Guest
 
 
₪ Art Article
ပန်းချီဆရာ အောင်မင်းရဲ့ performers များနဲ့ Nothing In??
written by : ခင်သန်းဖြူ
ပန်းချီ အကျော်အမော် (၆)ဦး ပူးပေါင်း လှုပ်ရှားသော December Lyric Art Exhibition (2008)
written by : ခင်သန်းဖြူ
လှိုက်လှဲစွာ ခံစားလိုက်ရတဲ့ "Sketch of Wathone"
written by : ခင်သန်းဖြူ
Artist လူမင်းရဲ့ ဖန်တီးမှု အသစ်များ
written by : ခင်သန်းဖြူ
ရင်ခုန်လှုပ်ရှားမှုတွေ ပေးတဲ့ စက်တင်ဘာ အရောင်များ
written by : ခင်သန်းဖြူ
Modern Artist မောင်ယုစိန်နှင့် မျိုးဆက်သစ်
written by : ခင်သန်းဖြူ
Colour Pattern တွေနဲ့ ဖောက်ထွက်လာတဲ့ ပန်းချီဆရာ ချမ်းငြိမ်းကျော်
written by : ခင်သန်းဖြူ
ဆရာကိုမောင်ကျော်သန်းရဲ့ တစ်ကိုယ်တော်ရေဆေးပြပွဲ
written by : ခင်သန်းဖြူ
Artist အောင်ကျော်ဆန်းရဲ့ “Orchestral Urban Life”
written by : ခင်သန်းဖြူ
Artist လှတင်ထွန်းရဲ့ “ Tour de L`Art ” ပြပွဲ
written by : ခင်သန်းဖြူ
title San Francisco မြို့ရှိ Hayward Art Council ရဲ့ “ New Members & Emerging Artist” ပွဲအတွက် ပန်းချီကား ရွေးချယ်ခံရတဲ့ Artist Dr. ထိန်ဝင်း
written by : ခင်သန်းဖြူ
“Going together paintings” Exhibition ကို ခံစားခြင်း
written by : ခင်သန်းဖြူ
ပံသုစန္ဒာ ပန်းချီပြခန်းပိုင်ရှင်ဆရာမဒေါ်ချိုချိုအောင် ရဲ့ Impression ပန်းချီကားများ
written by : ခင်သန်းဖြူ
Artist ဇော်မောင်ရဲ့ Horses & Flowers
written by : ခင်သန်းဖြူ
Alliance Francaise မှာ ခံစားလိုက်တဲ့ အလင်းရောင်ချဉ်းကပ်မှု ပန်းချီကားများ
written by : ခင်သန်းဖြူ
ပန်းချီမြတ်နိုးသူတွေကို ပုဂံဒေသအထိ ခေါ်ဆောင်သွားတဲ့ Bagan Art Show
written by : ခင်သန်းဖြူ
လောကနတ်ပန်းချီပြခန်း၏ (၃၄) ကြိမ်မြောက် ပန်းချီပြပွဲ
written by : ခင်သန်းဖြူ
အမျိုးသမီး ပန်းချီဆရာမ (၅၀) ပါဝင်ပြသထားတဲ့ Wings Art Exhibition
written by : ခင်သန်းဖြူ
Artist soe naing
written by : ခင်သန်းဖြူ
Polastifima Recent Painting
written by : ခင်သန်းဖြူ
Artist mya thaung
written by : ခင်သန်းဖြူ

₪ Show
Artist လှတင်ထွန်းရဲ့ “ Tour de L' Art ” ပြပွဲ


Artist လှတင်ထွန်းရဲ့ “ Tour de L' Art ” လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲကို ဇန်နဝါရီလ (၁၇) ရက်ကနေ (၂၁) ရက်နေ့အထိ သမ္မတဟိုတယ်မှာ ကျင်းပသွားခဲ့ပါတယ်။ ပန်းချီဆရာ လှတင်ထွန်းရဲ့ အမည်ရင်းဟာ ဦးသန့်ဇင်ဖြစ်ပြီး ပန်းချီစာအုပ်များ ရေးသား ရာမှာ ကလောင် အမည် “ဝင်းပ” အဖြစ် သုံးခဲ့တာကြောင့် သုံးမည်ရ ပန်းချီဆရာလို့လည်း ခေါ်ဆို ခဲ့ကြပါတယ်။

