြင်းနှစ်ကောင်ပေါ့။ Brush Works တွေကလည်း ခပ်သွက်သွက်ကလေးနဲ့ color လေး နည်းနည်း လွင်လာတာ တွေ့ရပါတယ်။ ဦးတည်ရာ တစ်ခုကို သွားနေကြဟန်ပါပဲ။ ညှိနှိုင်းလို့ ရသွားပြီ ထင်ပါရဲ့။
"The Last Train Home" ကတော့ ရထားတစ်စီးပြေးနေတာကို သစ်ပင်တွေကြားထဲက မြင်နေရတဲ့ ဟန်မျိုးဖန်တီးထားတာ တွေ့ရပါတယ်။ အင်ဒီဝါးဟိုးရဲ့ Composition မျိုးဆန်ဆန် subject ရှေ့မှာ သစ်ပင်တွေပိတ်ပြီး ရေးဆွဲထားခဲ့ပါတယ်။ ဒီကားလေးကလည်း လွမ်းမောဖွယ်ရာ ခံစားစေခဲ့ပါတယ်။
"The Two Great Lions" ကတော့ ဘုရားရှေ့မှာတွေမှာ မြင်တွေ့ရတတ်တဲ့ ခန့်ငြားတဲ့ ခြင်္သေ့ကြီး နှစ်ကောင်ကို Subject ယူပြီး Cubism ဆန်ဆန် Composition ချထားတာ ဖြစ်ပါတယ်။
ဘုရားကျောင်းကန်တွေမှာ ဆရာဦးပေါ်ဦးသက်ရဲ့ influence ၀င်နေလားလို့ တွေးမိပြီး Artist ကိုမေးကြည့်တော့ "ကျွန်တော်က မန္တလေးသားဆိုတော့ သွေးသားထဲမှာကိုက မြန်မာမှုနဲ့ဆိုင်တာ တစ်လျှောက်လုံး ရှိနေတယ်လေ။ မြန်မာမှုနဲ့ ပတ်သတ်တဲ့ ပန်းချီကို ဖေါ်ပြမယ်ဆိုရင် ရိုးရာဆန်တဲ့ ဆရာပေါ်(ပေါ်ဦးသက်) တို့ ဘဏ်ဦးခင်မောင်တို့ လမ်းကြောင်းပေါ်ကသွားတာ ပိုပြီး စေးစေးပိုင်ပိုင်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဆရာပေါ်ကိုလည်း ကျေးဇူးတင်ပါတယ်" လို့ ပြောပြခဲ့ပါတယ်။
သူ့ကားတွေထဲမှာ "Bob Dylands music barcode" လို့ အမည်ပေးထားတဲ့ကားလေး တစ်ကားလည်း တွေ့မိတော့ Rock ဂီတကို မြတ်နိုးသူလားလို့ မေးကြည့်ဖြစ်ပါတယ်။ Bob Dyland ဆိုတာဟာလည်း Rock ရဲ့ Pioneer တစ်ဦးပေကိုး။
ဒီတော့ ကိုဇော်မောင်က Rock ဆိုတာထက် Bob Dyland ကို ပိုပြီးနှစ်သက် တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်၊ ကျွန်တော်တို့ဆီမှာ အသက်ကြီးလာရင် ဂီတလောက ကနေ နားသွားကြတာ များတယ်။ Bob Dyland ကတော့ အခုထိ ဂစ်တာတစ်လုံးနဲ့ တီးနေတာ တွေ့ရတုန်း၊ သူ့အနုပညာအပေါ် ခုံမင်နေတာပေါ့။ ကျွန်တော့မှာ Bob Dyland ရဲ့ Umplgue Original လည်းရှိတော့ သူ့ရဲ့ barcode ကိုဆွဲချင်လာတာနဲ့ ဆွဲလိုက်တာပါပဲ။ Design သဘောဖြစ်အောင် ခပ်စောင်းစောင်းလေး ဆွဲလိုက်တာပါ လို့ ဖြေရှင်းပါတယ်။
နောက်နှစ်သက်မှု ရရှိလိုက်တဲ့ကားကတော့ "The Village Childrens" လို့အမည်ပေးထားတဲ့ ကားဖြစ်ပါတယ်။ ကလေးတို့ရဲ့ သဘာဝ ကြံကြံဖန်ဖန် ဆော့တတ်တဲ့ စရိုက်ကလေးကို ပန်းချီဆရာက impression နဲ့ဖန်တီးထားပုံ ရပါတယ်။ နွားရဲ့ ကျောပေါ်မှာ တစ်ယောက်၊ နွယ်ဖက်တွယ် ထားတာက တစ်ယောက်၊ ကလေးနှစ်ယောက် နွားပေါ်တက်ဆော့ နေကြတဲ့ မြင်ကွင်းလေးကို နွားစာခွက်တွေ၊ ခွေးတွေနဲ့ ဖြည့်ဆည်းပြီး Composition လှအောင် တင်ပြထားတာ တွေ့ရပါတယ်။
Color ကတော့ ဖန်တီးသူအကြိုက် ခပ်မှိုင်းမှိုင်းပါပဲ။ မြန်မာ့ကျေးရွာ ဓလေ့စရိုက် ကလေးကို ပီပီပြင်ပြင် ဖေါ်ကျူးနိုင်တဲ့ ကားတစ်ကားလို့ ဆိုရမှာပါပဲ။
ဘာကြောင့်မှန်းမသိပဲ ခြောက်ခြောက် ခြားခြားလေး ဖြစ်သွားစေခဲ့တဲ့ ကားကတော့ "The yellow Shirt" ပန်းချီကားပါ။ အစိမ်းခပ်မှိုင်းမှိုင်းပေါ်မှာ ရှပ်အင်္ကျီ ပိတောက်ခြောက်ရောင် တစ်ထည်ကို ရေးဆွဲထားတာ ဖြစ်ပါတယ်။ ခပ်မှိုင်းမှိုင်းကားတွေထဲမှာ ပိတောက် ခြောက်ရောင်လို ပေါ်လွင်တဲ့ color ကြောင့်ပဲလား၊ စိတ်လှုပ်ရှား သွားခဲ့တာကတော့ အမှန်ပါပဲ။
ကျောဘက်ကို ပြန်အလှည့် လိုက်မှာတော့ စိတ်နှလုံးငြိမ်းချမ်း သွားပါတယ်။ အစိမ်း၊ နီညို နဲ့ ရွှေရောင်တို့ကို လှလှပပလေး ဖွဲ့စည်းပြီး ဘာသာတရားနဲ့ အေးချမ်းမှုပေးတဲ့ Damma ပန်းချီကားကြောင့်ပါပဲ။
ကျေးဇူးပါပဲ ဆရာ ကိုဇော်မောင်၊ လေးနက်တဲ့ ခံစားမှုတွေ အမျိုးမျိုးပေးနိုင်စွမ်းရှိတဲ့ အတွက်ပါ။ ဆရာသုံးထားတဲ့ line တွေ color တွေက ဆရာ့ art works တွေကို ပိုပြီး လေးနက်သွားစေခဲ့တာပါပဲ။
|