Guest
 
 
₪ Art Interviews
Artist အောင်မင်း ( Magic Art Art Gallery ) နှင့် တွေ့ဆုံခြင်း
Read More Interviews...
Art Works အသစ်များ ဖန်တီးနေသော Artist ငြိမ်းချမ်းဆု (NCS) နှင့် တွေ့ဆုံခြင်း Art Works အသစ်များ ဖန်တီးနေသော Artist ငြိမ်းချမ်းဆု (NCS) နှင့် တွေ့ဆုံခြင်း
ပန်းချီဆရာ သူရိန်နှင့် တွေ့ဆုံခြင်း ပန်းချီဆရာ သူရိန်နှင့် တွေ့ဆုံခြင်း
   ကိုကြည်ဝင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း ကိုကြည်ဝင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း
ဆရာကြီး ဦးခင်မောင်သန်းနှင့် တွေ့ဆုံခြင်း ဆရာကြီး ဦးခင်မောင်သန်းနှင့် တွေ့ဆုံခြင်း
မင်းကွန်းက ပန်းချီ ဆရာမလေး ဋ္ဌေးဋ္ဌေးနှင့် တွေ့ဆုံခြင်း မင်းကွန်းက ပန်းချီ ဆရာမလေး ဋ္ဌေးဋ္ဌေးနှင့် တွေ့ဆုံခြင်း
New Zero Art Space ရဲ့ ဒါရိုက်တာအဖွဲ့ဝင် Artist ကိုအေးကိုနှင့် တွေ့ဆုံခြင်း New Zero Art Space ရဲ့ ဒါရိုက်တာအဖွဲ့ဝင် Artist ကိုအေးကိုနှင့် တွေ့ဆုံခြင်း
Technique အသစ်တွေ၊ ဖန်တီးမှုအသစ်တွေနဲ့ ပန်းချီ မြတ်နိုးသူတွေကို ခံစားမှုပေးဦးမဲ့ မင်းကွန်းက Artist ဇော်မင်း Technique အသစ်တွေ၊ ဖန်တီးမှုအသစ်တွေနဲ့ ပန်းချီ မြတ်နိုးသူတွေကို ခံစားမှုပေးဦးမဲ့ မင်းကွန်းက Artist ဇော်မင်း
မင်းကွန်းမှာ Art Workshop ဖွင့်လှစ် ထားသည့် ဆရာ ရာဟုလာနှင့် တွေ့ဆုံခြင်း မင်းကွန်းမှာ Art Workshop ဖွင့်လှစ် ထားသည့် ဆရာ ရာဟုလာနှင့် တွေ့ဆုံခြင်း
Poetic ဆန်ဆန်လေးတွေနဲ့ Art Works မျိုးစုံ ဖန်တီးနိုင်တဲ့ Artist ဖြူမွန်နှင့် တွေ့ဆုံခြင်း Poetic ဆန်ဆန်လေးတွေနဲ့ Art Works မျိုးစုံ ဖန်တီးနိုင်တဲ့ Artist ဖြူမွန်နှင့် တွေ့ဆုံခြင်း
အရောင်များကို ချဉ်းကပ်ပြီး Abstract Art တွေဖန်တီးနေတဲ့ Artist ဦးမျိုးခင်နှင့်တွေ့ဆုံခြင်း အရောင်များကို ချဉ်းကပ်ပြီး Abstract Art တွေဖန်တီးနေတဲ့ Artist ဦးမျိုးခင်နှင့်တွေ့ဆုံခြင်း
Traveller 2007 photo and Art Show ဖန်တီးသူများနှင့် တွေ့ဆုံခြင်း Traveller 2007 photo and Art Show ဖန်တီးသူများနှင့် တွေ့ဆုံခြင်း
Contemporary Artist နန်းနန်းနှင့် တွေ့ဆုံခြင်း Contemporary Artist နန်းနန်းနှင့် တွေ့ဆုံခြင်း
နှစ်ပေါင်း (၂၀) သက်တမ်းရှိပြီ ဖြစ်သည့် “GV Art Centre” ပိုင်ရှင်များနှင့်တွေ့ဆုံခြင်း နှစ်ပေါင်း (၂၀) သက်တမ်းရှိပြီ ဖြစ်သည့် “GV Art Centre” ပိုင်ရှင်များနှင့်တွေ့ဆုံခြင်း
ပန်းချီဆရာကြီး ဦးနန်းဝေနှင့် တွေ့ဆုံခြင်း ပန်းချီဆရာကြီး ဦးနန်းဝေနှင့် တွေ့ဆုံခြင်း

