Guest
 
 
₪ Art Interviews
ဆုရွန်းလဲ့
Read More Movie Interviews...

₪ Interview
‘‘ Interview with ဆုရွန်းလဲ့ ’’

Q:

အခုဘာကားတွေရိုက်နေလဲ။

Ans:

အခုလက်ရှိကတော့ ၂ရက်ရှိပြီ နားနေတာ ။ နောက်ထပ် ပြောထားတဲ့ ကားတွေတော့ ရှိပါတယ်။ မင်းသားတွေကတော့ မသိရသေးဘူးပေါ့။

Q:

ဆုရွှန်းလဲ့အခု ဖြတ်သန်းနေရတဲ့ဘဝကရော ငယ်ငယ်က အိမ်မက်မက်ခဲ့ဖူးတဲ့ ဘဝမျိုးလား။ ဒါမှမဟုတ် မထင်မှတ်ထားတဲ့ ဘဝမျိုးလား။

Ans:

မထင်မှတ်ထားဘူး။ ဒီအလုပ်ကို လုပ်ချင်တာပဲ ရှိတယ်။ လုပ်လို့ဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူးပေါ့။

Q:

အခု ဆုရွှန်းလဲ့ဖြစ်လာတဲ့အထိ ဖြတ်သန်းခဲ့တာတွေက…..

Ans:

မမိုး(တင်မိုးလွင်) ဆီမှာ သင်တန်းတက်တယ်လေ။ တခြားလာငှားတဲ့ဟာတွေရှိရင် သူကထည့်ထည့်ပေးတယ်။ ထည့်ထည့်ပေးတော့ အဲဒီမှာလုပ်ရင်း လုပ်ရင်းနဲ့ နောက်စာချုပ်ပြည့်တော့ အပြင်မှာ ဒီတိုင်းပဲ ဆက်လုပ်ဖြစ် သွားတာ။

Q:

အခုလက်ရှိ ဆုရွှန်းလဲ့ လျှေက်နေရတဲ့ အနုပညာ ခရီးလမ်းကရော…..

Ans:

အများကြီးထပ်ပြီး လုပ်ရအုံးမှာပါ။ ကြိုးစားရအုံးမှာပါ ……

Q:

ဆုရွှန်းလဲ့ ဟိုတလောက ကျန်းမာရေးကြောင့် ခဏနားရတယ်နော်။ အခုရောကျန်းမာရေးက ကောင်းသွားပြီးလာ….

Ans:

အခုတော့ ဆေးခန်းကတော့ ပြနေရသေးတယ်။ ဒါပေမယ့် ခွဲစိတ်တာတွေဘာတွေတော့ ဘာမှလုပ်စရာ မလိုတော့ဘူး ပေါ့နော်။ တစ်ခါတစ်လေနာရင် ဆရာ့ဆီကို ပြေးလိုက်တယ်။ အဲလိုပြေးပြီးသွားရင် ဆရာကဓါတ်မှန်ရိုက်ရ ဆီးစစ်ရတယ်။ အဲလိုလေးတွေတော့ ပြန်ပြန်လုပ်ရပါတယ်။

Q:

အခုကားတွေ ပြန်ရိုက်တော့ရော အဆင်ပြေလား…..

Ans:

အခုလည်း အကြမ်းပတမ်းတွေတော့ မလုပ်ဘူး။ ဘာလို့လဲဆို ရေရှည် ကိုယ်ကလုပ်ရမှာလေ။ ကိုယ့်အတွက်လည်း ကိုယ်ပြန်ကြည့်ရသေးတယ်လေ။

Q:

အခုရိုက်ဖြစ်တာကြတော့ Fancy ကားလေးတွေပဲလား။ ဘယ်လိုကားမျိုးတွေ အရိုက်များလဲ…..

Ans:

အင်း…..Fancy တွေရော Drama တွေရော ရိုက်ဖြစ်ပါတယ်။ Action ကတော့ အကြမ်းကြီးတော့ မဟုတ်ဘူးပေါ့နော်။ ဗမာကားဆိုတဲ့ အလျှောက်တော့ နည်းနည်း ဟိုပြေးဒီပြေးတော့ ပါသေးတာပေါ့။

Q:

လောလောဆယ်မှာ ကိုယ်အရမ်းရိုက်ချင်တဲ့ Character မျိုးရောရှိလား…..

