|
Modern Artist မောင်ယုစိန် ဆိုတာက ပဲခူးမြို့မော်ဒန်ပန်းချီဆရာတစ်ဦး ဖြစ်သလို ကမ္ဘာ့မော်ဒန်ပန်းချီ Modern Art ဆောင်းပါးတွေ၊ Postmodern art ဆောင်း ပါး တွေကို ရနံ့သစ်၊
နွယ်နီ၊ ဟန်သစ်နဲ့ ရုပ်ရှင်စတား မဂ္ဂဇင်းတွေမှာ မောင်ယုစိန် (ဥပဒေ) ကလောင်အမည်နဲ့ ရေးသားနေတဲ့ စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။
ကလောင်အမည်မှာ (ဥပဒေ) လို့ ထည့်သွင်းထားတာကတော့ B.A(LAW) LL.B နဲ့ ဥပဒေဘွဲ့ရထားသူ ဖြစ်တဲ့အပြင် တရားရုံးချုပ်ရှေ့နေ တစ်ဦးလည်း ဖြစ်နေလို့ပါပဲ။
ပန်းချီအခြေခံကို ဆရာဦးမျိုးသန့်နဲ့ ဆရာဦးသောင်းဟံတို့ ထံမှာ စာပေးစာယူနဲ့ (၄) နှစ်ခန့် သင်ယူခဲ့ပြီး မော်ဒန်ပန်းချီကို ၁၉၇၀ ခုနှစ် လောက်ကတည်းက အထူးစိတ်ဝင်စားပြီး လေ့
လာ လိုက်စားခဲ့တယ်လို့ ဆိုပါတယ်။ ပန်းချီပြပွဲ များစွာမှာလည်း မော်ဒန်ပန်းချီကားပေါင်း များစွာ ရေးဆွဲတင်ပြခဲ့ပြီး ၂၀၀၅ ခုနှစ်ကတော့ New Treasure Art Gallery မှာ ပထမဆုံး တစ်ကိုယ်တော်ပွဲ
အနေနဲ့ “Mother and Child” ပန်းချီပြပွဲကို ခင်းကျင်းပြသ သွားခဲ့ပါတယ်။
“Mother and Child” စီးရီးကို အမေနဲ့ သားသမီးတို့ရဲ့ နှစ်လိုဖွယ် မေတ္တာသဘောနဲ့ ရွှေရောင်၊ အဖြူရောင်၊ အနက်ရောင် စတဲ့ အရောင်သုံးရောင်နဲ့ ဖန်တီးခဲ့ပါတယ်လို့ သိရပါတယ်။
ဒီပွဲဟာ မော်ယူစိန်ရဲ့ ပထမဆုံး တစ်ကိုယ်တော်ပွဲ ဖြစ်သလို၊ Modern artist မောင်ယုစိန်ရယ်လို့ လူသိများစေခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။
ဒီပြပွဲက စိတ်ကူးကို အခြေခံပြီး ဖန်တီးဖြစ်တဲ့ စီးရီးကတော့ “My Lady” စီးရီးပဲ ဖြစ်ပါတယ်။ “My Lady” စီးရီးဟာလည်း မိခင်နဲ့ သန္ဓေသားတို့ရဲ့ မေတ္တာနှောင်ကြိုး ဆက်သွယ်မှုကို
တင်ပြထားတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကားတွေကတော့ အဇ္ဇျတ္တအမြင်ကို ဖော်ကျူးတင်ပြထားတယ်လို့ ဆိုရမှာပါပဲ။ ဒီကားတွေနဲ့ ပတ်သက်ပြီး ပန်းချီဆရာကတော့........
“My Lady စီးရီးမှာ စိတ်အမြင်သဘောကို ဖန်တီးထားပါတယ်။ ဗဟိန္ဓသဘောထက် အဇ္ဇျတ္တသဘောကို ပိုပြီး အလေးထား ဖန်တီးထားတာပါ။ Expressionism Art လို့လည်း
ပြောနိုင်ပါတယ်။ အနုပညာပုံစံသစ်၊ အနုပညာသစ်နဲ့ ဖန်တီးထားသလို ခေတ်အမြင်၊ ခေတ်အတွေး၊ ခေတ်ရဲ့ ပုံပန်းသဏ္ဍာန်၊ ခေတ်အနုပညာတွေ ရောမွှေ ဖန်တီးထားတာကြောင့် Post Modern လို့
ပြောမယ် ဆိုရင်လည်း ပြောနိုင်ပါတယ်။
“My Lady” စီးရီးကို အဖြူရောင်၊ အနက်ရောင်နဲ့ ရွှေရောင်တွေကိုပဲ အသုံးပြု ဖန်တီးထားခဲ့ပါတယ်။ အဖြူရောင်က သန့်ရှင်းခြင်းသဘော၊ ဖြုစင်ခြင်းသဘောနဲ့ အပြစ် ကင်းစင်ခြင်း
သဘောတွေ ဆောင်ပါတယ်။ အနက်ရောင်ကတော့ တည်ကြည်ခြင်းသဘော၊ ခိုင်မာခြင်း၊ အားကောင်းခြင်း၊ ခန့်ညာခြင်းသဘောတွေ ဆောင်ပြီး ရွှေရောင်ကတော့ ချစ်ခင်နှစ်လိုဖွယ်သဘော၊ ဝင်းလက်
