Guest
 
 
₪ Art Article
ပန်းချီဆရာ အောင်မင်းရဲ့ performers များနဲ့ Nothing In??
written by : ခင်သန်းဖြူ
ပန်းချီ အကျော်အမော် (၆)ဦး ပူးပေါင်း လှုပ်ရှားသော December Lyric Art Exhibition (2008)
written by : ခင်သန်းဖြူ
လှိုက်လှဲစွာ ခံစားလိုက်ရတဲ့ "Sketch of Wathone"
written by : ခင်သန်းဖြူ
Artist လူမင်းရဲ့ ဖန်တီးမှု အသစ်များ
written by : ခင်သန်းဖြူ
ရင်ခုန်လှုပ်ရှားမှုတွေ ပေးတဲ့ စက်တင်ဘာ အရောင်များ
written by : ခင်သန်းဖြူ
Modern Artist မောင်ယုစိန်နှင့် မျိုးဆက်သစ်
written by : ခင်သန်းဖြူ
Colour Pattern တွေနဲ့ ဖောက်ထွက်လာတဲ့ ပန်းချီဆရာ ချမ်းငြိမ်းကျော်
written by : ခင်သန်းဖြူ
ဆရာကိုမောင်ကျော်သန်းရဲ့ တစ်ကိုယ်တော်ရေဆေးပြပွဲ
written by : ခင်သန်းဖြူ
Artist အောင်ကျော်ဆန်းရဲ့ “Orchestral Urban Life”
written by : ခင်သန်းဖြူ
Artist လှတင်ထွန်းရဲ့ “ Tour de L`Art ” ပြပွဲ
written by : ခင်သန်းဖြူ
title San Francisco မြို့ရှိ Hayward Art Council ရဲ့ “ New Members & Emerging Artist” ပွဲအတွက် ပန်းချီကား ရွေးချယ်ခံရတဲ့ Artist Dr. ထိန်ဝင်း
written by : ခင်သန်းဖြူ
“Going together paintings” Exhibition ကို ခံစားခြင်း
written by : ခင်သန်းဖြူ
ပံသုစန္ဒာ ပန်းချီပြခန်းပိုင်ရှင်ဆရာမဒေါ်ချိုချိုအောင် ရဲ့ Impression ပန်းချီကားများ
written by : ခင်သန်းဖြူ
Artist ဇော်မောင်ရဲ့ Horses & Flowers
written by : ခင်သန်းဖြူ
Alliance Francaise မှာ ခံစားလိုက်တဲ့ အလင်းရောင်ချဉ်းကပ်မှု ပန်းချီကားများ
written by : ခင်သန်းဖြူ
ပန်းချီမြတ်နိုးသူတွေကို ပုဂံဒေသအထိ ခေါ်ဆောင်သွားတဲ့ Bagan Art Show
written by : ခင်သန်းဖြူ
လောကနတ်ပန်းချီပြခန်း၏ (၃၄) ကြိမ်မြောက် ပန်းချီပြပွဲ
written by : ခင်သန်းဖြူ
အမျိုးသမီး ပန်းချီဆရာမ (၅၀) ပါဝင်ပြသထားတဲ့ Wings Art Exhibition
written by : ခင်သန်းဖြူ
Artist soe naing
written by : ခင်သန်းဖြူ
Polastifima Recent Painting
written by : ခင်သန်းဖြူ
Artist mya thaung
written by : ခင်သန်းဖြူ

₪ Show
ပံသုစန္ဒာ ပန်းချီပြခန်းပိုင်ရှင် ဆရာမ ဒေါ်ချိုချိုအောင် ရဲ့ Impression ပန်းချီကားများ


Artist ချိုချိုအောင်ဟာ မန္တလေးက ပံသုစန္ဒာပန်းချီပြခန်း ပိုင်ရှင် တစ်ဦးဖြစ်သလို မြန်မာနိုင်ငံရဲ့ပထမဆုံး Impressionist ပန်းချီဆရာကြီးလို့ ဆိုရမဲ့ နိုင်ငံကျော် ပန်းချီဆရာကြီး ဦးအောင်ခင်ရဲ့သမီးတစ်ဦးလည်း ဖြစ်ပါတယ်။

