Guest
 
 
₪ Art Interviews
ကောလဟာလများနှင့် ဟဲဗီးဖြိုး
Read More Movie Interviews...

₪ Interview
ကောလဟာလများနှင့် ဟဲဗီးဖြိုး

Q:

ညီလေး နေမကောင်းဘူးလို့ ကြားထားတယ်။ မန္တလေးမှာဆိုရင် ညီလေးပရိသတ်တွေက သေပြီလို့တောင် ပြောနေ ကြတယ်။

Ans:

ဟုတ်တယ် အစ်ကိုကြီး။ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ဇာတ်ကားကို ကျောက်ဆည်မှာ သွားရိုက်တော့ ညီလေး (၃) ရက်မြောက်နေ့မှာ ဖျားတယ်။ ဆေးခန်းသွားပြရတယ်။ အဲဒီနေ့က လာကြည့်ကြတဲ့သူတွေ အများကြီးပဲ။ တစ်ဆက် တည်းမှာပဲ ညီလေးသေတဲ့ ဇာတ်ဝင်ခန်းကို ရိုက်တယ်။ အဲဒီနေ့ကစပြီး ကောလဟာလတွေ ထွက်လာတယ် ထင်တယ်။ တစ်ချို့ကဆိုရင် ရန်ကုန်မှာ ဆုံးတယ်၊ မနေ့က ရက်လည်တယ် ဆိုပြီး ဖုန်းတွေ ဆက်ကြတာ လူ(၇၀၀)လောက် ရှိတယ်။ ဒါရိုက်တာ ဦးမီးပွားဆိုရင် သတင်းကြားပြီး ပက်လက်လန် လဲတဲ့အထိပဲ။ ညီလေးက ဒေါင်ဒေါင်မြည်ပဲဗျို့............။

Q:

ဒါဆိုရင် ဇာတ်ကားတွေ ရိုက်နေတာပေါ့ ။

Ans:

ဟုတ်တယ် အစ်ကိုကြီး ။ ဒါရိုက်တာ ဦးဇော်ဆက် ရိုက်တဲ့ ကလေးဗိုလ်၊ ဒါရိုက်တာ မင်းခန့်ကျော် ရိုက်တဲ့ ဘဝပေး၊ ဒါရိုက်တာ ညီညီထွန်းလွင်ရိုက်တဲ့ လူကြီးရောဂါ အပါအဝင် တစ်ခြားကားတွေ အမျာကြီးပဲ ရိုက်နေတယ်။

Q:

ကောလဟာလနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။

Ans:

ညီလေးကတော့ ပထမဆုံး သတင်းထွက်လာတဲ့ ကောလဟာလ ဖြန့်ချိသူကို ကျေးဇူးတင်တယ်။ မြန်မာတစ်ပြည်လုံး ညီလေးကို ချစ်တဲ့သူ ဘယ်လောက် ရှိတယ် ဆိုတာကို သိလိုက်ရတယ်။ တစ်ချို့ဆိုရင် ငိုသံပါကြီးနဲ့ ညီလေးကို သတင်းမေးကြတယ်။ အဆိုးထဲကအကောင်း ယတြာကျေတယ်လို့ အဖေနဲ့အမေက ပြောနေတယ်။

Q:

ညီလေး ပညာရေးနဲ့ အနုပညာကို ဘယ်လို ခွဲခြားထားသလဲ။

Ans:

(ဖခင်ဖြစ်သူက ဝင်ရောက်ဖြေဆိုသည်) ပညာရေးနဲ့အနုပညာ နှစ်ခုစလုံးမှာ တော်တယ်။ ဆရာစိုင်း(ကျူရှင်ဆရာ) က ပိုက်ဆံလုံးဝမယူပဲ ပညာဒါန လုပ်ပေးတယ်။ ၁၀ တန်းအောင်တဲ့အထိ တာဝန် ယူမယ်လို့ ပြောတယ်။ သာကေတ အ.ထ.က ( ၄) ကျောင်းက ဆရာ၊ ဆရာမတွေကလည်း အများကြီး ပံ့ပိုးပေးတယ်။ ကျောင်းတက်ရက်တွေမှာ ဖိဖိစီးစီး သင်ပေးတယ်။ သားကလည်း ဥာဏ်ကောင်းတယ်။

Q:

ညီလေးသရုပ်ဆောင်တဲ့ ကာရိုက်တာတွေကို ဘယ်လိုရွေးချယ်သလဲ။

Ans:

ညီလေး အဖေနဲ့အမေက ရွေးချယ်ပေးတယ်။ အဲဒါကိုပဲ ရိုက်တယ်။ (ဖခင်က ဆက်လက်ဖြေဆိုသည်) သားက သုဝဏ္ဏလျှံလိုသား။ အဖေအမေကို ၂ နှစ်သားတည်းက လုပ်ကျွေးတာ။ အခုဆို(၇)တန်း အသက်၁၂ နှစ်ကို ရောက်ပြီ။ သူက ညီအစ်ကို ခြောက်ယောက်ထဲမှာ လေးယောက်မြောက် သားလေး။

Q:

အနုပညာလောကထဲကို ဘယ်လို ရောက်လာတာလဲ။

Ans:

(အဖေပြောလိမ့်မယ်။) ကျွန်တော် အငြိမ့်ကတော့ လူရွှင်တော်ပေါ်လေး၊ ချစ်စရာတို့နဲ့ စကားစပ်မိတယ်။ အဲဒီကနေစပြီး ဒါရိုက်တာသန့်ဇင်အောင်ရိုက်တဲ့ ဇာတ်ကားမှာ ပထမဆုံး ပါဝင်သရုပ်ဆောင်ရာကနေ လူသိများလာတာ။ ဝါရင့် အနုပညာရှင်တွေက အဝတ်စားတွေ ဝယ်ပေး၊ ကာရိုက်တာတွေ သင်ပေး အများကြီး ကူညီကြတယ်။

Q:

ညီလေးအနုပညာရည်မှန်းချက်လေး ပြောပြပေးပါလား။

Ans:

ညီလေးအဖေက အခုကတည်းက နေရာစုံမှာ ပိုင်နိုင်အောင် ပုံသွင်းပေးနေတယ်။ ညီလေး အသက်ကြီးလာရင် ပရိသတ်က ခေါင်ဆောင်မင်းသားအနေနဲ့ တစ်ခါတည်း လက်ခံအောင် ပုံသွင်းပေးထားတယ်။ (ဖခင်ဖြစ်သူကပြောသည်) သားရဲ့ အနုပညာနဲ့ ပတ်သက်ရင် ပိုက်ဆံယူတော့ ယူတယ်။ ပိုက်ဆံထက် သားရဲ့နာမည်နဲ့ ရှေးရေးကို ဦးစားပေးတယ်။ ကလေးဘဝကနေ ကြီးလာတဲ့ အချိန်မှာ ခေါင်ဆောင်မင်းသားပဲ ဖြစ်စေချင်တယ်။

မြက်ခင်း
Back to Top
advertisements