Artist အောင်မင်း ( Magic Art Art Gallery ) နှင့် တွေ့ဆုံခြင်း
Artist အောင်မင်း ( Magic Art Art Gallery ) နှင့် တွေ့ဆုံခြင်း
Artist အောင်မင်း ( Magic Art Art Gallery ) နှင့် တွေ့ဆုံခြင်း
Artist အောင်မင်း ( Magic Art Art Gallery ) နှင့် တွေ့ဆုံခြင်း
Artist အောင်မင်း ( Magic Art Art Gallery ) နှင့် တွေ့ဆုံခြင်း
Artist အောင်မင်း ( Magic Art Art Gallery ) နှင့် တွေ့ဆုံခြင်း
Artist အောင်မင်း ( Magic Art Art Gallery ) နှင့် တွေ့ဆုံခြင်း
Artist အောင်မင်း ( Magic Art Art Gallery ) နှင့် တွေ့ဆုံခြင်း
₪ Interview
Artist အောင်မင်း ( Magic Art Art Gallery ) နှင့် တွေ့ဆုံခြင်း

Artist ကို အောင်မင်းကို ကျွန်မ ပထမဆုံး တွေ့ဆုံခဲ့တာဟာ New Treasure က ဓါတ်ပုံပြပွဲ တစ်ခု မှာ ဖြစ်ပါတယ်။ ဓါတ်ပုံ ဆရာတွေ စုပေါင်းပြသကြတဲ့ အနုပညာ လက်ရာတွေထဲမှာ သူ့အနုပညာ လက်ရာဟာ သဘာဝဘက် နွှယ်ပြီး ထူးထူးခြားခြားလေး ဖြစ်နေတာကြောင့် ဆွေးနွေး မေးမြန်းဖြစ်တဲ့ အခါမှာတော့ Artist ကိုအောင်မင်းဆိုတာဟာ ပန်းချီ ဆရာ၊ ဓါတ်ပုံဆရာ၊ Magic Art Art Gallery ပိုင်ရှင်ဆိုတဲ့ ပိုင်ဆိုင်မှုတွေသာ မကပဲ၊ အတွေးအခေါ်တွေ၊ ဒဿနတွေ၊ ဆင်ခြင် တုံတရားတွေနဲ့ ဖွဲ့စည်းထားတဲ့ လူတစ်ဦး ဆိုတိာကိုပါ တွေ့ရှိ ခဲ့ရပါတယ်။ မကြာခင်က စင်္ကာပူမှာ ကျင်းပတဲ့ "Six Strokes " Myanmar Art Exibition on စာအုပ်မှာ ကိုအောင်မင်းရဲ့ ဖန်တီးမှု အနုပညာ အသစ် တွေ တွေ့ရှိ လိုက်ရတဲ့ အခါမှာတော့ ဒီကားတွေနဲ့ ပက်သက်တဲ့ ဒဿန အချို့ကို ထပ်ပြီးတို့ခပ် ကြည့်မိခဲ့ပါတယ်။

Q:

(၂၀၀၈) ဇွန်လက Art Art Gallery မှာ ခင်းကျင်းပြသခဲ့တဲ့ "Six Strokes" ပန်းချီပြပွဲမှာ ကိုအောင်မင်းရဲ့ ပန်းချီ အနုပညာ ဖန်တီးမှု အသစ်တွေ ဖြစ်တဲ့ " Reflection & Echo Series" တွေကို တွေ့လိုက်ရပါတယ်။ ဒီကားတွေ ဖန်တီးမှုနဲ့ ပက်သက်ပြီးပြောပါဦး။

Ans:

ဒီကားတွေကို ကျွန်တော် 3 Dimension နဲ့ ဖန်တီး ထားခဲ့တာပါ။ အရင်က ပန်းချီကားတွေကိုတော့ 2 Dimension နဲ့ပဲ ဖန်တီးခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့် စုတ်ချက် အစစ် ဖြစ်ချင်သလို "ism" မှာလည်း ကိုယ့်"ism" ပဲ။ "၀ါဒ" ဆိုတာ ကိုယ့် "၀ါဒ"ပဲ ဖြစ်ချင်လို့ " Reflection & Echo Series " ကို ဖန်တီး ဖြစ်ခဲ့တာပါ။ 3 Dimension သာမက Extra Dimension ဆိုတဲ့ သာမန် အမြင် အာရုံ တစ်ခုထက် ပိုကဲသော ပတ်လည် အမြင်လို့လည် ပြောနိုင်ပါတယ်။ ဒီထဲမှာ တရား ဓမ္မတွေ၊ သိပ္ပံတွေ အကုန်ပေါင်းစပ်နေတဲ့ ဒိုင်မေးရှင်းလည်း ပါပါတယ်။