ဆရာကြီး ဦးအောင်ခင်ဟာ ကိုယ်တိုင်ပန်းချီကို မြတ်မြတ်နိုးနိုး ရေးဆွဲသလို သမီးတွေကိုလည်း လွတ်လွတ်လပ်လပ် ရေးဆွဲနိုင်အောင် မြေဖြူတွေ၊ မီးသွေးခဲတွေ ထားပေးပြီး အိမ်နံရံတွေ တံခါးတွေမှာ စိတ်ထဲရှိသလို လွတ်လွတ်လပ်လပ် ပန်းချီရေးဆွဲခွင့် ပေးထားပြီး သူတို့ ရေးဆွဲတဲ့ ကားတွေ အပေါ်မှာ ဝေဖန်ချက် ကလေးတွေ ပေးတတ်တယ်လို့ ဆိုပါတယ်။ နိုင်ငံကျော် Impressionist ပန်းချီဆရာကြီး ဦးအောင်ခင်ရဲ့ ဗီဇပါလာတဲ့ အပြင်၊ မီးသွေးနဲ့ နံရံပေါ်မှာ ရေးဆွဲခွင့် ရခဲ့တဲ့ ဓလေ့လေးတွေကလည်း Artist ချိုချိုအောင် ဖြစ်လာခဲ့တယ် ဆိုရင် မမှားပါဘူး။ သူမက “တစ်ရက်မှာ နံရံပေါ်မှာ ကျွန်မရေးဆွဲ ထားတဲ့ ပုံတစ်ပုံကို အဖေက “ ဒါဘယ်သူရေးသလဲ ” လို့မေးခွန်းထုတ်တော့ အဖေ့ကို ကြောက်စိတ်နဲ့ မှားသွားပြီလားလို့ ဆိုပြီး ရှေ့မထွက်ရဲခဲ့ဘူး။ နောက်တစ်ခါ ထပ်မေးမှ ကြောက်ကြောက်နဲ့ “ ကျွန်မပါ ” လို့ဖြေလိုက်တော့ မယုံနိုင်လောက်အောင် ရွှင်လန်း တက်ကြွတဲ့ အပြုံးနဲ့ “ သိပ်ကောင်းတဲ့ပုံပဲ၊ တစ်ချက်တည်း တစ်ကြောင်းတည်းဆွဲပြီး တစ်ခါတည်း ပုံတစ်ပုံရဖို့ဟာ ဘယ်လွယ်မလဲ၊ ဆက်ရေးပါ ” လို့ပြောလိုက်တဲ့အခါမှာ ခံစားရတဲ့ရင်ထဲက ပီတိဟာ ဘာနဲ့မှ နှိုင်းဆလို့ မရလောက်အောင် ပါပဲ”လို့ပြောပြခဲ့ ပါတယ်။ ဒီပီတိ ကလေးဟာလည်း သူမအတွက် တွန်းအား တစ်ခုလို့ ဆိုရမှာပါ။

Artist ချိုချိုအောင်ဟာ ဒီအချိန်ကစပြီး ပန်းချီတွေ ရေးဆွဲလာခဲ့ရာမှာ ၁၉၆၁ ကနေ ၁၉၆၅-ခုနှစ်အထိ ရှန်ကာ ကလေးပန်းချီဆုတွေ ရရှိခဲ့သလို ၁၉၆၂မှာ ပိုလန်မှ၎င်း၊ ၁၉၆၉မှာ ဆိုဗီယက် ပြည်ထောင်စုမှလည်း ဆုများရရှိခဲ့ပြီး ၁၉၇၀ ပြည့်နှစ်မှာတော့ မြန်မာတစ်ပြည်လုံး ပထမဆု ရရှိခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေး ပန်းချီပြပွဲများစွာမှာ ပါဝင် ပြသခဲ့တဲ့ အပြင် ပန်းရိုးမ ပြက္ခဒိန် တွေမှာလည်း ပါဝင် ရေးဆွဲခွင့် ရရှိခဲ့ပါတယ်။ ၁၉၉၉-ခုနှစ်က မန္တလေးမြို့ ဓမ္မသေလာ ခန်းမမှာ ပြုလုပ်ခဲ့တဲ့ “ MAD ” ပန်းချီပြပွဲက စတင်ပြီး “ MAD ”( Modern Art Development ) အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။