“ Tour de L' Art ” ဆိုတာကတော့ ပြင်သစ် ဘာသာနဲ့ “ ပန်းချီခရီးသည် ” လို့ ရေးထားတာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ နှစ်နှစ်ကြာ ပညာယူ လေ့လာသင်ကြား ခဲ့ရတာကြောင့် ပြင်သစ်ဘာသာနဲ့ အမှတ်တရ ပြပွဲအမည် ပေးထားခဲ့ပုံရပါတယ်။

ဆရာ့ရဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲကို မြန်မာနိုင်ငံမှာ ၁၉၆၄ ခုနှစ်မှာ ပထမဆုံးအကြိမ် အဖြစ်သာ ပြသခဲ့ပြီး ဒုတိယပွဲကို လန်ဒန်နဲ့ တတိယပွဲကို ပါရီမြို့တွေမှာသာ ပြသခဲ့တာ ဖြစ်လို့ အခုစတုတ္ထပြပွဲကို မြန်မာနိုင်ငံမှာ ပြသတော့ ဆရာ့အတွက် ကျေနပ်ဂုဏ်ယူမိသလို ကျေးဇူးလည်း တင်မိခဲ့ရပါတယ်။

ဆရာဦးလှတင်ထွန်းဟာ ကျွန်မအတွက် အမြဲတမ်း အလေးထားရမယ့် ဆရာတစ်ဦး ဖြစ်ပါတယ်။ ပန်းချီပညာရပ်ကို လေးစားမြတ်နိုးအောင် ပန်းချီကျောင်း တက်ဖြစ်အောင်နဲ့ ပန်းချီ ဆောင်းပါးတွေ ရေးဖြစ်အောင် ကျွန်မကို ဆွဲဆောင် ခေါ်ယူခဲ့တာဟာ ဆရာ “ဝင်းပ” ရဲ့ “ပါရီပန်းချီခရီးသည်” စာအုပ် ဖြစ်နေခဲ့လို့ပါပဲ။ ဒီစာအုပ်ဟာ ဆရာပြင်သစ်နိုင်ငံကို ပညာတော်သင် သွားစဉ်က အတွေ့အကြုံတွေ၊ ပြင်သစ်နိုင်ငံက ပန်းချီဆရာတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ပြင်သစ်ပန်းချီ ပြတိုက်တွေ စတာတွေကို ရောက်လေရာမှာ မှတ်တမ်းပြုစု ရေးသားခဲ့တဲ့ ပန်းချီခရီးသွားမှတ်တမ်း စာအုပ်ဖြစ်ပါတယ်။ ခရီးသွားမှတ်တမ်း သက်သက်မဟုတ်ဘဲ ဖတ်မိတာနဲ့ လက်က မချချင်အောင် စိတ်ဝင်စားဖွယ် အရေးအသားတွေနဲ့ ဖန်တီးရေးသား ခဲ့တာကြောင့် “ပါရီပန်းချီခရီးသည်” ဟာ ပန်းချီမြတ် နိုးသူတွေအတွက် အမှတ်တရ ဖြစ်စေတဲ့ စာအုပ်တစ်အုပ်လို့ ဆိုရမှာပါပဲ။

၂၀၀၄ ခုနှစ်မှာ စာပေဗိမာန်ဆု ရခဲ့တဲ့ စာအုပ်ကတော့ “မြန်မာ့ပန်းချီ ရေစီးကြောင်း” ဆိုတဲ့ စာအုပ်ဖြစ်ပြီး ကမ္ဘာကျော် ပန်းချီဆရာကြီး “ပီကာဆို” လို့ အမည်ပေးထားတဲ့ စာအုပ် ဖြစ်ပါတယ်။

“ပါရီပန်းချီခရီးသည်” စာအုပ်မှာ ပန်းချီအကြောင်းကို စာပန်းချီ ခြယ်မှုန်းပြခဲ့တဲ့ စာရေးဆရာ “ဝင်းပ” ဟာ “ပန်းချီခရီးသည်” “ Tour de L' Art ” ပြပွဲမှာတော့ ပန်းချီဆရာ လှတင်ထွန်းအနေနဲ့ ဆီဆေး၊ ရေဆေးစတဲ့ မီဒီယမ်များကို အသုံးပြုပြီး ပန်းချီကားများ ရေးဆွဲတင်ပြမှာ ဖြစ်ပါတယ်။

ဆီဆေး၊ ရေဆေး ပန်းချီကားပေါင်း (၅၀) ကျော်ပြသမှာ ဖြစ်ပြီး ကားတစ်ချို့ဟာ ရောင်းချထားရပြီးသား လို့လည်း သိရှိရပါတယ်။

