Guest
 
 
₪ Art Interviews
ဆရာကြီး ဦးခင်မောင်သန်းနှင့် တွေ့ဆုံခြင်း
Read More Interviews...
Artist အောင်မင်း ( Magic Art Art Gallery ) နှင့် တွေ့ဆုံခြင်း Artist အောင်မင်း ( Magic Art Art Gallery ) နှင့် တွေ့ဆုံခြင်း
Art Works အသစ်များ ဖန်တီးနေသော Artist ငြိမ်းချမ်းဆု (NCS) နှင့် တွေ့ဆုံခြင်း Art Works အသစ်များ ဖန်တီးနေသော Artist ငြိမ်းချမ်းဆု (NCS) နှင့် တွေ့ဆုံခြင်း
ပန်းချီဆရာ သူရိန်နှင့် တွေ့ဆုံခြင်း ပန်းချီဆရာ သူရိန်နှင့် တွေ့ဆုံခြင်း
   ကိုကြည်ဝင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း ကိုကြည်ဝင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း
မင်းကွန်းက ပန်းချီ ဆရာမလေး ဋ္ဌေးဋ္ဌေးနှင့် တွေ့ဆုံခြင်း မင်းကွန်းက ပန်းချီ ဆရာမလေး ဋ္ဌေးဋ္ဌေးနှင့် တွေ့ဆုံခြင်း
New Zero Art Space ရဲ့ ဒါရိုက်တာအဖွဲ့ဝင် Artist ကိုအေးကိုနှင့် တွေ့ဆုံခြင်း New Zero Art Space ရဲ့ ဒါရိုက်တာအဖွဲ့ဝင် Artist ကိုအေးကိုနှင့် တွေ့ဆုံခြင်း
Technique အသစ်တွေ၊ ဖန်တီးမှုအသစ်တွေနဲ့ ပန်းချီ မြတ်နိုးသူတွေကို ခံစားမှုပေးဦးမဲ့ မင်းကွန်းက Artist ဇော်မင်း Technique အသစ်တွေ၊ ဖန်တီးမှုအသစ်တွေနဲ့ ပန်းချီ မြတ်နိုးသူတွေကို ခံစားမှုပေးဦးမဲ့ မင်းကွန်းက Artist ဇော်မင်း
မင်းကွန်းမှာ Art Workshop ဖွင့်လှစ် ထားသည့် ဆရာ ရာဟုလာနှင့် တွေ့ဆုံခြင်း မင်းကွန်းမှာ Art Workshop ဖွင့်လှစ် ထားသည့် ဆရာ ရာဟုလာနှင့် တွေ့ဆုံခြင်း
Poetic ဆန်ဆန်လေးတွေနဲ့ Art Works မျိုးစုံ ဖန်တီးနိုင်တဲ့ Artist ဖြူမွန်နှင့် တွေ့ဆုံခြင်း Poetic ဆန်ဆန်လေးတွေနဲ့ Art Works မျိုးစုံ ဖန်တီးနိုင်တဲ့ Artist ဖြူမွန်နှင့် တွေ့ဆုံခြင်း
အရောင်များကို ချဉ်းကပ်ပြီး Abstract Art တွေဖန်တီးနေတဲ့ Artist ဦးမျိုးခင်နှင့်တွေ့ဆုံခြင်း အရောင်များကို ချဉ်းကပ်ပြီး Abstract Art တွေဖန်တီးနေတဲ့ Artist ဦးမျိုးခင်နှင့်တွေ့ဆုံခြင်း
Traveller 2007 photo and Art Show ဖန်တီးသူများနှင့် တွေ့ဆုံခြင်း Traveller 2007 photo and Art Show ဖန်တီးသူများနှင့် တွေ့ဆုံခြင်း
Contemporary Artist နန်းနန်းနှင့် တွေ့ဆုံခြင်း Contemporary Artist နန်းနန်းနှင့် တွေ့ဆုံခြင်း
နှစ်ပေါင်း (၂၀) သက်တမ်းရှိပြီ ဖြစ်သည့် “GV Art Centre” ပိုင်ရှင်များနှင့်တွေ့ဆုံခြင်း နှစ်ပေါင်း (၂၀) သက်တမ်းရှိပြီ ဖြစ်သည့် “GV Art Centre” ပိုင်ရှင်များနှင့်တွေ့ဆုံခြင်း
ပန်းချီဆရာကြီး ဦးနန်းဝေနှင့် တွေ့ဆုံခြင်း ပန်းချီဆရာကြီး ဦးနန်းဝေနှင့် တွေ့ဆုံခြင်း