၂၀၀၀ပြည့်နှစ် လောကနတ် ပန်းချီပြခန်း (ရန်ကုန်) မှာပြုလုပ်တဲ့ မြန်မာအမျိုးသမီးများ၏ ပန်းချီပြပွဲမှာ ပါဝင်ပြသခဲ့တဲ့ အပြင် ဒီပွဲအတွက် ထုတ်တဲ့ ပြက္ခဒိန်မှာလည်း သူမပုံ ပါဝင်ခဲ့ပါ သေးတယ်။ လက်ရှိ အချိန်မှာတော့ ဖခင် တည်ထောင်ခဲ့တဲ့ ပံသုစန္ဒာပန်းချီပြခန်းကို ခေတ်မှီ တိုးတက်တဲ့ ပြင်ဆင် ဖွဲ့စည်းမှုတွေနဲ့ ဆက်လက် ထိန်းသိမ်းရင်း ကလေးပန်းချီ သင်တန်းကို ဖွင့်လျှက် ရှိသလို အခါအား လျော်စွာ ကျင်းပတဲ့ ပန်းချီပြပွဲများနဲ့ Performance Art Show တွေမှာလည်း ပါဝင်လျက် ရှိနေပါတယ်။ သူမရဲ့လက်ရာတွေဟာ ဖခင်ရဲ့Impressionism ပန်းချီရေးချက်များ နွယ်နေသလို အားရှိတဲ့ စုတ်ချက်တွေနဲ့ ကိုယ်ပိုင်ဟန်တွေလည်း များစွာ ပါဝင်နေတာတွေ့ရပါတယ်။ “ပေါက်ပန်းရာသီ ”လို့အမည်ပေးထားတဲ့ ဆီဆေးကားမှာ အညာဒေသရဲ့ ပူပြင်းတဲ့ နေရောင်ခြည်အောက်မှာ ရဲရဲတင်းတင်း ပွင့်နေနိုင်ကြတဲ့ ပေါက်ပန်း နီနီရဲရဲတွေရဲ့ ရဲရင့်တက်ကြွမှုကို တွေ့မြင် နိုင်ကြပါတယ်။

ပူပြင်းတဲ့ နေရောင်ခြည်ကို လိမ္မော်ဝါနဲ့ Lighting ပေးထားတဲ့ စုတ်ချက်တွေဟာ ပေါက်ပန်းနီနီတွေပေါ်မှာ ကျရောက် နေတာကြောင့် ပေါက်ပန်းတွေ ရဲ့ရဲရင့် ဝင့်ကြွားမှုက ပိုမို ပေါ်လွင်နေခဲ့ပါတယ်။ Foreground က သစ်ပင်စိမ်းစိမ်းလေး တစ်ပင် ထည့်ထားတာကြောင့်လည်း ပန်းချီကားဟာ Contrast ဖြစ်နေပြီး ဆွဲဆောင်မှုအား ကောင်းလာခဲ့ပါတယ်။ “ရန်ကင်းတောင်” မှာတော့ Impression စုတ်ချက်တွေ တစ်ထပ်ပြီး တစ်ထပ် ဖန်တီးရင်း Perspective ပါအောင် ဖွဲ့စည်း ရေးဆွဲ ထားတာတွေ့ရပါတယ်။ Background မှာ မိုးကောင်းကင်ကို နောက်ခံထားပြီး ခရမ်းဖျော့ဖျော့နဲ့ တောင်တန်း အထပ်ထပ်ထဲက ထားပြီးMiddleground မှာတော့ စိမ်းဖျော့ဖျော့ တောင်ကုန်းနဲ့ ဝါပြေပြေ လွင်ပြင်မှာ ပေါက်နေတဲ့ သစ်ပင်တွေကို ရေးဖွဲ့ထားပါတယ်။ စိုက်ခင်းနီနီ၊ စိမ်းစိမ်းတွေနဲ့ ခြုံနွယ်ပင်လေးတွေ ကတော့ Foreground မှာခပ်ရဲရဲ Brush Works တွေနဲ့ ဖန်တီး ရေးဆွဲ ထားတာကြောင့် အနီးအဝေးPerspective တွေ ပေါ်လွင် နေပြီး လွမ်းမောဖွယ်ရာ ပန်းချီကား လေးတစ်ချပ် ဖြစ်လာခဲ့ပါတယ်။