တကယ်တော့ ဒီမှာ ပန်းချီဆိုတာ အနုပညာ ပစ္စည်း တစ်ခုတင် မဟုတ်ဘဲ စွယ်စုံ သုံးနိုင်တဲ့ Media ဖြစ်လာပါတယ်။ ကျွန်တော် ကိုယ်တိုင် ဒီတိုင် ဖန်တီးမှုထဲမှာ ပျော်ဝင်နေပါတယ်။ လူတွေက နောက်ဆုံး အဆီအနှစ်ဟာ ပန်းချီကား လို့ထင်ကြတယ်။ ကျွန်တော် ကိုယ်တိုင်လဲ ထင်ခဲ့ပါတယ်။ ပန်းချီကားက အလင်းရောင် သဲ့သဲ့လေး၊ ဟဟလေး ရှိရင် တိုးဝင်ရတယ်။ အဲဒီ အလင်းနောက်က ဟင်းလင်းပြင်ကျယ်ကြီးကို ရောက်သွားနိုင် ဖို့ပေါ့။

အမှန်တစ်ကယ်တော့ ပန်းချီကားက တစ်ကယ့် အဆီအနှစ်၊ အဟာရ မဟုတ်ပါဘူး။ ဥပဒေ ပြောရရင်တော့ မြေပဲကို ကြိတ်ရင် ပဲဆီ အဆီ အနှစ် ဖြစ်ပြီး ပဲဖတ်က ဘေးထွက် ပစ္စည်းပါ။ ပန်းချီကားဟာ တစ်ကယ်တော့ ပဲဆီ မဟုတ်ပါဘူး၊ ပဲဖတ်လို ဘေးထွက် ပစ္စည်းပါပဲ။

အဆီအနှစ်က ချပြလို့ မရဘူး။ ပန်းချီ ဆရာရဲ့ ဖန်တီးနေမှု အပေါ်မှာ ခံစားခြင်း ဆိုတာကမှ အဆီ အနှစ်ပါ။ ဒီအဆီ အနှစ်က လုပ်ယူလို့ မရဘူး။ သူ့ဟာသူ ဖြစ်လာတာ။ ဘာနဲ့တူသလဲ ဆိုတော့၊ ဥပမာ ပြောရရင် ငါးမျှား နေသလိုပေါ့။ ငါးလိုချင်လို့ ငါးမျှားတဲ့ နေရာမှာလည်း တစ်ချို့က ငါးစာ မပါဘူး။ တစ်ချို့က ငါးစာတော့ ပါပါရဲ့၊ ငါးမျှားချိတ် အကြီးကြီးနဲ့ မျှားတော့ ကိုယ်ဖမ်းချင်တဲ့ သေးသေးလေးတွေ မမိတော့ဘူး။ တစ်ချို့ကျတော့လည်း ငါးမျှားချိတ်က သေးနေတော့ ကိုယ်လိုချင်တဲ့ ငါးအကြီးကြီးက လွတ်ထွက်သွားပြန်ရော။ ငါးမျှားတံ အရွယ် ပမာဏနဲ့ ငါးအရွယ် အမာဏကို မျှတစွာ ချိန်ရပါမယ်။

တစ်ခါတစ်ရံမှာ ငါးစာတပ်ပေမဲ့ အစာက ကိုယ်ကိုယ်တိုင် ဖြစ်နေတတ်တော့ ငါးတော့ မိပါရဲ့ ကိုယ်ကိုယ်တိုင်တော့ အစားခံလိုက်ရတယ်။ ကိုယ်ကိုယ်တိုင် ထောင်ချောက်ဆိုတော့ နာကျင်မှု ဖြစ်နေရတာကိုပဲ ခံစားချင်နေတယ်။