ဆရာကြီး ဦးခင်မောင်သန်းနှင့် တွေ့ဆုံခြင်း
ဆရာကြီး ဦးခင်မောင်သန်းနှင့် တွေ့ဆုံခြင်း
₪ Interview
ဆရာကြီး ဦးခင်မောင်သန်းနှင့် တွေ့ဆုံခြင်း

မန္တလေးက ပန်းချီဆရာကြီး ဦးခင်မောင်သန်း ဆိုတာဟာ နာမည်ကျော် ရေဆေး ပန်းချီဆရာကြီး ဖြစ်သလို ဇာတ်၊ နိပါတ်တော် စတာတွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ဖန်တီးရေးဆွဲခဲ့တဲ့ ပန်းချီဆရာကြီး တစ်ဦး ဖြစ်ပါတယ်။ ဆရာကြီးရဲ့သား ကိုမင်းလွင်ကတော့ မန္တလေး ယဉ်ကျေးမှု တက္ကသိုလ်က ဆရာတစ်ဦး ဖြစ်ပြီး ဂျပန်နိုင်ငံမှာ နှစ်နှစ်၊ ပညာသင်ကြားခွင့် ရရှိကာ မကြာခင်ကမှ မြန်မာပြည်ကို ပြန်ရောက် လာခဲ့တာကြောင့် ဆရာကြီး ဦးခင်မောင်သန်းဟာ မြန်မာနိုင်ငံ အကျိုးပြု ပန်းချီဆရာ တစ်ဦးကို မျိုးဆက်သစ်အဖြစ် မွေးဖွားပေးနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးလို့လည်း ဆိုနိုင်တာကြောင့် မန္တလေးရောက်စဉ်မှာ ဆရာကြီးနဲ့ သွားရောက် တွေ့ဆုံ ဖြစ်ခဲ့ပါတယ်။

Q:

ဆရာကြီးက အရင်က ဇာတ်၊ နိပါတ်ကားတွေ ရေးသလို ကုန်ပစ္စည်း တံဆိပ်၊ စာအုပ် မျက်နှာဖုံး၊ အတွင်းပန်းချီ စတဲ့ Commercial Art တွေလည်း ရေးခဲ့တော့ အခုအချိန်မှာရော ဘယ်လို အနုပညာမျိုးတွေ ဖန်တီး ဖြစ်နေပါသလဲ။

Ans:

အရင်က Commercial Art လုပ်တော့ ပန်းချီကားက တစ်နှစ်တစ်ကားတောင် အနိုင်နိုင် ရေးခဲ့ရတယ်။ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်ကတော့ ပန်းချီကား ရေးတဲ့ဘက် ဇောင်းပေး လိုက်တော့ တော်တော်လေး ရေးဖြစ်သွားတာပေါ့။ ဒါပေမယ့် Commercial Art ဝင်လာရင်လည်း လက်ခံပြီး လုပ်ပေး လိုက်တာပါပဲ။ စိတ်ကတော့ ပေတံတွေ ကွန်ပတ်(စ်)တွေ မကိုင်ချင်တော့ဘူး။ ပန်းချီပဲ ရေးချင်နေတယ်။ ဒါနဲ့ ပန်းချီရေးမယ်ဆိုပြီး Board မှာ စက္ကူကပ် idea တွေရှာ ခံတံနဲ့ sketch တွေ လုပ်မိရော။ ဒါပေမဲ့ ငါးမိနစ်မကြာဘူး၊ Commercial art ကို စိတ်ရောက် သွားပြန်ရော၊ ကိုယ်တာဝန်ယူထားတာကိုး။ အပ်တဲ့ ပစ္စည်းရှင်က သူ့ပစ္စည်းကို ဝါကျွတ်အမှီ ကပ်ချင်ပေမဲ့ အေးအေးဆေးဆေး လုပ်ပါ ဆရာကြီး၊ ရပါတယ်လို့ ပြောတယ်။ ကိုယ့်စိတ်က ပြီးအောင် လုပ်ချင်နေတော့ လုပ်ပေး လိုက်တာပါပဲ။ ပြောချင်တာက ရေဆေး လုပ်နေရာက ဆီဆေးဆီ စိတ်ရောက် သွားတာမျိုးပေါ့။ အများဆုံး ရေးဖြစ်တာကတော့ ရေဆေးပါပဲ။