နွေရာသီရဲ့တောက်လောင် ပူပြင်းမှုကို အမောအပမ်းပြေ သောက်စရာ အုန်းမှုတ်ခွက် ရေမှုတ်ကလေး တပ်ထားတဲ့ သောက်ရေအိုး တစ်လုံးနဲ့ ပြေပျာက်မှု ပေးထားတဲ့ ကားလေးကတော့ “နွေ” ဖြစ်ပါတယ်။ ပြာလဲ့လဲ့ မိုးကောင်းကင်မှာ နေရာင်ခြည်တစ်ချို့ထည့်ထားပြီး စပါးပင်တွေပေါ်မှာတော့ အဝါပေါ်မှာ ကျနေတဲ့ နေအရှိန်ရဲ့ ပူပြင်းမှု ပေါ်လွင်အောင် လိမ္မော် အထိ တက်ပြီး Lighting ပေးထားတာကြောင့် တငြီးငြီး တောက်လောင်နေတဲ့ အပူငွေ့ဟပ်သလို ခံစားနိုင်ကြပါတယ်။ ရွက်ကလေး၊ လေး ငါးရွက်သာကျန်တဲ့ တစ်ပင်တည်းသော သစ်ပင်ကြီးကလည်း အပူငွေ့တွေထဲမှာ အထီးကျန်မှုကိုပါ ထပ်ဆင့် ခံစားစေခဲ့ပါတယ်။

ဒီပူလောင်မှု၊ အထီးကျန် ဆန်မှုတွေနဲ့ မောပန်းနွမ်းနွယ်မှုတွေကို ဖြေဖျောက် ပေးခဲ့တာကတော့ စပါးပင်ရဲ့ပင်ခြေ စိမ်းစိမ်းတွေနားက သောက်ရေအိုးလေး တစ်လုံးပါပဲ။ ဒီရေအိုးလေး တစ်လုံး ထည့်ထားတာကြောင့် ပူပြင်း နွမ်းနယ်မှုတွေဟာ ချက်ခြင်း ပြေပျောက်သွားပြီး ရေမှုတ်ထဲက ရေအေးအေးလေး တစ်ခွက် သောက်လိုက်ရသလို ပန်းချီကားကို ခံစားရင်း ရင်ထဲမှာပါ အေးမြလို့လာခဲ့ပါတယ်။ ကမ္ဘာကျော် Impressionist ဗင်းဆင့်ဗင်ဂိုး ( Vincentvan Gogh )ရဲ့ခပ်ကြမ်းကြမ်း impression စုတ်ချက်တွေလို ခံစားမှု ခပ်ပြင်းပြင်းလေး ပေးထားတာကတော့ “ပန်းခူးသူ”ပါပဲ။ ဒီကားကိုတော့ အလင်းအမှောင် Tone တွေနဲ့ဖွဲ့စည်းထားတာ တွေ့ရပါတယ်။ မန္တလေးသူဖြစ်လို့၊ မန္တလေးရဲ့အညာနွေဟာ သူမရင်ထဲမှာ အမြဲခံစား နေရလေ သလားလို့ တွေးထင် မိစေတာ ကတော့ ခပ်ဝေးဝေးက အပင်တွေပေါ်မှာ ကျရောက်နေတဲ့ အဝါရောင် အလင်းထိနေတဲ့ Brush Works တွေပါပဲ။