ပန်းချီဆွဲရာမှာလည်း တစ်ခါတစ်ရံ ကိုယ်ကိုယ်တိုင်က အစာ ဖြစ်နေတော့ ပန်းချီကားတင် ဘေးထွက်ပစ္စည်း ဖြစ်နေတယ်။ ဒါပေမဲ့ ကိုယ်လိုချင်တဲ့ ငါးမိတဲ့ အခါတော့ ကိုယ်တိုင် အစာဖြစ်တာရော၊ ထောင်ချောက်ထဲ ၀င်တိုးမိတာရော၊ တန်တယ်ဆိုရမှာပေါ့။ ကိုယ့်ကိုယ်ကို ပြတ်ပြတ် ထင်ထင်မိတဲ့ အခါမှာတော့ ခံစားနိုင်ခဲ့တယ်။

ကျွန်တော်ကားတွေဟာ ပန်းချီ ဆရာရဲ့ အယူအဆနဲ့မှ မတူသလို ဘယ်ပန်းချီဆရာရဲ့ Subjecteနဲ့မှလည်း တူမယ် မထင်ပါဘူး။ ကျွန်တော် ယုံကြည်ချက် အစစ်နဲ့ တရားဓမ္မတွေ၊ သိပ္ပံပညာတွေ၊ အာရုံ ခံစားမှုတွေ ပေါင်းစပ် ဖန်တီးထားတဲ့ " Extra Dimension" အမြင်နဲ့ ရေးထားတဲ့ ကျွန်တော် ကိုယ်ပိုင် စစ်စစ် ပန်းချီကားတွေ ဖြစ်နေလို့ပါပဲ။

Q:

ကိုအောင်မင်းရဲ့ ပန်းချီကားတွေကို ဘယ်လောက်ကြာကြာ ရေးဆွဲ ဖန်တီးခဲ့ရပါသလဲ။ ဖန်တီးထားတဲ့ ပန်းချီကားတွေ အပေါ်မှာရော စိတ်ကျေနပ်မှု ရှိပါသလား။

Ans:

ကျွန်တော် တစ်နှစ်ကို ပန်းချီကား နှစ်ကား၊ သုံးကား အပြင် ပိုမရေးနိုင်ပါဘူး။ ရေးဖြစ်ခဲ့တဲ့ကားတွေ အပေါ်မှာလဲ ယုံကြည်စိတ်ချမှု၊ စိတ်ကျေနပ်မှု ရှိပါတယ်။ အခု(၂၀၀၈) ဆိုရင်" စကြာဝဋာ" (Universe)၊ တစ်ကားပဲပြီးပါတယ်။

သဘောတစ်ခုကတော့ ပန်းချီ ဆရာဆိုတာ သူများတွေ ယုံကြည်အောင်၊ ကြိုက်အောင်ဆွဲတာ မဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကို ယုံကြည်ရမယ်၊ ယုံကြည်တဲ့ စိတ်ဟာ အရာအားလုံး ပြီးမြောက်စေပါတယ်။ သူများ ယုံကြည်မှု ကိုမေ့ပစ်လိုက်ပါ။

တစ်ချို့ ပန်းချီ ဆရာတွေက ဘယ်လို ဖြစ်နေလဲ ဆိုတော့ ကိုယ့် LEVEL က (၁၀)တန်း အဆင့်မှာ ရောက်နေပေမဲ့ ကိုယ့်ထက်ငယ်တဲ့၊ ကိုယ်လောက် ပညာ အဆင့် မရှိတဲ့ သူငယ်တန်းကလေး ချီးကျူးတာကို သာယာနေကြတယ်။ ကိုယ်ထက်တတ်တဲ့၊ ဘွဲ့ရပြီး သူတွေက ကဲ့ရဲ့ ဝေဖန်တဲ့ အပေါ်မှာ ကျတော့၊ မကျေနပ်ကြဘူး၊ မခံချင်ကြဘူး။ အမှန်တော့ " တိုးတက်ရာ တိုးတက်ကြောင်း ဆေးခါးတွေက အနုပညာ ကျန်းမာရေး ကောင်းစေပါတယ်။

ကျွန်တော် ကတော့ အဲဒီလိုပဲ ယူဆပါတယ်။ မြွေတစ်ကောင်ရဲ့ တံတွေးဟာ ကျွန်တော့ အတွက် အဆိပ်ဖြစ်ပေမဲ့ မြွေ အတွက်ကတော့ သူ့ရဲ့ အစာချေရည် ဖြစ်သလိုပေါ့။ သူများမှာ အဆိပ်ဖြစ်ပေမဲ့ ကိုယ်နဲ့ ကိုက်ရင်တော့ သုံးရမှာပဲ။

