Guest
 
 
₪ Art Interviews
ပန်းချီဆရာ သူရိန်နှင့် တွေ့ဆုံခြင်း
Read More Interviews...
Artist အောင်မင်း ( Magic Art Art Gallery ) နှင့် တွေ့ဆုံခြင်း Artist အောင်မင်း ( Magic Art Art Gallery ) နှင့် တွေ့ဆုံခြင်း
Art Works အသစ်များ ဖန်တီးနေသော Artist ငြိမ်းချမ်းဆု (NCS) နှင့် တွေ့ဆုံခြင်း Art Works အသစ်များ ဖန်တီးနေသော Artist ငြိမ်းချမ်းဆု (NCS) နှင့် တွေ့ဆုံခြင်း
   ကိုကြည်ဝင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း ကိုကြည်ဝင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း
ဆရာကြီး ဦးခင်မောင်သန်းနှင့် တွေ့ဆုံခြင်း ဆရာကြီး ဦးခင်မောင်သန်းနှင့် တွေ့ဆုံခြင်း
မင်းကွန်းက ပန်းချီ ဆရာမလေး ဋ္ဌေးဋ္ဌေးနှင့် တွေ့ဆုံခြင်း မင်းကွန်းက ပန်းချီ ဆရာမလေး ဋ္ဌေးဋ္ဌေးနှင့် တွေ့ဆုံခြင်း
New Zero Art Space ရဲ့ ဒါရိုက်တာအဖွဲ့ဝင် Artist ကိုအေးကိုနှင့် တွေ့ဆုံခြင်း New Zero Art Space ရဲ့ ဒါရိုက်တာအဖွဲ့ဝင် Artist ကိုအေးကိုနှင့် တွေ့ဆုံခြင်း
Technique အသစ်တွေ၊ ဖန်တီးမှုအသစ်တွေနဲ့ ပန်းချီ မြတ်နိုးသူတွေကို ခံစားမှုပေးဦးမဲ့ မင်းကွန်းက Artist ဇော်မင်း Technique အသစ်တွေ၊ ဖန်တီးမှုအသစ်တွေနဲ့ ပန်းချီ မြတ်နိုးသူတွေကို ခံစားမှုပေးဦးမဲ့ မင်းကွန်းက Artist ဇော်မင်း
မင်းကွန်းမှာ Art Workshop ဖွင့်လှစ် ထားသည့် ဆရာ ရာဟုလာနှင့် တွေ့ဆုံခြင်း မင်းကွန်းမှာ Art Workshop ဖွင့်လှစ် ထားသည့် ဆရာ ရာဟုလာနှင့် တွေ့ဆုံခြင်း
Poetic ဆန်ဆန်လေးတွေနဲ့ Art Works မျိုးစုံ ဖန်တီးနိုင်တဲ့ Artist ဖြူမွန်နှင့် တွေ့ဆုံခြင်း Poetic ဆန်ဆန်လေးတွေနဲ့ Art Works မျိုးစုံ ဖန်တီးနိုင်တဲ့ Artist ဖြူမွန်နှင့် တွေ့ဆုံခြင်း
အရောင်များကို ချဉ်းကပ်ပြီး Abstract Art တွေဖန်တီးနေတဲ့ Artist ဦးမျိုးခင်နှင့်တွေ့ဆုံခြင်း အရောင်များကို ချဉ်းကပ်ပြီး Abstract Art တွေဖန်တီးနေတဲ့ Artist ဦးမျိုးခင်နှင့်တွေ့ဆုံခြင်း
Traveller 2007 photo and Art Show ဖန်တီးသူများနှင့် တွေ့ဆုံခြင်း Traveller 2007 photo and Art Show ဖန်တီးသူများနှင့် တွေ့ဆုံခြင်း
Contemporary Artist နန်းနန်းနှင့် တွေ့ဆုံခြင်း Contemporary Artist နန်းနန်းနှင့် တွေ့ဆုံခြင်း
နှစ်ပေါင်း (၂၀) သက်တမ်းရှိပြီ ဖြစ်သည့် “GV Art Centre” ပိုင်ရှင်များနှင့်တွေ့ဆုံခြင်း နှစ်ပေါင်း (၂၀) သက်တမ်းရှိပြီ ဖြစ်သည့် “GV Art Centre” ပိုင်ရှင်များနှင့်တွေ့ဆုံခြင်း
ပန်းချီဆရာကြီး ဦးနန်းဝေနှင့် တွေ့ဆုံခြင်း ပန်းချီဆရာကြီး ဦးနန်းဝေနှင့် တွေ့ဆုံခြင်း