အစိမ်းရောင် ပန်းပင်တွေမှာ အမှောင်Tone ဖြည့်ထားပြီးမှ အနီရောင် ပန်းပွင့်တွေကို ခရမ်းရိပ်တွေနဲ့ ဖြေထားပြီး ဖန်တီးထားတာ တွေ့ရပါတယ်။ ခံစားသူနဲ့ အနီးဆုံးမှာတော့ ပန်းခူးနေတဲ့၊ ပန်းတွေ တပွေ့တပိုက်ကြီးနဲ့ မိန်းမပျို တစ်ဦးနဲ့ ပန်းခြင်းတောင်းတွေ ချပေးထားတာကြောင့် ကိုယ်ကိုယ်တိုင် ပန်းတွေခူးပြီး ခြင်းတောင်းထဲ ထည့်ချင်လာအောင် ဆွဲဆောင်မှု ပေးနေခဲ့ပါတယ်။ သစ်ကိုင်း ခြောက်တွေသာ ကျန်နေတဲ့ သစ်ပင်တွေ တစ်ဘက်တစ်ချက်က အကိုင်းအခက်တွေ ရောယှက်ပြီး လမ်းကလေးကို အုပ်မိုးနေတာကတော့ “ လမ်း ” လို့ အမည်ပေးထားတဲ့ ဆီဆေး ကားလေးပါပဲ။ အရွက်မဲ့ သစ်ကိုင်းတွေက နေဖောက်ပြီး ကျလာတဲ့ နေရောင်ခြည်ဟာ လမ်းကလေးကို ဝင်းလက် တောက်ပ နေခဲ့ပါတယ်။ ဒီတောက်ပနေတဲ့ လမ်းကလေး ပေါ်မှာတော့ သစ်ပင်တွေရဲ့ ခရမ်းရိပ်တွေနဲ့ အပူအားကို လျှော့ပေးထားပါတယ်။

ပင်စည်တွေကို Knife နဲ့ဖန်တီးရေးဆွဲထားတာကြောင့် ပင်စည်ရဲ့ ထုထည်ဟာ ပိုပြီး အားကောင်းလာတာ တွေ့ရပါတယ်။လူသူ ကင်းမဲ့နေတာကြောင့်လည်း လွမ်းမောတသ ဖွယ်ရာလမ်း ကလေးအဖြစ် ခံစားမှု ပေးနိုင်ခဲ့ပါတယ်။

Artist ချိုချိုအောင်ရဲ့ပန်းချီကားတွေကသာ ခံစားမှု ပေးနိုင်ခဲ့တာ မဟုတ်ပါဘူး။ သူမကိုယ်တိုင် အနုပညာ မျိုးဆက်တစ်ဦး အနေနဲ့ သူမစိတ်ကြိုက် ဖန်တီးထားတဲ့ သူမဘဝကလည်း ကြည်နူးဖွယ်ရာ အားကျဖွယ်ရာ ဘဝမျိုးလို့ ဆိုရမှာပါ။ ဖခင်ရဲ့အမွေအနှစ် ဖြစ်တဲ့Impression ကားတွေ၊Abstract ကားတွေ ရေးဆွဲရင်း၊ အခါအားလျော်စွာ ပြုလုပ်ကျင်းပတဲ့ performance ပွဲတွေမှာ ပါဝင် လှုပ်ရှားရင်း၊ နောင်လာမဲ့ မျိုးဆက်သစ် ကလေးများစွာကို ပန်းချီ သင်ကြားပေးရင်း သူမဘဝကို မြှုပ်နှံထားတဲ့ “ ပံသုစန္ဒာ ” လာရောက်သူတိုင်းကို ပျော်ရွှင်ကြည်နူးမှုတွေ ပေးနေသလို အနုပညာရှင်ပေါင်း များစွာကိုလည်း မွေးထုတ် ပေးနေဆဲပါပဲ။

Back to Top
advertisements