ဒါကြောင့် ကိုယ့်ယုံကြည်ချက်နဲ့၊ ကိုယ်ဖန်တီးထားတဲ့ ကားတွေ အပေါ်မှာ စိတ်ကျေနပ်မှု အပြည့် အ၀ ရှိခဲ့ပါတယ်။ နောက်ပြီး ကျွန်တော့ ပန်းချီကားတွေကို ဘာလဲဆိုတာ သေချာစွာ သိရှိသွားတဲ့ အတွက် ရောင်းဘို့ ၀န်လေးခဲ့ပါတယ်။ ကျွန်တော့ ပန်းချီကားတွေကို ကျွန်တော်"ငါ" ဆိုတဲ့ အစွဲ ဖြုတ်ပစ်တဲ့နေ့ဟာ ရောင်းလိုက်တဲ့နေ့ပဲ။ ဒါမှမဟုတ် ပန်းချီဆွဲရပ်တဲ့ နေ့ဖြစ်မှာပါ။

Q:

ဒီစာအုပ်ထဲမှာ ကိုအောင်မင်းရဲ့ Biography ကထူးခြားနေတယ်။ ဘာဖြစ်လို့ သူများတွေလို ပြည်တွင်း၊ ပြည်ပမှာ ပြခဲ့တဲ့ ပွဲတွေ မထည့်ထားတာလဲ။

Ans:

ဒိမေးခွန်းကို ကျွန်တော် အဖြေ ချင်ဆုံး ဖြစ်သလို လူတော်တော်များများ မကြိုက်ဆုံးလဲ ဖြစ်နိုင်ပါတယ်။ Biography ဆိုတာ ရေများများနဲ့ရောထားတဲ့ နွားနို့ပါပဲ။ ဒါက ကျွတ်တော့်ရဲ့ အယူအဆပါ။ လူတော်တော် များများဟာ အဟာရ ဖြစ်မှု အနည်းငယ် သာပါတဲ့ ရေရောထားတဲ့ နွားနို့်ကိုပဲ ဗိုက်ဖောင်းကား နေအောင် သောက်နေကြရတယ်။

ဘာလုပ်မှာလဲ အစ်မရယ်... ရေရောထားတဲ့ နို့တစ်ပိဿ အစား၊ မလိုင် တစ်ကျပ်သားပဲ စားလိုက်ရင်ပဲ၊ အဟာရ ဖြစ်တည် အကျိုးရှိမှု ကတော့ အတူတူပဲပေါ့...အဲ တစ်ခုတော့ ရှိတယ်...နွားနို့ကိုရေရောထားကို အတု၊ အစစ် ခွဲခြား နိုင်သလို......မလိုင်လဲ ချက်တတ်အုန်းမှ..... အဲဒီ ဥပမာလိုပဲပေါ့။

ကျွန်တော်တို့ အနုပညာ ရပ်ဝန်းမှာ ရုပ်ရှင်၊ ဂီတ၊ စာပေ၊ ပန်းချီ စသည်ဖြင့်ပေါ့၊ အမျိုးမျိုး ရှိနေကြတာပါ။ ရုပ်ရှင် ဆိုပါစို့။

ရုပ်ရှင်မှာ ဆိုရင် ဒါရိုက်တာက စပြီး မင်းသား၊ မင်းသမီး၊ ဇာတ်ပို့၊ ဇာတ်ရံ...စသည်တို့ဖြင့်ပေါ့လေ။ အဲဒီ ရုပ်ရှင် သမားတွေရဲ့ Art Exibition ဟာ အဲဒီ ရုပ်ရှင်ကားပါပဲ။ အဲဒီ Art Exibition မှာ ပါဝင်တဲ့ အနုပညာသည်တွေဟာ သူတို့ရဲ့ ပြပွဲမှာ သူတို့ရဲ့ နာမည်ကို ဖေါ်ပြပုံဟာ ရိုးရိုးလေးပါပဲ။သူတို့ နာမည် ထိုးရင်ထိုး၊ ပြီးရင် နာမည်ရှေ့ အကယ်ဒမီ ဘယ်သူ ဘယ်ဝါ တပ်ယုံပါပဲ။ ဥပမာ- အစ်မရယ်... အကယ်ဒမီ ကျော်ဟိန်း၊ အကယ်ဒမီ နေအောင်၊ ဒီလောက်ပါပဲ.......