ပန်းချီဆရာ သူရိန်နှင့် တွေ့ဆုံခြင်း
ပန်းချီဆရာ သူရိန်နှင့် တွေ့ဆုံခြင်း
ပန်းချီဆရာ သူရိန်နှင့် တွေ့ဆုံခြင်း
ပန်းချီဆရာ သူရိန်နှင့် တွေ့ဆုံခြင်း
ပန်းချီဆရာ သူရိန်နှင့် တွေ့ဆုံခြင်း
₪ Interview
ပန်းချီဆရာ သူရိန်နှင့် တွေ့ဆုံခြင်း

Q:

ကိုသူရိန်က ပန်းချီကို ဘယ်အရွယ်လောက်က စပြီး စိတ်ဝင်စားခဲ့တာပါလဲ။

Ans:

ပန်းချီကတော့ ငယ်ငယ်ကထဲက စိတ်ဝင်စားခဲ့တာပါ။ ဒါပေမယ့် ပန်းချီကို တကယ့်ကို ထဲထဲဝင်ဝင်လုပ်ဖြစ်ခဲ့တာကတော့ ၂၀၀၀ ခုနှစ်လောက်မှ လုပ်ဖြစ်ခဲ့တာပါ။ ကျွန်တော် ပန်းချီ ညကျောင်းတက်ခဲ့သေးတယ်။ ညကျောင်းတက်ပြီး ဒုတိယနှစ်ပြီးခါနီးလောက်မှာ ထွက်လိုက်တာပါ။

Q:

ပန်းချီပြပွဲအနေနဲ့ရော ဘယ်နှခုနှစ်လောက်မှာ စလုပ်ဖြစ်ခဲ့တာလဲ။

Ans:

Group Show အနေနဲ့ ကတော့ ၂၀၀၂ ခုနှစ်မှာ စပြီးလုပ်ဖြစ်ခဲ့တာပါ။ အမျိုးသားပြတိုက်မှာ လုပ်ဖြစ်ခဲ့တာပါ။

Q:

ကိုသူရိန်က New Zero Member နော်။ New Zero ကို ဘယ်လိုဖြစ်လာခဲ့တာလဲ။

Ans:

အဲဒါကတော့ ပန်းချီအသိုင်းအဝိုင်းထဲ ရောက်ပြီး ဝင်ဖြစ်သွားတာပေါ့။ ကျွန်တော်က ပန်းချီကားတွေဆွဲရင်းနဲ့ ပန်းချီညကျောင်း တက်တယ်လေ။ ညကျောင်းတက်ရင်းနဲ့ နောက်ပိုင်း ဒုတိယနှစ်လောက်ရောက်တော့ ကျွန်တော်လိုချင်တာ၊ ကျွန်တော်သိချင်တာတွေနဲ့ နည်းနည်းကွဲလာတယ်ထင်တော့ ညကျောင်း ဆက်မတက်ဖြစ်တော့ဘူး။ ကိုမင်းရီတို့ကလည်း ကျွန်တော့်ကို အားပေးကြတယ်။ ကျွန်တော်က စမ်းချောင်းထဲမှာနေတယ်ဆိုတော့ ကိုခင်မောင်မိုးတို့၊ ကိုဘိုကြည်တို့နဲ့ တွဲပြီး သူတို့ဆီကနေ လေ့လာရတာပေါ့။ ကျွန်တော်က သူတို့အနုပညာကို သဘောကျတယ်လေ။ ကိုဘိုကြည့်ကားတွေဆို အရမ်းကြိုက်တယ်။ အဲဒီတော့ သူတို့ဆီကနေ လေ့လာရင်းနဲ့ ဒီပန်းချီလောကထဲကို ရောက်လာတယ်။ ရောက်လာတော့ ကိုအေးကိုတို့နဲ့ တွေ့တယ်။ တွေ့ပြီးတော့မှ New Zero မှာ Member အနေနဲ့ ဝင်ဖြစ်ခဲ့တာပါ။