“ River bank of Ayarwady II ” ဆီဆေးကားဟာ ဧရာဝတီမြစ်ဆိပ် တစ်ခုရဲ့မြင်ကွင်းကို အအေးရောင်တွေသုံးပြီး Bird'e Eey View နဲ့ ဖေါ်ကျူး ရေးဆွဲထားတာ ဖြစ်ပါတယ်။ မိုးကောင်းကင်ရဲ့ အပြာရောင်ဟာ ရေမျက်နှာပြင် ပေါ်မှာရော၊ သစ်ပင် တောတန်းတွေမှာပါ ရောင်ပြန်အနေနဲ့ ကျရောက်နေခဲ့ပါတယ်။ လှုပ်ရှားသွားလာ နေတဲ့လူတွေ၊ သင်္ဘောတွေနဲ့ နွားလှည်းလေးတွေကို ကမ်းပါးပေါ်က ထိုင်ကြည့်နေရသလို ခံစားကြရတဲ့ ကားတစ်ကားပါပဲ။ မျက်နှာချင်းဆိုင် ကမ်းပါးပေါ်က စေတီလေး ကြောင့်လည်း ကြည်နူး အေးချမ်းဖွယ်ရာ ဖြစ်သွားခဲ့ပါတယ်။

ပုဂံဘုရားတွေကိုပဲ Color Composition, Tone Composition တွေနဲ့ “ပုဂံနံနက်ခင်း” (Good Morning Bagan 1) နဲ့ “ပုဂံညနေခင်း” (Bagan Sun Set) ဆိုပြီး ခွဲခြားဖန်တီးပြ သွားတာကလည်း ပညာရှင် ပီသလှပါတယ်။

“ပုဂံနံနက်ခင်း” မှာ အစိမ်းအုပ်စု၊ အပြာအုပ်စုတွေ ပါဝင်နေပေမယ့် ဝါပြေပြေလေး ထည့်သွင်း ထားတာကြောင့် နေရောင် နွေးနွေးလေးကိုပါ ခံစားနိုင်ခဲ့ပါတယ်။

“ပုဂံညနေခင်း” ကိုတော့ နေဝင်ချိန်တိမ်တွေရဲ့ ဆေးရောင်စုံ အလှနဲ့အတူ ပုံဂံဘုရားတွေနဲ့ သစ်ပင်တွေ၊ လမ်းတွေ ပေါ်မှာပါ တိမ်ရောင်စုံက ဖြာကျလာတဲ့ နီမရမ်း၊ ပြာခရမ်းစတဲ့ အရောင်တွေနဲ့ ပန်းချီမြတ်နိုး သူတွေကို ဆွဲဆောင် ခေါ်ယူသွားခဲ့တာ တွေ့ရပါတယ်။

ဆရာ့ရဲ့ဆီဆေးကား တွေထက် ရေဆေးကားတွေက ပန်းချီမြတ်နိုး သူတွေကို ပိုမိုဆွဲဆောင်ပြီး စိတ်လှုပ်ရှားမှု ပေးနိုင်ခဲ့တယ်လို့ ပြောရင် မှားမယ် မထင်ပါဘူး။

ရေဆေး ကားလေးတွေ ဖန်တီးတဲ့ ဆရာ့ရဲ့ Brush Works တွေဟာ အလွန်အောင်မြင် ကျော်ကြားခဲ့ပြီး ဂန္တဝင်မြောက်ခဲ့တာကြောင့် ဆရာ့ရေဆေး ကားလေးတွေဟာ အမြဲတမ်း သက်ဝင် လှုပ်ရှား နေခဲ့ပါတယ်။

“ Old Master ” ဟာ မြန်မာဘုန်းတော်ကြီး ကျောင်းတိုင်းလိုလိုမှာ တွေ့ရတဲ့ အုပ်လှေကားကြီးတွေရဲ့ ခန့်ငြားတဲ့အလှကို main subject ထားပြီး ဘုန်းတော်ကြီးတွေ လူတွေနဲ့ ဖြည့်ဆွက် ဖန်တီးထားတာ ဖြစ်ပါတယ်။ Back ground က သစ်ပင်တွေကို Wet Wash နဲ့ မျှောဆွဲထားတာကြောင့် ခပ်ဝါးဝါးလေးဖြစ်နေပြီး Foreground က ကျောင်းအိုကြီးက ပိုမိုပေါ်လွင်ထင်ရှားနေခဲ့ ပါတယ်။

ခံစားသူတွေနဲ့ အနီးဆုံးမှာ အုပ်လှေကားကြီးနဲ့ ဘုန်းတော်ကြီးတွေ ရှိနေတာကြောင့် ဘုန်းတော်ကြီးတွေ နောက်ကနေ လိုက်တက်မိမတတ် ခံစားလိုက်ကြရပါတယ်။