တောက်ပခြင်းသဘောနဲ့ ကျက်သရေ မင်္ဂလာရှိခြင်းသဘောတွေ ဆောင်ပါတယ်။
ဒီစီးရီးကို အချိန်ယူပြီး အကြောင်းအရာ ရွေးချယ်မှု၊ ပုံသဏ္ဍာန် ဖန်တီးရွေးချယ်မှုနဲ့ အရောင်ရွေးချယ်မှုတွေ လုပ်ပြီးမှ အနုပညာသစ်အသွင်နဲ့ ဖန်တီးခဲ့တာပါ” လို့ ရှင်းလင်း
ပြောပြ သွားခဲ့ပါတယ်။
ဒီ “My Lady” စီးရီးကို သိပ်မကြာခင်အချိန်အတွင်း စင်္ကာပူနိုင်ငံက Gallery တစ်ခုမှာ ခင်းကျင်း ပြသသွားမယ်လို့လည်း သိရှိရပါတယ်။
Artist မောင်ယုစိန်ရဲ့ ကားတွေကို ကြည့်ရှုခံစားသူတိုင်း မိခင်နဲ့ ရင်သွေးတို့ရဲ့ ချစ်ခြင်းမေတ္တာ ဆက်သွယ်မှုတွေ ကူးစက် ခံစားမိကြလိမ့်မယ်လို့ ထင်ပါတယ်။
Artist မောင်ယုစိန်ဟာ Modern Art ကို သူကိုယ်တိုင် လေ့လာပြီး ဖန်တီးရေးဆွဲယုံ မကပါဘူး။ သူ့ရဲ့ သမီးဖြစ်တဲ့ “အေးသီရိခိုင်” ရဲ့ ရင်ထဲကိုပါ ထည့်သွင်းပေးနိုင်ခဲ့တယ်လို့ ဆိုရမှာ
ပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အေးသီရိခိုင်ဟာ ဖခင်နဲ့ အနေနီးပြီး ဖခင်ရဲ့ စာတွေ ဖတ်ရှုခံစားရင်း Modern artist တစ်ယောက် ဖြစ်လာခဲ့လို့ပါပဲ။
သူမကလည်း ငယ်စဉ်ကတည်းက ပန်းချီအနုပညာကို ဝါသနာပါခဲ့တာကြောင့် လေ့ကျင့် ရေးဆွဲရင်း ပြိုင်ပွဲတွေ ဝင်ခဲ့ရာမှာ ၂၀၀၅ ခုနှစ်မှာ “နှစ် (၆၀) မြောက် ကမ္ဘာ့ကုလသမဂ္ဂနေ့
စာစီစာကုံးပြိုင်ပွဲ ပထမဆု၊ ပြည်မြို့ ပညာရေးကောလိပ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ တတိယဆု၊ နှစ် (၆၀) မြောက် ကမ္ဘာ့ကုလသမဂ္ဂနေ့ ပန်းခိုင် ပထမဆု၊ ၂၀၀၆ ခုနှစ်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ပိုစတာပြိုင်ပွဲ တတိယဆု စတဲ့ ဆုပေါင်းများစွာ ရရှိခဲ့ပါတယ်။
Abstract Atr ကိုတော့ ၂၀၀၇ ခုနှစ်မှာ စတင်ရေးဆွဲခဲ့ပြီး ပဲခူးမြို့နယ်ပွဲမှာ နှစ်ကြိမ်ပါဝင် ပြသခဲ့တယ်လို့ သိရှိရပါတယ်။ ပန်းချီအပြင် မဂ္ဂဇင်း အချို့မှာလည်း ကဗျာသရုပ်ဖေါ်ပုံတွေ
ရေးဆွဲခဲ့ပါသေးတယ်။ ကျောင်းပညာကို ရှုပဗေဒ အဓိကနဲ့ ဘွဲ့ရခဲ့သလို GTI ဘွဲ့လည်း ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ Diploma in Teacher Education Competency Training တတ်ပြီး
ဆရာမတာဝန် ထမ်းဆောင်ရင်း တစ်ဖက်ကလည်း modern atr တွေ ဖန်တီးလျှက် ရှိပါတယ်။ သူမကတော့ modern art တွေ ဖန်တီးမှုနဲ့ ပတ်သက်ပြီး "ဖေကြီးက modern art တွေလဲ ရေးဆွဲတယ်၊
modern art အကြောင်း စာတွေလည်းရေးတယ်ဆိုတော့ သမီးက ဖေကြီးစာတွေ ဖတ်ရင်း၊ ဖေကြီးကားတွေ ကြည့်ရင်း ငယ်ငယ်ကတည်းက modern art နဲ့ ရင်းနှီးပြီး စိတ်ထဲမှာ ခံစားခဲ့ရတယ်။ ဒီခံစားမှုတွေကနေ အရောင်တွေသုံးပြီး Abstract ကားတွေ ဖန်တီးဖြစ်ခဲ့တာပါပဲ။" လို့ ပြောခဲ့ပါတယ်။
Modern artist မောင်ယုစိန်နဲ့ မျိုးဆက်သစ်ကလေး အေးသီရိခိုင်တို့ကတော့ သူတို့ emotion တွေအတိုင်း အနုပညာသစ်တွေ ဖန်တီးရင်း အနုပညာလောကထဲမှာ ပျော်မွေ့နေကြမှာပါပဲ။
|