Guest
 
 
₪ Art Interviews
ပန်းချီဆရာကြီး ဦးနန်းဝေနှင့် တွေ့ဆုံခြင်း
Read More Interviews...
Artist အောင်မင်း ( Magic Art Art Gallery ) နှင့် တွေ့ဆုံခြင်း Artist အောင်မင်း ( Magic Art Art Gallery ) နှင့် တွေ့ဆုံခြင်း
Art Works အသစ်များ ဖန်တီးနေသော Artist ငြိမ်းချမ်းဆု (NCS) နှင့် တွေ့ဆုံခြင်း Art Works အသစ်များ ဖန်တီးနေသော Artist ငြိမ်းချမ်းဆု (NCS) နှင့် တွေ့ဆုံခြင်း
ပန်းချီဆရာ သူရိန်နှင့် တွေ့ဆုံခြင်း ပန်းချီဆရာ သူရိန်နှင့် တွေ့ဆုံခြင်း
   ကိုကြည်ဝင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း ကိုကြည်ဝင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း
ဆရာကြီး ဦးခင်မောင်သန်းနှင့် တွေ့ဆုံခြင်း ဆရာကြီး ဦးခင်မောင်သန်းနှင့် တွေ့ဆုံခြင်း
မင်းကွန်းက ပန်းချီ ဆရာမလေး ဋ္ဌေးဋ္ဌေးနှင့် တွေ့ဆုံခြင်း မင်းကွန်းက ပန်းချီ ဆရာမလေး ဋ္ဌေးဋ္ဌေးနှင့် တွေ့ဆုံခြင်း
New Zero Art Space ရဲ့ ဒါရိုက်တာအဖွဲ့ဝင် Artist ကိုအေးကိုနှင့် တွေ့ဆုံခြင်း New Zero Art Space ရဲ့ ဒါရိုက်တာအဖွဲ့ဝင် Artist ကိုအေးကိုနှင့် တွေ့ဆုံခြင်း
Technique အသစ်တွေ၊ ဖန်တီးမှုအသစ်တွေနဲ့ ပန်းချီ မြတ်နိုးသူတွေကို ခံစားမှုပေးဦးမဲ့ မင်းကွန်းက Artist ဇော်မင်း Technique အသစ်တွေ၊ ဖန်တီးမှုအသစ်တွေနဲ့ ပန်းချီ မြတ်နိုးသူတွေကို ခံစားမှုပေးဦးမဲ့ မင်းကွန်းက Artist ဇော်မင်း
မင်းကွန်းမှာ Art Workshop ဖွင့်လှစ် ထားသည့် ဆရာ ရာဟုလာနှင့် တွေ့ဆုံခြင်း မင်းကွန်းမှာ Art Workshop ဖွင့်လှစ် ထားသည့် ဆရာ ရာဟုလာနှင့် တွေ့ဆုံခြင်း
Poetic ဆန်ဆန်လေးတွေနဲ့ Art Works မျိုးစုံ ဖန်တီးနိုင်တဲ့ Artist ဖြူမွန်နှင့် တွေ့ဆုံခြင်း Poetic ဆန်ဆန်လေးတွေနဲ့ Art Works မျိုးစုံ ဖန်တီးနိုင်တဲ့ Artist ဖြူမွန်နှင့် တွေ့ဆုံခြင်း
အရောင်များကို ချဉ်းကပ်ပြီး Abstract Art တွေဖန်တီးနေတဲ့ Artist ဦးမျိုးခင်နှင့်တွေ့ဆုံခြင်း အရောင်များကို ချဉ်းကပ်ပြီး Abstract Art တွေဖန်တီးနေတဲ့ Artist ဦးမျိုးခင်နှင့်တွေ့ဆုံခြင်း
Traveller 2007 photo and Art Show ဖန်တီးသူများနှင့် တွေ့ဆုံခြင်း Traveller 2007 photo and Art Show ဖန်တီးသူများနှင့် တွေ့ဆုံခြင်း
Contemporary Artist နန်းနန်းနှင့် တွေ့ဆုံခြင်း Contemporary Artist နန်းနန်းနှင့် တွေ့ဆုံခြင်း
နှစ်ပေါင်း (၂၀) သက်တမ်းရှိပြီ ဖြစ်သည့် “GV Art Centre” ပိုင်ရှင်များနှင့်တွေ့ဆုံခြင်း နှစ်ပေါင်း (၂၀) သက်တမ်းရှိပြီ ဖြစ်သည့် “GV Art Centre” ပိုင်ရှင်များနှင့်တွေ့ဆုံခြင်း