ဒီ အကယ်ဒမီ ဆိုတာကြီးဟာ တစ်ကြိမ်လုပ်ဆောင် ယုံနဲ့ ရခဲ့ကြတာ မဟုတ်ပါဘူး။ အကြိမ်ကြိမ် ကြိုးစား ကျော်ဖြတ် ပြီးမှ ရခဲ့တာပါ။ အတော်တန်ဘိုးကြီးတဲ့ Biography တစ်ခုပါပဲ။ သို့သော်လည်းပဲ၊ သူတို့ရဲ့ Art Show (ရုပ်ရှင်) မှာ အရှည်ကြီး မဖော်ပြပါဘူး။ အကယ်ဒမီ ဘယ်သူပေါ့၊ ဒီလောက်နဲ့ ပြီးတာပါပဲ။ ဒီလိုပါပဲ ဂီတလောက ဘက်မှာလည်းကြည့်၊ ဂီတပုံစံတွေ အကွဲကွဲ အမျိုးမျိုးရှိပေမဲ့၊ သူတို့ရဲ့ Art Exhibition ဖြစ်တဲ့ သူတို့ သီချင်း စီးရီးတွေမှာ Biography မပါပါဘူး၊ ရေးလေ့ရေးထ မရှိပါဘူး။ အဲဒီလို စာပေ၊ သဘင် စသည်တို့မှာလဲ သူတို့ရဲ့ ၀တ္ထုတွေ ဇာတ်ပွဲတွေမှာ Biography တွေ ရှည်ရှည်ဝေးဝေး ဖေါ်ပြပြီး၊ ရေးကြ၊ ကကြတာ မတွ့ရပါဘူး။ ကျွန်တော်တို့ ပန်းချီ ဆရာတွေ ကျမှ ဘာဖြစ်လို့ ကိုယ်ဖြတ်ခဲ့ရတဲ့ လမ်းတွေ၊ မှတ်တိုင်တွေ အများအပြားကို စာတမ်းရှည်ကြီးတွေ ပြုစုပြီး Biography မှာ ဖေါ်ပြကြတာလဲ ဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး။

  • ဒီလို တွေးကြည့်မတယ်
  • ကိုယ်ပြနေတဲ့ ပန်းချီကားရဲ့ ပစ္စုပ္ပန် ကာလကို မယုံကြည်လို့လား။
  • ပရိတ်သတ် ပန်းချီကားကိုပဲ သန့်သန့်လေး ခံစားတာကိုပဲ မတင်းတိမ် နိုင်လို့လား။
  • မိမိရဲ့ Biography နဲ့ ပေါင်းမှ ပန်းချီကားဟာ ပိုမိုပြီး မြောက်ပြည့်စုံမယ် ထင်လို့လား။
  • ဒါမှမဟုတ် ပန်းချီ လောက ဓလေ့ ထုံးစံ (ရိုးရာ) ဖြစ်နေတာလား။
  • ဘာပဲပြောပြော ... ကျွန်တော် အမြင်က၊ ပန်းချီ အပေါ်မှာ ရှိတဲ့ ယုံကြည် စိတ်နည်းလွန်းအားကြီးတယ်လို့ ထင်တယ်။ ကိုယ့်အနုပညာ ဖော်ပြရာမှာ အနုပညာ သီးသန့် တင်ပြရင် ရနိုင်ရဲ့သားနဲ့ biography ဆိုတဲ့ ရေများများရောပြီးမှ... ထုထည်ထွက်လာတဲ့.. စိုးရိမ်စိတ်၊ ယုံကြည်မှု နည်းလွန်း အားကြီးတဲ့... အဟာရ ပါဝင်မှု နည်းတဲ့ နို့တစ်ခွက်လို့ပဲ ခံစား မိပါတယ် အစ်မ။
  • ကျွန်တော်တော့ စဉ်းစားလို့ကို မရဘူး။ ဘာကြောင့်လဲပေါ့.....ပန်းချီ ဆရာတွေ စဉ်းစားစေချင်ပါတယ်။