Q:

ဆီဆေးနဲ့ ရေဆေးကိုရော ဆရာ့အနေနဲ့ ဖန်တီးရတာ ဘယ်လိုများ ကွာခြားမှု ရှိပါသလဲ။

Ans:

အရပ်သား အချို့ကလည်း မေးတတ်ကြပါတယ်။ ရေဆေးနဲ့ ဆီဆေး ဘယ်ဟာက ခက်သလဲလို့။ အမှန်တော့ ရေ၊ ဆီ၊ ခဲ၊ pastel ဖြစ်စေ ဟိုနေရာမှာ လုပ်ရတာ ပေါ့ပါးပေမဲ့ တစ်ခြားတစ်နေရာမှာ ဝန်လေးနေပြန်ရော။ ဘတပြန်၊ ကျားတပြန်ပါပဲ။ တစ်ချို့နေရာမှာ ရေဆေးက အခွင့်သာပြီး ဆီဆေးက အခက်အခဲ ဖြစ်နေပြန်ရော၊ နောက်ဆုံး “ခဲ” က လွယ်တယ် ထင်ပေမဲ့ ရေဆေးလောက်၊ ဆီဆေးလောက် မလွယ်တာ တွေ့ရပြန်ရော။ ဥပမာ - ၃" x ၄" Space လေး တစ်ခုကို one tone plain ရချင်ရင် ဆီဆေး၊ ရေဆေးက အခက်အခဲ မရှိပေမဲ့ “ခဲ” ကျတော့ ခက်သွားရော ဘယ် medium က ပိုခက်တယ်ရယ်လို့ မရှိပါဘူး။ သူ့နေရာနဲ့သူ ပါပဲ။

Q:

ဆရာက အမြဲလိုလို Outdoor ထွက်ရေးလေ့ ရှိတယ်နော်။ အခုရော ထွက်တုန်း ပဲလား။

Ans:

Outdoor မရေးနိုင်တာ တစ်နှစ်ရှိပြီ။ ရာသီဥတုက ပြန်အေး လာရင်တော့ Outdoor ရေးမယ်လို့ စီစဉ်ထားတာပဲ။

Q:

ဆရာ့သား ကိုမင်းလွင်က အခု ဂျပန်က ပညာတော်သင်ပြီး ပြန်လာတာဆိုတော့ ဂျပန်နိုင်ငံရဲ့ အနုပညာတွေလည်း ဆရာ လေ့လာ ဖြစ်မှာပေါ့။ ဆရာ့ အမြင်လေး သိပါရစေ။

Ans:

ဂျပန် အနုပညာက ဘယ်လိုလည်းလို့ ကိုမင်းလွင် ပြန်မရောက်ခင် ကတော့ သိချင်တဲ့ ဆန္ဒပြင်းပြ နေခဲ့တယ်။ ဟိုမှာ ဘာတွေ လေ့လာဆည်းပူးရသလဲ၊ သူတို့ကို သင်ကြား ပြသပေးတဲ့ ပါမောက္ခရေးတာ ဘယ်လိုလဲ ဆိုတာတွေ သိလိုစိတ် ပြင်းပြခဲ့တယ်။ သူပြန်လာတဲ့ အခါကျတော့ စိတ်တိုင်းကျ ကြည့်ခွင့်ရ၊ မြင်ခွင့်ရတော့ သဘာရင့် အရည်အသွေးရှိတဲ့ ပန်းချီဆရာ တစ်ဦးလို့ သူ့ အနုပညာ လက်ရာတွေမှာ အထင်းသား တွေ့ရပါတယ်။ ကြိုက်နှစ်သက်မှု ရှိသလား ဆိုတာကတော့ သူရောက်ရှိနေတဲ့ နေရာနဲ့ ပန်းချီကား ဂုဏ်ကိုလေးစားပြီး ကျေနပ်လိုက်ရပေမဲ့ နှစ်ထောင်းအားရတော့ မဖြစ်မိပါဘူး။ နောက်တစ်ချက်က ကိုမင်းလွင်ပြောတာ ပြန်ကြားရသလောက် ဂျပန်ဘာသာစကားနဲ့ ဂျပန်နိုင်ငံက နံပါတ်(၁) ဖြစ်နေပြီး ပန်းချီက ဒုတိယဖြစ်နေတယ်။

Q:

ကိုမင်းလွင် ဂျပန်သွားရတဲ့ အပေါ်မှာရော ဆရာ့အနေနဲ့ ဘယ်လို ခံစားမိပါသလဲ။

Ans:

ဖခင်တစ်ယောက် အနေနဲ့ နှစ်သက်အားရ ဖြစ်မိပါတယ်။ ဘယ်လိုလည်း ဆိုတော့ ကျုပ်မြင်တာက တစ်ခြားလူအနေနဲ့ သဘောတူ၊ မတူတော့ မသိဘူးပေါ့။ တိုးတက်ကြီးပွားနေတဲ့ တိုင်းကြီးပြည်ကြီး ဖြစ်တဲ့ ဂျပန်နိုင်ငံက တက္ကသိုလ်ကို သွားရတယ် ဆိုတော့ အများကြီး ဂုဏ်ယူမိပါတယ်။

Q:

ဆရာ့ကားတွေကို ဘယ်မှာ အများဆုံး ချိတ်ဖြစ်ပါသလဲ။

Ans:

ကျုပ်ကားတွေကို “Mandalay Hill” မှာပဲ ချိတ်ပါတယ်။ (၆)ကား (၇) ကားလောက် ရှိမယ်။ ရေရော၊ ဆီရော တင်ထားပါတယ်။

Q:

ပန်းချီကား အရွယ်အစားကရော ဘယ် size တွေ ရှိပါသလဲ။

Ans:

Size ကြီးတစ်ဝက် size တွေ ရေးဖြစ်ပါတယ်။ အခု ကိုမင်းလွင်က ဆေးတွေ၊ စာရွက်တွေ ပါလာတော့ အဲဒီအသစ်တွေနဲ့လည်း ရေးဖြစ်မှာပါ။

Q:

ရှုခင်းတွေကတော့ အညာဒေသ ရှုခင်းတွေပဲ ပေါ့နော်။

Ans:

ဟုတ်ပါတယ်။ အညာဒေသ ရှုခင်းတွေ၊ မန္တလေးမြင်ကွင်းတွေပါပဲ။

Q:

ပြည်ပပွဲအနေနဲ့ရော ဘာတွေ အစီအစဉ် ရှိပါသလဲ။

Ans:

ကိုမြင့်စိုး (Summit Art Collection) ကတော့ လုပ်ပေးဖို့ အစီအစဉ်ရှိပါတယ်။ နောက် အင်္ဂလန်မှာလည်း ရေဆေးပြပွဲ အနေနဲ့ Group Show လုပ်ပေးဖို့ လာပြောထားတာလည်း ရှိပါတယ်။ နိုဝင်ဘာနဲ့ ဖေဖော်ဝါရီ တစ်လလပါပဲ။ သူတို့က အမျိုးသမီးက ဟောင်ကောင်၊ အမျိုးသားက အင်္ဂလန်ကပါ။ Asia Fine Art Gallery လို့ ပြောတာပါပဲ။

Q:

အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

Ans:

ကျုပ်ကလည်း တကူးတက လာမေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ခင်သန်းဖြူ       
(Artist & Art Writer)
Back to Top
advertisements