ပန်းချီဆရာကြီး ဦးနန်းဝေနှင့် တွေ့ဆုံခြင်း
ပန်းချီဆရာကြီး ဦးနန်းဝေနှင့် တွေ့ဆုံခြင်း
₪ Interview
“ပန်းချီဆရာကြီး ဦးနန်းဝေနှင့် တွေ့ဆုံခြင်း”

ပန်းချီဆရာကြီး ဦးနန်းဝေဟာ ၂၀၀၇-ခုနှစ် ဒီဇင်ဘာလ (၁၀)ရက် နေ့မှာ အသက် (၈၁)နှစ်ပြည့်ပြီ ဖြစ်လို့ ဆရာ့မွေးနေ့ အမှတ်တရ ပန်းချီပြပွဲတစ်ခုကျင်းပနိုင်ဖို့ ကံ့ကော်ရွာအဖွဲ့သားတွေကအပြင်းအထန်လှုပ်ရှားနေကြပြီ ဖြစ်ပါတယ်။ ဆရာကြီးဦးနန်းဝေရဲ့ပန်းချီကားတွေဟာ အခုချိန်မှာ အလွန်ရှားပါးသွားပြီးဖြစ်တဲ့အပြင် ဆရာ့ကျန်းမာရေး ကလည်း သိပ်မကောင်းလှတော့ပါဘူး။ ဆရာဟာတက္ကသိုလ်အနုပညာအသင်းအပေါ်မှာ သံယောဇဉ်ကြီးခဲ့သူ ဖြစ်သလို တက္ကသိုလ်နယ်မြေကိုလည်းချစ်ခင်တွယ်တာလှသူဖြစ်ပါတယ်။ တက္ကသိုလ်အနုပညာအသင်းကို ထာဝစဉ်ပံ့ပိုးကူညီ ပေးခဲ့သလို တက္ကသိုလ် အနုပညာ အသင်းသားများ စုပေါင်းဖွဲ့စည်းထားတဲ့ “ကံကော်ရွာ” ပန်းချီမိသားစုကိုလည်း ယခုအချိန်အထိ သံယောဇဉ်ကြီးစွာ ကူညီပေးနေဆဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ပန်းချီ မရေးဆွဲ နိုင်တော့တဲ့ အပြင် ကျန်းမာရေးကလည်း သိပ်မကောင်း လှတော့တာကြောင့် ဆရာနဲ့တွေ့ဆုံဆွေးနွေး ထားသမျှလေးတွေကို အမှတ်တရ ဖေါ်ပြ ပေးလိုက်ပါတယ်။

Q:

ဆရာအရင်က Portrait (ပုံတူ) ပုံတွေ တော်တော်ရေး ဆွဲခဲ့တယ်နော်။ ဒီပုံတွေထဲက ထူးထူးခြားခြားလေး ရှိရင် ပြောပြ ပေးပါဆရာ။

Ans:

ထူးထူးခြားခြား ပြောရရင် တော့ အသက်(၈၀)ကျော်အရွယ် ဆရာကြီးတွေရဲ့ပုံတူတွေ ဆွဲခဲ့တာပါပဲ။ အားလုံး (၅)ဦးပေါ့။ ဦးဖေတင်မောင် (ရန်ကုန်တက္ကသိုလ်)၊ ဦးဘ (ပညာရေးတက္ကသိုလ်၊ ဦးကာ၊ Dr လှဖူး (ဖီလော်ဆော်ဖီ၊ ခရစ်ယာန် အကြီးအကဲ)၊ Jusin Centre နဲ့အယ်လ်ထင်းစီ (မန္တလေးကောလိပ်ရဲ့ ပထမဦးဆုံးကျောင်းအုပ်ကြီး)တို့ပါ။ ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင်အတွက် ရေးခဲ့တာတွေပေါ့။

Q:

ဘယ်အရွယ်တွေပါလဲဆရာ

Ans:

ပုံတွေက Size ကြီးတွေချည်းပါပဲ။

Q:

ဒီပုံတွေကအခုဘယ်မှာရှိပါသလဲဆရာ

Ans:

တစ်ချို့ပုံတွေက ဘယ်ကိုရောက်ကုန်မှန်း မသိပါဘူး။ အရင်ကတော့ တက္ကသိုလ်ဘွဲ့နှင်း သဘင်မှာ ချိတ်ခဲ့တာပဲ။ ပြန်ရှာလို့ရမယ် ဆိုရင်တော့ ဒီပုံတွေ ပြန်လိုချင်ပါသေးတယ်။ ရွှေရတုတုန်းက ကားတွေ စာရင်းပြန် ရှာရင် တွေ့မှာပါ။