“Kandawmin From Shwedagon” ကတော့ ကန်တော်ပင် ပန်းခြံထဲကနေ ရွှေတိဂုံဘုရားကြီးကို လှမ်းပြီးဖူးတွေ့ရတဲ့ ရှုခင်းလေးဖြစ်ပါတယ်။ ဒီကားဟာ လူထက်ရေကိုပိုပြီး အလုပ်ပေးထားတဲ့ကားလို့ ဆိုရမှာပါ။ တိမ်တွေ၊ အဝေးကသစ်ပင်တွေနဲ့ ရေပြင်တစ်ခုလုံးကို Wet Wash နဲ့ ဆေးနည်းနည်း၊ ရေများများ ဖြန့်ထားပြီးမှ အနီးမှာရှိတဲ့ ကျွန်းဆွယ်လေးမှာ ငါးမျှားနေတဲ့ လူနှစ်ယောက်နဲ့ သစ်ပင်တွေကို Dry Wash နဲ့ စုတ်ချက်သထား သလိုပါပဲ။ ရွှေတိဂုံဘုရားကြီးရဲ့ ရောင်ပြန်အရိပ်ဟာ ရေထဲမှာ ပေါ်လွင်နေသလို စုတ်ဖျားလေးနဲ့ တို့ခပ်ထားတဲ့ သစ်ရွက်၊ သစ်ခက်ကလေး တွေကြောင့်လည်း ပန်းချီကားကို ပိုပြီးသက်ဝင် လှုပ်ရှားသွားစေခဲ့ပါတယ်။

ရေကိုမျှောပြီး သုံးတတ်တဲ့ဆရာ့ရဲ့ Brush Works တွေနဲ့ အလိုက်ဖက်ဆုံး ကားကတော့ “ Water Fall ” လို့ဆိုရမှာပါပဲ။ စုတ်ချက် ခပ်ရှင်ရှင်တွေကြောင့် ရေတံခွန်ဟာ အဆက်မပြတ် စီးဆင်းနေကျသလို ဘေးက အုပ်ဆိုင်းနေတဲ့ သစ်ပင်တွေ ကြောင့်လည်း တစ်ကားလုံး အေးမြမှုကို ပေးနေခဲ့ပါတယ်။ ပိုပြီးကြည်နူး ချမ်းမြေ့သွားရတာကတော့ ရေတံခွန်အတက် ခပ်လှမ်းလှမ်းမှာ တည်ထားတဲ့ ထုံးဖြူဖြူစေတီလေးကို ဖူးတွေ့လိုက်ရတာပါပဲ။

“ Monsetry ” မှာတော့ ရေကိုလျှော့ပြိး စုတ်ချက်ကို ပိုပြီးသွင်းထားတာ တွေ့ရပါတယ်။ Background က တိမ်တွေနဲ့ သစ်ပင်အချို့မှာသာ Wet wash နဲ့ရေးပြီး ဘုန်းကြီးကျောင်းက ပြဿဒ်တွေ၊ ဘုန်းတော်ကြီးတွေ လူတွေနဲ့ Foreground က သစ်ပင်တွေကို Dry wash နဲ့ ဖန်တီးရေးဆွဲ ထားခဲ့ပါတယ်။

White Gap လို့ခေါ်တဲ့ လိုအပ်တဲ့ နေရာတွေမှာ အဖြူချန်ပြီး စုတ်ချက်သထားတာကလည်း စိတ်လှုပ်ရျားမှုကို ပိုပေးနိုင်သွားပါတယ်။

ဆရာဦးလှတင်ထွန်းဟာ ပန်းချီကားတွေ ရေးဆွဲရုံသာမက “ Mural Painting ” လို့ခေါ်တဲ့ နံရံပန်းချီတွေ ရေးဆွဲခဲ့တယ်လို့လည်း သိရှိရပါတယ်။ ဒီနံရံပန်းချီတွေကတော့.... “ Panorama of Kachin State (35'x15'), Emporium Hall, Yangon (1992), “ Pearl Island ” (15'x10') Emporium Museum, Yangon (1994) နဲ့ “ Panorama of Bagan ” (7'x25'), Guest Room, Ministry of Culture (1997) စတာတွေပဲ ဖြစ်ပါတယ်။