အသံမဲ့၊ အကြားမဲ့၊ စာလုံးမရှိတဲ့၊ လွတ်လပ်တဲ့ ပန်းချီ ဆရာတွေ အတွက် စာလုံးတွေနဲ့ ရှင်သန် သလဲပေါ့လေ။ ကျွန်တော်တော့ စဉ်းစားလို့ မရဘူး။ " အကြိမ်ကြိမ်" ဆိုတာ လူတိုင်းမှာ ရှိပါတယ်။ ဘယ်သူမှ တစ်ကြိမ်ထဲ ဖြစ်မသွားပါဘူး။ တစ်ကြိမ်ထဲ ဖြစ်သွားတယ် ဆိုရင်လည်း အင်မတန် ထူးခြားကောင်းမွန်တဲ့ ကံရှိတဲ့ သူမှပဲ။ အဲဒီ အကြိမ်ကြိမ် ဆိုတာ အမှန်တော့ အကျင့်ပဲ။ အစွန်း(စွမ်း) ပေါင်းမိရင်တော့ ဖြစ်လာမှာပဲ။ အစ်မ" ကြက်ပေါင်းရည်" သောက်ဖူးတယ် မဟုတ်လား။ ကြက်ပေါင်းရည် ဆိုတာ ကြက်တစ်ကောင်လုံးရဲ့ အဟာရတွေ။ သူ့အာနိသင်တွေ အကုန်ရအောင် ပေါင်းထားတာ။" ကြက်ပေါင်းရည်" ဆိုတာ ကြက်တစ်ကောင်လုံးရဲ့ " အဆီအနှစ်" ပဲ ပေါင်းပြီး ကျန်ခဲ့တဲ့ ကြက်သားက ဘေးထွက် ပစ္စည်း၊ ဒါမှ မဟုတ် ကြက်ပုံ သဏ္ဍန်ရှိသော အစိုင်အခဲ တစ်ခုပဲ။ သူ့မှာ ကြက်တစ်ကောင်ရဲ့ တန်ဖိုး၊ အရသာ၊ အာနိသင် ဘာမှ မရှိတော့ပါဘူး။ ဒါပေမယ့် ဒီဟာကိုလည်း မစွန့်ပစ်ဘူး။ အရသာ၊ အဟာရ ပြည့်ဝတဲ့ ကြက်ပေါင်းရည် သောက်ပြီးတာတောင် ဘာမှ မကျန်တော့တဲ့ ကြက်တစ်ကုန်လုံးကို စွန့်မပစ်ချင်ကြဘူး။ အဲဒီ စရိုက်ဟာ လူပါပဲ။ ဒီတော့ ဘာမှ မရှိတော့တဲ့ ကြက်ကောင်ကြီးကို ပစ်ချပြီး အရသာ၊ အဟာရနဲ့ ပြည့်စုံတဲ့ ကြက်ပေါင်းရည် ခရီးဆက်တာ အကောင်းဆုံးပါပဲ။ အဲဒါဟာ အနုပညာ အပေါ် ကျွန်တော် ထားတဲ့၊ ကျွန်တော် အမြင်ပါ.

Q:

ကိုအောင်မင်း ဖန်တီးဖြစ်ခဲ့တဲ့ Extra Dimension နဲ့ ပက်သက်လို့ ခံစားမှုမျိုး ရရှိခဲ့ပါသလဲ။ ဒါနဲ့ ပက်သက်တဲ့ ဒဿနလေးလဲ သိချင်ပါတယ်။

Ans:

ကျွန်တော် ခုနက ပြောခဲ့သလိုပါပဲ Extra Dimension ကို ဖန်တီး နေစဉ်မှာ ကျွန်တော် အဆီ အနှစ်ကို စားသုံးနေရ သလိုပီတိ ဖြစ်နေပါတယ်။ ရောင်းရရေး၊ ချီးမွန်းခံရရေး .....စတဲ့ အရသာမဲ့ ကြက်ကိုယ်ထည်ကြီးကို စွန့်ပစ်ခဲ့မှာပဲ။

