Guest
 
 
₪ Movies Article
ပြည်သူချစ်သော မင်းသမီးကြီး တင်တင်မူ
written by : ကျော်ဇောဟိန်း
တန်ဖိုးရှိသော ဗီလိန်များ
written by : -
အနုပညာလောကထဲက ဟာသသရုပ်ဆောင်များ
written by : လဲ့ဖြူပြာမျိုးမြင့်
နိုင်ငံတကာကိုထိုးဖောက်လာတဲ့ ကိုရီးယားအနုပညာ
written by : -
အနုပညာတွေထဲက အနုစိတ်ရတဲ့ ရုပ်ရှင်အနုပညာ...........
written by :
ရုပ်ရှင်ဒါရိုက်တာ တစ်ဦးရဲ့ အနုပညာမြောက်တဲ့ ဖန်တီးမှုတွေနဲ့ ခြေဖ၀ါးတော်နုနု
written by : ခင်သန်းဖြူ
ဆရာမောင်ယဉ်အောင်ရဲ့ အနုပညာဂုဏ်မြောက်တဲ့ “ကိုးဆယ်ဆသာလိမ့်မယ်”
written by : ခင်သန်းဖြူ
မြန်မာရုပ်ရှင် ဗီဒီယို လောက မင်းသားခေတ် ဖျက်သိမ်းပြီး သရုပ်ဆောင်ခေတ် ဖြစ်ပါစေ။
written by : အောင်ဟိဏ်း (ကျိုက်ထော်)

₪ Show Article
တန်ဖိုးရှိသော ဗီလိန်များ

သရုပ်ဆောင်လောကမှာ မင်းသား၊ မင်းသမီး၊ ဇာတ်ပို့၊ ဇာတ်ရန်၊ ဗီလိန်၊ လူဆိုး စတဲ့နေရာ အမျိုးမျိုးမှာ သူ့နေရာနဲ့သူ သရုပ်ဆောင်ကြရတယ်။ အဲလို သရုပ်ဆောင်တဲ့ နေရာတွေထဲက လူမုန်းလည်း အခံရဆုံးနဲ့ ဇာတ်လမ်းရဲ့ ဇာတ်ရှိန်ကို မြှင့်တင်ပေးတဲ့ ဇာတ်ကောင်နေရာ တစ်နေရာအကြောင်း ပြောပြချင်ပါတယ်။ အဲဒီနေရာဟာ ဗီလိန် နေရာပါပဲ။ ဗီလိန်ဇာတ်ရုပ်မှာ သရုပ်ဆောင်သူ တစ်ယောက်ဟာ သူ့ရဲ့ အနုပညာအား ကောင်းရင်ကောင်းသလို ဇာတ် တစ်ဇာတ်လုံးကို ပို့ပေးတဲ့ ဇာတ်ပို့ တစ်ယောက်လည်း ဖြစ်ပါတယ်။

ဗီလိန် ဇာတ်ရုပ်ဟာ လူမုန်းခံရတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဗီလိန်တစ်ယောက်ဟာ သူ့ကို လူတွေ ရွံမုန်းလာအောင် သရုပ်ဆောင်နိုင်လေ သူ့ရဲ့ အနုပညာ ပြောင်မြောက်လေပါပဲ။ ဒီဇာတ်ရုပ်နေရာ ဆိုတာကလည်း လူမုန်းခံရလေ ပိုပြီး ဗီလိန် ပီသလေ ပါပဲ။ ဗီလိန် ဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်ဖို့ ဆိုတာ တော်ရုံအရည်အချင်းနဲ့တော့ မရနိုင်လောက်ပါဘူး။ သူတို့ဟာ သူတို့ရဲ့ အနုပညာ အပေါ်မှာ ယုံကြည်မှု ကောင်းကောင်းရှိဖို့ လိုပါတယ်။ ဗီလိန် ဇာတ်ရုပ်ကို တော်တော်များများက စိတ်ညစ်ကြတယ်။ ဇာတ်တစ်ဇာတ်မှာ ဗီလိန်ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ ဇာတ်ကောင်စရိုက် တစ်မျိုးပဲလေ။ ဗီလိန်နေရာမှာ သရုပ်ဆောင်ရတာဟာ လွယ်မယောင်နဲ့ တော်တော်ခက်တဲ့ ဇာတ်ရုပ်မျိုးပါ။ ဗီလိန် ဇာတ်ရုပ်ကို မင်းသား၊ မင်းသမီး တွေဟာလည်း တခါတလေမှာ သရုပ်ဆောင်ကြရတယ်။

ဗီလိန် ဇာတ်ရုပ်မှာ တခါတလေ ပြန်ဖြေလိုက်တဲ့။ ဗီလိန်ဇာတ်ရုပ် ရှိသလို တခါတလေမှာ လုံးဝ ဖြေလိုက်တာမျိုး မပါတဲ့ လုံးဝ ဗီလိန်ဇာတ်ရုပ် စစ်စစ်မျိုးလည်း ရှိတတ်တယ်။ ဗီလိန် ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် နိုင်သူတွေကတော့ ခင်စိုးပိုင်၊ ခင်မို့မို့အေး၊ ကိုကိုဦး တို့ပါပဲ။ သူတို့ရဲ့ အနုပညာဟာ တော်တော်လေးကို ပြောင်မြောက်ပါတယ်။ သူတို့ဟာ အမြဲတမ်း ဗီလိန်နေရာမှာ သရုပ်ဆောင် နေကြရတာ ဖြစ်ပေမယ့် သူတို့သရုပ်ဆောင်ကြရတဲ့ နေရာမှာ အကောင်းဆုံးဖြစ်အောာင် သူတို့ရဲ့ အနုပညာကို အနုပညာ မြောက်အောင် အကောင်းဆုံး ဖန်တီး တတ်ကြတယ်။

တကယ်တော့ ဗီလိန်တွေဟာ တကယ် သနားဖို့ ကောင်းပါတယ်။ သူတို့ဟာ သရုပ်ဆောင် ကြေးလည်း အများကြီး မရကြသလို အနုပညာရှင်တွေပဲ ဖြစ်ပေမယ့် တခါတလေမှာ ပရိသတ်ရဲ့ မုန်းခြင်းကိုတောင် ခံကြရတတ် ပါသေးတယ်။ ဒါပေမယ့် သူတို့ရဲ့ အနုပညာဟာ တကယ့်ကို တန်ဖိုးရှိပြီး မရှိမဖြစ် လိုအပ်ပါတယ်။ တကယ့်ကို အနုပညာအရ တကယ် ခံစားကြည့်မယ် ဆိုရင် သူတို့ရဲ့ အနုပညာချစ်တဲ့ စိတ်လေးကို ခံစားလို့ရ သွားမှာပါ။ သူတို့ဟာ အနုပညာကိုချစ်တဲ့ အနုပညာချစ်သူတွေ တနည်းအားဖြင့် တန်ဖိုးရှိတဲ့ ဗီလိန်တွေပါပဲ။ အနုပညာလောကမှာ အဲလို အနုပညာသည်တွေ အများကြီးလိုအပ်နေပါသေးတယ်။ နောက်ထပ် နောက်ထပ်လည်း အနုပညာချစ်သော တန်ဖိုးရှိသော ဗီလိန်တွေ အများကြီး ပေါ်ထွက်လာဖို့လည်း မျှော်လင့်မိပါတယ်။

Back to Top
advertisements