Q:

ကိုသူရိန်က ပန်းချီကို စစိတ်ဝင်စားကထဲက Modern Art ကိုပဲ စပြီး စိတ်ဝင်စားခဲ့တာပေါ့။

Ans:

အဲလိုတော့လည်း မဟုတ်ပါဘူး ကျွန်တော်က Modern ရယ် Realism ရယ်လို့ခွဲပြီးတော့ မခံစားပါဘူး။ ဒါပေမဲ့ ကျွန်တော် တော်တော်လေး သဘောကျပြီ၊ အရမ်းကြိုက်ပြီဆိုတဲ့ ကားတွေကတော့ Modern Art တွေပဲ ဖြစ်နေတတ်တယ်။ ဘယ်လိုပြောမလဲ ကျွန်တော့်ကို လှုပ်ခတ်သွားစေတယ်။ ဆိုတဲ့ကားမျိုးတွေကို ကြည့်လိုက်ရင်လည်း Modern Art တွေပဲ ဖြစ်ဖြစ်နေတတ်တယ်။

Q:

ကိုသူရိန်ရဲ့ အခု BOBA Village က တတိယမြောက် တစ်ကိုယ်တော်ပြပွဲနော်။ ပထမဆုံး တစ်ကိုယ်တော်ပွဲကရော ဘယ်မှာလုပ်ဖြစ်ခဲ့တာလဲ။

Ans:

ကျွန်တော် ပထမဆုံး တစ်ကိုယ်တော်ပြပွဲက ဂီတမိတ်မှာ လုပ်ဖြစ်ခဲ့တာပါ။ အဲဒီတုန်းကတော့ Color Feels တွေပဲပြခဲ့တာပါ။ ကျွန်တော်က အရင်က ဂီတကို တော်တော်လေး ရူးသွပ်ခဲ့တယ်။ အဲဒီကနေမှ နောက်ပန်းချီဘက်ကို ရောက်လာခဲ့တာပေါ့။ ကျွန်တော် အဲဒီပွဲတုန်းက ၂၀”x၂၂” ဆိုဒ်လေးတွေပဲ ဆွဲပြီး ပြခဲ့တာပါ။ Color Feels ပေါ့။ အမှန်တော့ ကျွန်တော်က ကားအကြီးကြီးတွေ ရေးချင်တာ။ မတတ်နိုင်တာနဲ့ ကားသေးတွေပဲ ရေးပြီး ပြရတာပါ။

Q:

ဒုတိယမြောက် တစ်ကိုယ်တော်ပွဲကတော့ နည်းနည်းလေး ထူးခြားတယ်နော်။

Ans:

ဟုတ်တယ်ဗျ။ ဒုတိယမြောက် တစ်ကိုယ်တော်ပြပွဲကတော့ ကျွန်တော် Studio Square မှာလုပ်ခဲ့တာ။ အဲဒီပွဲမှာ ကျွန်တော် Portrait တွေဆွဲပြီး ပြခဲ့တာပါ။ ကျွန်တော်ကြိုက်တဲ့ Musician တွေကိုရဲ့ ပုံတူတွေ ရေးထားတာပေါ့နော်။ အဲဒါနဲ့ ကိုငြိမ်းချမ်းဆုတို့က အဲဒါတွေတွေ့ပြီး မင်း အဲဒါတွေကို ပြပွဲလုပ်ပါလားတဲ့။ အဲဒါနဲ့ ကျွန်တော်လည်း Musician တွေချည်းပဲ သီးသန့်ရေးပြီး ပြပွဲ လုပ်ဖြစ်ခဲ့တာပါ။

Q:

ကိုသူရိန် ဂီတဘက်မှာရော ဘာတွေလုပ်ဖြစ်ခဲ့လဲ။

Ans:

ကျွန်တော်က ဂီတကို တော်တော်ကို ရူးခဲ့တာဗျ။ ဂီတဘက်မှာတော့ ကျွန်တော် သီချင်းတွေလည်း ရေးဖြစ်တယ်။ တီးလည်း တီးတယ်ပေါ့။ ကျွန်တော်က အဓိက ဝါသနာပါတာက Compose ပေါ့။ ဒါပေမဲ့ ရေးတာက အဲဒီလောက်ကြီးတော့ မဟုတ်ပါဘူး။ သူများ လုပ်ထားတာလေးတွေကို ဒီနေရာလေးမှာ ဘာလုပ်ရင်ကောင်းမလဲ။ ဘယ်လိုလေး ထပ်ဖြည့်လိုက်ရင် ကောင်းမယ်ပေါ့။ ဂီတဘက်မှာ ကျွန်တော် တော်တော်လေးကို ကြာခဲ့တယ်။ ငယ်ငယ်ကတည်းက ဂီတကို တော်တော်ကြိုက်ခဲ့တာဆိုတော့ ဂီတထဲမှာ အချိန်တော်တော် ကုန်ခဲ့တယ်။ အချိန်ရော ငွေရောပေါ့။ အကုန်လုံးပါပဲ။ နောက် တဖြည်းဖြည်းနဲ့ ၂၀၀၂ ခုနှစ်လောက်မှာ ဂီတကို စိတ်ကုန်စပြုလာတယ်။ အခုလည်း ကျွန်တော် ဂီတကို နှစ်သက်နေစဲ၊ ရူးသွပ်နေစဲပါ။ ဒါပေမယ့် ဂီတကို Entertainment အနေနဲ့ပဲ လုပ်ဖြစ်တော့တယ်။

Q:

ဒါဆို ကိုသူရိန်က Music Creation ကိုလည်း စိတ်ဝင်စားတာပေါ့။

Ans:

ဟုတ်တယ်။ ကျွန်တော် Creation ပိုင်းကိုလည်း စိတ်ဝင်စားပါတယ်။ ဒါပေမယ့် ကိုဓိရာမိုရ်တို့လို လုပ်တာမျိုးကြီးတော့ မဟုတ်ဘူးပေါ့။

Q:

အခု BOBA Village Show က တတိယမြောက် တစ်ကိုယ်တော်ပြပွဲ ဆိုတော့ ဒီပွဲကရော ပထမပွဲတွေနဲ့ ဘာတွေ ကွာခြားသွားပြီလဲ။

Ans:

ဒီပွဲမှာတော့ ကျွန်တော် BOBA Village ကိုပဲ ဆွဲထားတာပေါ့နော်။ အမှန်တော့ အဲဒီ ဘိုဘာရွာလေးက ကျောက်တန်းဘက်မှာ ရှိတာပေါ့။ ကျွန်တော့်အဖိုးတွေ နေတာလေ။ ကျောက်တန်းနဲ့ ၁၈ မိုင်အကွာလောက်မှာ ရှိတယ်။ ကျွန်တော်ငယ်ငယ်က အဲဒီမှာပဲ နေခဲ့တာပါ။ ရွာလေးက သေးသေးလေး။ အိမ်ခြေမှ ၁၅ အိမ်လောက်ပဲ ရှိတာ။ ငယ်ငယ်က နေခဲ့တာဆိုတော့ အဲဒီပုံရိပ်တွေက အားလုံးမျက်လုံးထဲမှာ ဆွဲထင်နေခဲ့တာပေါ့။ အဲဒါနဲ့ ကျွန်တော်ဆွဲဖြစ်ခဲ့တာပါ။ အမှန်တော့ ပွဲလုပ်မယ်ဆိုပြီး ဆွဲခဲ့တာမျိုး မဟုတ်ပါဘူး။ ပန်းချီကားကတော့ ကျွန်တော်က အမြဲရေးနေတာပါပဲ။