Q:

ဆရာရေးတဲ့ Portrait ပုံတွေထဲမှာအခုအမျိုးသားပြတိုက်က ပြတိုက်မှူးလည်းဖြစ်တဲ့ဒေါ်နုမြဇံရဲ့ ပုံတူလည်းပါတယ်လို့ကြားမိပါတယ်။

Ans:

ဟုတ်တယ်။အဲဒီတုန်းက နုမြဇံက ကျောင်းသူပဲရှိသေးတယ်။ရခိုင်အက၊ ကတော့သူကတာကြည့် ရတာ ပန်းချီဆန်လို့နုမြဇံ ပုံတူရေးပေးခဲ့တယ်။

Q:

တခြားဘာကားတွေရေးဖြစ်ခဲ့ပါသေးလဲဆရာ

Ans:

အလုပ်မထွက်ခင် ပန်းချီပြပွဲ တစ်ပွဲ လုပ်မယ်ဆိုပြီး “ အ” သုံးလုံး အတွက်ကား (၁၁)ကားရေးခဲ့သေးတယ်။ ဒီလောက်ပါပဲ။

Q:

ဆရာတို့ခေတ်က ပန်းချီပြပွဲ လုပ်ခဲ့တာ လေးတွေလည်း သိပါရစေဆရာ။

Ans:

တစ်ခါကတော့ အင်္ဂလန်က “Gold Smith collage Of Art” ရဲ့ကျောင်းအုပ်ကြီး “ ဘင်းဘရစ်(ခ်ျ) ကော့(စ်)နောလ်” နဲ့တွဲပြီးဆရာတို့ မြန်မာ ပန်းချီဆရတွေ ပြပွဲ လုပ်ခဲ့ ပါသေးတယ်။ သူက ဗိုလ်ချုပ် ကြေးရုပ်ကြီး ထုပေးခဲ့တဲ့ ပန်းပု ဆရာကြီးပေါ့။ ကြေးရုပ်ကြီးထုပြီး မြန်မာပြည် လာပို့ရင်းနဲ့ ဆရာ သိပြီးခင်သွားတာ။ သူတို့နဲ့ တွဲဖတ်ပြီး ဒီက ပန်းချီဆရာတွေ ဖြစ်တဲ့ ဦးဘကြည်၊ ဦးငွေကိုင်၊ ဦးစံဝင်းနဲ့ ဆရာတို့ ပန်းဆိုးတန်းက British Council Studio မှာလုပ်ခဲ့တယ်။ ပန်းချီကားတွေ ရောင်းလဲရောင်း ကြရတယ်။ ဟိုတုန်းကတော့ ပန်းချီကားက နိုင်ငံခြားသားပဲ ဝယ်တာပေါ့။ အဝယ်ဆုံးကောင်တွေက သင်္ဘောသားတွေပဲ။ ၁၉၅၂-ခုနှစ်ကလည်း “B.C Studio” မှာ one man show လုပ်ခဲ့သေးတယ်။

Q:

နောက်ရော ဆရာ့အတွက် ဘယ်သူတွေများ အမှတ်တရ ရှိပါဦးမလဲ ဆရာ

Ans:

အမှတ်တရ ရှိခဲ့တာကတော့ အမေရိကန်ရေဆေး ပန်းချီဆရာ “ ဝီလျှံ အေစမစ်”ပေါ့၊ သူက Water Color အနေနဲ့ အမေရိကန်ကို ကိုယ်စားပြုတဲ့ အဆင့်ရှိတယ်။ “ Venice Vinale ” ပန်းချီပန်းပုပြပွဲ၊ (International Exhibition) ပြဖို့ အမေရိကန်နိုင်ငံ ကိုယ်စားပြုနှိုင်တဲ့ ဆရာတွေမှ ပြခွင့်ရှိတာ။ သူကဆရာ့အိမ် ရောက်လာတယ်။ ရွှေတိဂုံပေါ်မှာ ပန်းချီ အတူတူ ရေးကြတယ်။ နောက် ပဲခူး သွားတော့လမ်းမှာ တံငါရွာလေး တစ်ရွာတွေ့လို့ အဲဒီမှာလည်း ထိုင်ရေး ကြသေးတယ်။ သူနဲ့အမှတ်တရ အဖြစ်ဆုံးကတော့ သူနဲ့အတူတူ ရာမဇာတ် သွားကြည့်ကြတဲ့ ညပါပဲ။ သူ့မိန်းမကလည်း အမေရိကန်ပဲ။ အဲဒီညက ရာမဇာတ်ကြည့်ပြီး ဆရာအိမ်ပြန်လာတော့ မနက် မိုးလင်းခါနီးနေပြီ။ အဲဒီမှာ ဆရာတို့ရပ်ကွက် မီးလောင်တာနဲ့ ကြုံနေတော့ အံ့အား သင့်နေတာပေါ့။ ဖယောင်းတိုင်လုပ်တဲ့ နေရာက စလောင်တာတဲ့။ ဒါပေမယ့် မီးသတ်သမားက ဆရာ့အိမ်ကို ကြိုပြီးရေနဲ့ ဖြန်းထားပေးလို့ ဆရာ့အိမ်တော့ မီးထဲမပါပဲ လွတ်သွားတယ်။ “အေစမစ်” က “Venice Vinale” မှာ ဝင်ပြပြီး အဲဒီမှာ ပြတဲ့ကားတွေကို “Burma America Institute” မှာ လာပြတယ်။ အင်္ဂလိပ်စာ သင်ပေးတဲ့ နေရာပေါ့။

Q:

ဆရာစာပေနဲ့ ပတ်သက်ပြီး သုတေသန လုပ်ငန်းတွေလည်း လုပ်ခဲ့ သေးတယ်နော်။

Ans:

စာက ဖြစ်ဖြစ်မြောက်မြောက် သိပ်မဟုတ်လှပါဘူး။ ကိုယ့်လုပ်ငန်းက စာနဲ့ပ တ်သက်လို့ လုပ်ဖြစ်ခဲ့တာပါ။ ၁၉၆၂ ခုနှစ်မှာ မှော်ဘီ၊ တပ်ကြီးကုန်း၊ စာဖြူစု စိုက်ပျိုးရေး သုတေသန လုပ်ခဲ့တယ်။ ၁၉၆၃ ကတော့ ပုဂံမှာ သီရိပစ္စယာရွာမှာ လေ့လာပြီး စာတမ်းရေးခဲ့တယ်။ ၁၉၆၄ မှာကျတော့ ရှမ်းပြည်၊ ဟဲယား ရွာမရေပေါ်ကျွန်း စိုက်ပျိုးရေး သုတေသန လုပ်တယ်။ ၁၉၆၅ မှာ Service man ဖြစ်သွားတယ်။ စက်တင်ဘာ (၁၅) ရက်မှာတော့ Service man အနေနဲ့ တက္ကသိုလ်ဘာသာပြန်နဲ့ စာအုပ် ထုတ်ဝေရေးဌာနမှာ တက္ကသိုလ် မြန်မာအဘိဓါန် သရုပ်ပြပန်းချီဆရာ လုပ်ခဲ့တယ်။ စာတည်းမှူးက မင်းသုဝဏ် (ဦးဝဏ်) ပေါ့။ စက်မှုတက္ကသိုလ် ပါမောက္ခချုပ် ဦးရုံးမှိုရဲ့ မေတ္တာ ရပ်ခံချက်အရ ရန်ကုန် စက်မှုတက္ကသိုလ်၊ ဗိသုကာဌာနရဲ့ အကြံပေးအဖြစ်လည်း ဆောင်ရွက်ခဲ့ရတယ်။ အဲဒီမှာတော့ နှစ်စဉ်နှစ်တိုင်း ပုဂံဘုရားပုထိုးများကို တိုင်းတာ ပုံဆွဲခြင်း အတွက် ဗိသုကာကျောင်းသားတွေ ကွင်းဆင်း သွားရင် လိုက်ပေးခဲ့ရတယ်။ နောက် အင်ဂျင်နီယာတွေနဲ့လည်း အလုပ်လုပ် ခဲ့ရသေးတယ်။ ညဘက်တွေမှာ မြို့ပြ အင်ဂျင်နီယာဌာနနဲ့ နက္ခတ်ပညာ လေ့လာခဲ့တယ်။ နက္ခတ်ကညမှ ကြည့်လို့ရတာဆိုတော့ စက်မှုတက္ကသိုလ် ခေါင်မိုး၊ အလင်းရောင်မရှိတဲ့ နေရာကနေ ကြည့်ရတာ။ သုတေသန Confrence နှင့် မြန်မာနက္ခတ်ပုံများ စာတမ်းကို ဖတ်ကြားခဲ့တယ်။ ဗိသုကာပညာ ပြသာဒ် ဆောင်ကြိုးကို ဖတ်ခဲ့တယ်။ နောက်ကံသာစိမ်းလဲ့တို့ ဘာတို့လည်း ဖတ်ခဲ့တယ်။ သိပ်တော့ မမှတ်မိတော့ပါဘူး။