အရင်က ...2 Dimension တွေပဲ ဖန်တီးရေးဆွဲ ဖြစ်ခဲ့တယ်။ 2 Dimension ကကျွန်တော့ ကိုယ်ကျွန်တော် အငြင်းပွားစေတယ်။ ကိုယ့်ကိုကိုယ် မကျေနပ်နိုင်ခဲ့ဘူး။ အခု Extra Dimension ကို ဖန်တီးရေးဆွဲတယ်။ Extra Dimension က ကျွန်တော့ကို လူ့လောကကြီးမှာ နေသားတကျ ဖြစ်စေပါတယ်။ ကျွန်တော့ အတွက်တော့ မြန်မာနိုင်ငံမှာ မွေးဖွားတဲ့ မြန်မာနိုင်ငံသား ဖြစ်နေတာရယ် ဗုဒ္ဓဘာသာ ၀င်ဖြစ်နေတာ ရယ်ဟာ ကျွန်တော်တွေ့ကြုံ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ဖြေရှင်သွားစေခဲ့ပါတယ်။ ဒါဟာလည်း Extra Dimension ဖန်တီးဖြစ်တဲ့ အကြောင်းထဲမှာ တစ်ခုပါဝင်နေခဲ့ ပါလိမ့်မယ်။ ကျွန်တော် ယုံကြည်ထားတဲ့ ဒဿန ကတော့ ကျွန်တော်ဖတ်ဘူးတဲ့ ကဗျာ တစ်ပိုဒ်ထဲက "လမ်းဘယ်လို ဖြတ်ဖြတ် ကမ်းကပ်တော့ အတူတူ" ဆိုတဲ့ စာသားလေး အတိုင်းပါပဲ။ လမ်းတွေ ဘယ်လောက်များများ၊ အမျိုး အစားဘယ်လောက်ကွဲကွဲ "ကမ်း" ဆိုတာ တစ်ခုထဲရှိတယ်။ အရာအားလုံးကို တစ်ကယ်သဘောပေါက်ရင် တစ်နေရာထဲ ဦးတည်နေမှာပါပဲ။ ကိုယ်ကပ်ရမဲ့ ဆိပ်ကမ်းနဲ့ ဒီဟာတွေ ကိုတော့ သိထားဖို့လိုတာပေါ့။ သင်္ဘော တစ်စင်း ရွက်လွှင့် နေပေမဲ့ ဆိပ်ကမ်း မသိရင် ဘယ်လိုလုပ်မလဲ။ လေစုန်လေဆန်မှာ မျောနေမှာပဲ။ ရောက်ရင်တောင် တော်တော်ကြာမှ ရောက်လိမ့်မယ်။ လမ်းကြောင်းသိထားတဲ့သူတွေကတော့ ရောက်ကိုရောက်မှပဲ။ မြန်လဲမြန်ဆန်နိုင်မယ်။ ကိုယ်ကပ်ရမဲ့ ယာဉ်ကို သိထား၊ နားလည်ထားရမှာပဲပေါ့။ လမ်းမှာ အခက်အခဲတွေ၊ နာကျင်မှုတွေလဲ တွေ့ရမှာပဲ။ နာကျင်မှု ဆိုရာမှာ ဒဏ်ရာ အညိုအမဲစွဲတဲ့ ပြင်ပ နာကျင်မှုက ပျောက်လွယ်တယ်။ ကြာလှ နှစ်ပတ်၊ တစ်လ အလွန်ဆုံးပေါ့။ စိတ်ထဲက ဒဏ်ရာ နာကျင်မှုကတော့ နွေ၊မိုး၊ဆောင်း ဥတုသုံးပါးလုံးကာ လမရွေး နာကျင်နေနိုင်တယ်။ စိတ်ဒဏ်ရာရှိတဲ့ လူက ခရီးအဝေးကြီး မသွားနိုင်ပါဘူး။ ဒီနာကျင်မှုတွေကပဲ သူကပ်ရမဲ့ လမ်းကို ပိုပြီး သဘောပေါက် နိုင်မှာ ဖြစ်သလို၊ သူဖြတ်ရမဲ့ လမ်းကိုလည်း ရွေးချယ်နိုင်ပါလိမ့်မယ်။ အဓိက ကတော့ " လမ်းဘယ်လို ဖြန်ဖြတ် ကမ်းကပ်တော့ အတူတူပါပဲ"

Q:

ကိုအောင်မင်းရဲ့ ပန်းချီကားတွေ အပေါ်မှာ ခံစားသူတွေ အနေနဲ့ ကိုအောင်မင်း ပေးချင်တဲ့ message တွေ ရလိမ့်မယ်လို့ မျှော်လင့်ပါသလား။

Ans:

ကျွန်တော် ဖန်တီးရေးဆွဲကထဲက message ပေးမယ်လို့ မရည်ရွယ်ခဲ့ပါဘူး။ ဒါတွေဟာ passed word ချင်းတူမှ၊ ရင်ခုန်သံ ချင်းတူမှ ဖွင့်နိုင်မယ့် အကြောင်းအရာတွေပါပဲ။

ခင်သန်းဖြူ
Back to Top
advertisements