Q:

ဒီပွဲမှာရော စုစုပေါင်း ဘယ်နှစ်ကား ပြထားတာပါလဲ။

Ans:

ဒီပွဲမှာတော့ ကျွန်တော် ကားကြီး ၁၃ ကားနဲ့ ကားအသေးလေးတွေ ၁၂ ကားပေါ့။ စုစုပေါင်း ဆိုရင်တော့ ၂၅ ကားပေါ့။

Q:

Music Create လုပ်ရတာနဲ့ အခုလို ပန်းချီကားတွေဆွဲရတာနဲ့ ခံစားမှုခြင်းက ဘယ်လိုကွာခြားလဲ။

Ans:

ဘာမှ မကွာဘူးဗျ။ Artist တစ်ယောက်ရဲ့ တင်ပြပုံကွဲပေမယ့် အနုပညာတစ်ခုကို ချပြတာပါပဲ။ Music Create လုပ်ရတာလည်း အနုပညာပဲဖြစ်သလို ပန်းချီဆွဲရတာကလည်း အနုပညာ ပါပဲ။ ကျွန်တော်က ဓါတ်ပုံလည်း ရိုက်တယ်လေ။ ဓါတ်ပုံလဲအဲလိုပဲ အတူတူပါပဲ။ ခံစားချက်နဲ့ တိုက်နေရင် အတူတူပါပဲ။

Q:

ကိုသူရိန် Photo Studio လည်းလုပ်ထားတယ်နော်။

Ans:

ဟုတ်တယ်။ Photo Studio ကတော့ Cormerchal အနေနဲ့ပဲ လုပ်တာများပါတယ်။ ကျွန်တော် Photo Show လေးလည်း လုပ်ဖို့ ကြိုးစားနေပါတယ်။ ဓါတ်ပုံပြပွဲဆိုတာလည်း မြင်နေကျ ရှုခင်းပုံတွေကိုပြမှာ မဟုတ်ဘူး။ ဓါတ်ပုံတော့ ဓါတ်ပုံပဲ ဒါပေမယ့် မထင်မှတ်ပဲ ဖြစ်နေတဲ့ ပုံတွေပေါ့။ အဲလိုမျိုးပုံတွေကိုစုပြီး ကျွန်တော် ပြပွဲလေးလုပ်ဖို့ ရှိပါတယ်။ အခုတော့ ဒီပန်းချီပြပွဲလေး လုပ်ဖြစ်သွားတော့ နည်းနည်းတော့ ခြားသွားမယ်ထင်တယ်။

Q:

ဒီပွဲလေးအပေါ်ရော ဘယ်လိုခံစားရပါလဲ။

Ans:

ဘယ်လိုခံစားရလဲဆို ကျွန်တော် ကျေနပ်ပါတယ်။ ကျွန်တော်လုပ်ထားတာလေးတွေကို တခြားပန်းချီဆရာတွေ ပန်းချီအသိုင်းအဝိုင်းက လူတွေကို ပြခွင့်ရတဲ့အတွက် ကျေနပ်ပါတယ်။ လာပြီး ကြည့်ရှုခံစားပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

လဲ့ဖြူပြာမျိုးမြင့်
Back to Top
advertisements