Q:

ဆရာတောင်ကြီးမှာလည်း ပြပွဲလုပ်ခဲ့သေးတယ်နော်။

Ans:

ဟုတ်တယ်။ ၁၉၆၄ ခုနှစ်က တောင်ကြီးမှာ ပြပွဲလုပ်သေးတယ်။ ဆရာနဲ့ ခင်တာက ညောင်ရွှေက ပန်းပုဆရာ ကိုထွန်းမောင်နဲ့ခင်တာ၊ တည်းတော့လည်း ညောင်ရွှေက သူ့အိမ်မှာသွားတည်းတာပဲ။ “ညောင်ရွှေဟော်” ကားနှစ်ကား ရေးခဲ့သေးတယ်။ တောင်ကြီး “crack hill” ပေါ်ကနေ တောင်ကြီးမြို့ကိုလည်း ရေးခဲ့တယ်။

Q:

ကရင်ပြည်နယ် သွားခဲ့တာရော ပြောပေးပါအုံးဆရာ။

Ans:

တောင်ကြီးပွဲ မတိုင်ခင် ကရင်ပြည်နယ်၊ သံတောင်ကို “ကရင် ကျေးလက် တောရွာဖွံ့ဖြိုးရေး” အတွက် တက္ကသိုလ် ကရင် ကျောင်းသူ ကျောင်းသားတွေနဲ့ သံတောင်ကို ခရီးထွက်ခဲ့တယ်။ အဲဒီမှာရှုမျှောင်ခင်းနဲ့ လူပုံဆွဲခဲ့သေးတယ်။ သံတောင် တဝိုက်တုန်းက အရှေ့ဆို “လိပ်ပြာရွာ” အထိရောက်တယ်။ အရှေ့တောင်ဆိုရင် နာမည်တော့ မေ့နေပြီ။ အဲဒီရွာလေးတစ်ရွာ ရောက်တယ်။ အဲဒီမှာ မိန်းမ၊ ယောက်ျားတွေက အရပ်အရှည်ကြီးတွေ။ ဆီးကြိုတဲ့ မိန်းမက ဆေးတံခဲလို့ပေါ့။ သံတောင် မရောက်ခင် “တောပြာကြီး” ရွာ။ ကရင်လို (ဘလချီး)ရွာမှာ ဘက်(ပ)တစ်ကွန်ဗေးရှင်း (Beptic Convention) လုပ်ခဲ့ပြီး ပုံဆွဲခဲ့သေးတယ်။ ဒီကားတွေယူပြီးမှ တောင်ကြီး ပြပွဲလုပ်ခဲ့တာ။ ပြပွဲတာဝန်ယူသူက ဒီကားတွေပါ လာယူသွားတာ။ တောင်ကြီးက ပြန်လာတော့ ၁၉၆၄၊ တန်ခူးလမှာ ရှမ်းပြည်မှာရှိတဲ့ တက္ကသိုလ် စားသောက်ဆိုင်မှာ ကန်ထရိုက် နှစ်နှစ်ဆွဲခဲ့ဘူးတယ်။ ဆရာလုပ်တာတော့ မဟုတ်ပါဘူး။ ဆရာ့မိခင်ကြီး (မာမီသန်း) ကလုပ်ချင်တယ်ဆိုလို့ လုပ်ပေးခဲ့တာ။ အဲဒီအထိတော့ လုပ်ချင်တာတွေ လုပ်ခဲ့တာပဲ။ ၁၉၇၄ မှာ မွေးနေ့လုပ်တယ်။ ၁၉၇၅-၇၆ အထိတော့ မျက်စေ့က ကောင်းနေသေးတယ်။ ၁၉၇၇ နောက်ပိုင်းမှာတော့ ကိုယ်ရေးတာ ကိုယ်ပြန်ဖတ်လို့ မရတော့ဘူး။ ဒီဘက်ပိုင်းဆို စာရော၊ ပန်းချီရော မရေးသလောက်ပါပဲ။

Back to Top
advertisements