ဒီ mural painting နဲ့ ပတ်သက်ပြီးတော့လည်း ဆရာက ရှင်းလင်း ပြောပြခဲ့ပါတယ်။

“ mural ” ဆိုတာကတော့ အင်္ဂလိပ်က မွေးယူလိုက်တဲ့ စကားလုံးပေါ့။ ပြင်သစ်လိုတော့ နံရံကို “ mure ” လို့ခေါ်တယ်။ ဒါကြောင့် mural painting ဆိုတာ နံရံပန်းချီလို့ အဓိပ္ပါယ်ရပါတယ်။ အဓိကကတော့ ပြင်သစ် စကားလုံးပဲ။

ဒီ mural painting နဲ့ပတ်သက်ပြီးတော့ ကျွန်တော် သုံးလလောက် လေ့လာခဲ့ပါတယ်။ mural ပါမောက္ခကတော့ “ နော်မန်အဲရယ် ” ဆိုတဲ့ ပုဂ္ဂိုလ်၊ သူတို့ကျောင်းမှာ တစ်ခု ကောင်းတာက ကိုယ်ကြိုက်တဲ့ Studio ကိုသွားပြီး ဆရာနဲ့သွားတွေ့လို့ရတယ်။ တွေ့ပြီးရင် သူကလက်ခံပါတယ်ဆိုရင် လေ့လာလို့ရပြီ။

ကျွန်တော်က အဲဒီ Studio ကိုသွားပြီး ဗဟုသုတအဖြစ်နဲ့ “ mural painting Subject ” ကို တင်ခဲ့ပါတယ်။ သူက ကျွန်တော်တို့ လက်ရာတွေကို ကြည့်တယ်။ ကြည့်ပြီးရင် အဲ့ဒီသင်တန်းမှာ လေ့လာလို့ရတယ်။

ကျွန်တော်ပြန်ကာနီး သုံးလလောက် အဲဒီသင်တန်းမှာ လေ့လာခဲ့ပါတယ်။ အဲဒီ mural ရဲ့သဘောက အစိုမှာရေးတာထက် အခြောက်မှာ ရေးတာရှိပါတယ်။

နံရံတွေမှာ “ Cement ” နဲ့ အရာပေးပြီးတော့ မခြောက်တခြောက်အချိန်မှာ ကိုယ်ကရေးပြတယ်။ ဆရာကြီးကလည်း ရေးပေးပါတယ်။ သုံးလ ကျွန်တော်သင်ခဲ့ပါတယ်။

Presco ဆိုတာက အစိုပေါ်မှာရေးတာ။ ရိုးရိုး mural painting ကတော့ အခြောက်ပေါ်မှာ Tempera နဲ့ရေးတာ။ Subject ကတော့ ကိုယ်ကြိုက်တာ ကိုယ်ရေးလို့ ရရပါတယ်။ ဆီဆေး၊ ရေဆေးကားတွေ ရေးသလို ရေးတာပါပဲ။ နံရံပေါ်မှာ ရေးတာနဲ့၊ စက္ကူ၊ ကင်းဗတ်(စ်) ပေါ်မှာ ရေးတာ ဒါပဲကွာပါတယ်။

ဆီဆေး၊ ရေဆေးတွေသာမက နံရံပန်းချီတွေပါ လေ့လာရေးဆွဲခဲ့တဲ့ ဆရာဟာ ၂၀၀၆ ခုနှစ်ကနေ ဒီနေ့အထိ တက္ကသိုလ် ယဉ်ကျေးမှုကောင်စီရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်သလို လက်ရှိအချိန်မှာ မြန်မာနိုင်ငံရိုးရာ ပန်းပညာရှင်များ အစည်းအရုံး(ဗဟို) ရဲ့ ဒုတိယဥက္ကဌ တာဝန်ကို ထမ်းဆောင်လျှက် ရှိပါတယ်။ “ Tour de L' Art ” မှာ ခင်းကျင်းပြသသွားတဲ့ ပန်းချီကားတွေဟာ လာ ရောက်ခံစားတဲ့ ပန်းချီမြတ်နိုးသူတွေကို စိတ်ကြည်နူး နှစ်သက်မှု ပေးနိုင်ခဲ့သလို စာပေ၊ ပန်းချီဖန်တီး ရေးသားနေတဲ့ ဆရာလှတင်ထွန်းဟာလည်း သူမြတ်နိုးတဲ့ အနုပညာတွေ ဖန်တီးရင်း မိမိရဲ့ဘဝမှာ ထာဝရကြည်နူးနှစ်သက်မှု ရှိနေမှာပါပဲလို့ ယုံကြည်မိပါတယ်။

ခင်သန်းဖြူ       
(Artist & Art Writer)
Back to Top
advertisements