Ans:

ရိုက်ချင်တာတော့ အကုန်ရိုက်ချင်တာပဲ။ ဘာလို့လဲဆို အခုရိုက်နေရတဲ့ သက်တမ်းနဲ့က မစုံသေးဘူးပေါ့နော်။ လုပ်ရတဲ့ Character မစုံသေးဘူးပေါ့။ လုပ်ချင်တာတွေက အများကြီးပါပဲ။

Q:

ဘယ်လို Character မျိုးကိုလုပ်ရတာ ပိုပြီးတော့အားသန်လဲ…..

Ans:

အဲလိုရယ်လို့ သက်သက်ကြီးမရှိဘူး။ အားသန်တာမျိုးမရှိဘူး။ လုပ်ခိုင်းတဲ့အပေါ်မှာ ကိုယ်ကကြိုးစားအားထုတ်ပြီးတော့ လုပ်ချင်တာ။ အဲလိုမျိုးပါ။

Q:

ဆုရွှန်းလဲ့ သရုပ်ဆောင်ခဲ့တဲ့ Character တွေထဲက ထူးထူးခြားခြား Character မျိုးတွေ ရှိရင် ပြောပြပေးပါအုံး….

Ans:

ထူးထူးခြားခြားတော့ သိပ်မရှိပါဘူး။ သရုပ်ဆောင်ခဲ့တဲ့ထဲမှာဆိုရင် သူကြီးသား မိန်းမလုပ်ရတဲ့ ဟာမျိုးတို့၊ ဈေးသည်လုပ်ရတဲ့ ဟာမျိုးတို့ ဒီလောက်ပဲ ရှိသေးပါတယ်။ အဲလိုဈေးသည် Character တို့ဘာတို့မှာ သရုပ်ဆောင်တဲ့ အခါတူအောင် ဘယ်လို လေ့လာဖြစ်လဲ။ အဲဒါကြတော့ တွေ့နေတာပဲပေါ့နော်။ အပြင်သွားရင် တွေ့နေတာပဲဆိုတော့ ဒါလေးတွေ မှတ်မှတ်ထားတာပေါ့နော်။ ကိုယ်ကမျက်စိကလည်း ရှင်ရှင်ထားရသေးတယ်။

Q:

မင်းသမီးတစ်ယောက်မှာ ဘယ်လိုအရည်အချင်းတွေ ရှိသင့်တယ်လို့ ထင်လဲ။ ဆုရွှန်းလဲ့ အမြင်ကိုပြောပါအုံး….

Ans:

အရည်အချင်းကတော့ လူတိုင်းမှာ ရှိသင့်ပါတယ်။ ဥပမာဒါတောင်မှ အပေါ့ပါးဆုံး ဆိုတာတောင်မှ ကိုယ်ဟာကိုယ် မိတ်ကပ်လိမ်းတတ်နေတာမျိုပေါ့။ ဘာပဲပြောပြော ကိုယ်ဟာကိုယ် မိတ်ကပ်လိမ်းတတ်တယ်ဆိုတာ အရမ်းကြီးတော့မဟုတ် ဘူးပေါ့နော်။ မိတ်ကပ်ဆရာတော့ ခေါ်တာကတော့ ခေါ်သင့်တယ်လေ။ ဒါပေမယ့် အပေါ်ယံ အနေနဲ့ကတော့ ထသွားထလာ လောက်ကတော့ လိမ်းတတ်ဖို့ လိုပါတယ်။

Q:

သရုပ်ဆောင်လောကထဲ ဝင်တော့မယ်ဆိုတဲ့အခါမှာ ရော ဆုရွှန်းလဲ့ ဘာတွေလေ့လာခဲ့လဲ……

Ans:

ဘာတွေလေ့လာလဲဆိုတော့ အရင်အရင် သရုပ်ဆောင်အကြီးတွေ သရုပ်ဆောင်ထားတဲ့ အခွေတွေ ကြည့်တယ်။ နိုင်ငံခြားကားတွေ ကြည့်တယ်။ ဒီလောက်ပါပဲ။ ဆရာတွေက သွန်သင်တဲ့ဟာတွေကို သေချာနားထောင်တယ်။ အဲဒီလောက်ပါပဲ။

Q:

အရင်က Model Show တွေပဲ လျှောက်ခဲ့တယ်ဆိုတော့ နောက်ပိုင်း ဗီဒီယိုတွေ ရိုက်လာရတဲ့အခါ ဒိုင်ယာလောခ့်တွေပါလာတဲ့ အခါမှာရော အခက်အခဲရှိလား

Ans:

ပထမဦးဆုံးကတော့ ဟုတ်တယ် စင်ပေါ်မှာဆိုတာက ဒါကြတော့ ပရိသတ်က တိုက်ရိုက်ထိတွေ့တာလေ။ အခုဒီအပိုင်းကကြတော့ တီဗီဖန်သားပြင်ပေါ်ကနေမှ မြင်ရတာလေ။ ဟိုမှာတုန်းကတော့ တိုက်ရိုက်ထိတွေ့တာဆိုတော့ အမှားအယွင်း လုံးဝမရှိရဘူး။ ဒီမှာကကြတော့ မှားရင်ပြန်ပြင်ရိုက်လို့ရတယ်။ အဲလိုပြန် ရိုက်လို့ရတာကိုပဲ အရင်တုန်းက Model လုပ်ခဲ့တဲ့စိတ်ကြီး ဝင်တယ်ဆိုတော့ အက်တင်ဘက်မှာ လျော့သွားတာပေါ့။ အက်တင်ကို ကောင်းအောင် လုပ်ပြန်တော့လည်း စာတွေကမေ့ပေါ့။ အဲ့လိုမျိုးတွေ ဖြစ်တယ်လေ။ ဒါပေမယ့် နောက်ပိုင်းကြတော့လည်း ဒါတွေက မဖြစ်တော့ပါဘူး။ ဒါပေမယ့် အခုချိန်ထိတော့ ဂရုစိုက်နေရသေးတယ်။

Q:

ဆုရွှန်းလဲ့ဆိုတဲ့ အနေအထား တစ်ခုရောက်အောင်ရော ဆုရွှန်းလဲ့ ဘက်ကဘယ်လို ကြိုးစားမှုတွေ စိုက်ထုတ်ခဲ့ရလဲ။

Ans:

ကြိုးစားခဲ့တာတော့ ဘယ်လိုပြောရမလဲ…. ရိုက်ကွင်းကို အချိန်မှန်သွားတာတို့၊ နောက်လူကြီးတွေပြောတာ သေချာနားထောင်တယ်။ နောက်ကိုယ့်ဘက်ကလည်း ကြိုးစားတယ်။ ဒါပေမယ့် ဒီအချိန်မှာ အများကြီးလိုသေးတယ်။

Q:

ဆုရွန်းလဲ့က သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ချင်ခဲ့တာလား ဒါမှမဟုတ် မင်းသမီးတစ်ယောက် ဖြစ်ချင်ခဲ့တာလား။

Ans:

တစ်ခုတည်းလည်း မဖြစ်ချင်ဘူး။ သမီးက အကုန်လုံး ဖြစ်ချင်တယ်။

Q:

အခု လက်ရှိအနေအထားကို ဆက်ထိန်းသွားဖို့ဆိုရင် ဘာတွေလိုအပ်မလဲ။

Ans:

ဟုတ်တယ်။ အဲဒီအတွက် အများကြီး သတိထားနေရတာပေါ့နော်။ အများကြီးလည်း ကြိုးစားနေရတာပေါ့။ ကြိုးစားနေဖို့ အမြဲလိုအပ်ပါတယ်။

Q:

အရင်က ကိုယ်သရုပ်ဆောင်ခဲ့တဲ့ ကားတွေရော ပြန်ကြည့်ဖြစ်လား။ အဲလိုပြန်ကြည့်ဖြစ်တဲ့အခါ ဘယ်လိုခံစားရလဲ။

Ans:

အရင်တုန်းကဟာတွေ ပြန်ကြည့်ရင် တစ်ခုမှ ကိုယ့်မျက်စိထဲမှာ တည့်တာမရှိဘူး။ ကန့်လန့်တွေကြီးပဲ။

Q:

အခု ကားရိုက်တွေ ဆက်လာတဲ့အခါရော ကိုယ့်ကားတွေကို ကိုယ့်ဘာသာ ပြန်ကြည့်ဖြစ်သေးရဲ့လား။

Ans:

ကြည့်ဖြစ်ပါတယ်။ သူငယ်ချင်းတွေက ထွက်တယ်လို့ ပြောရင်သွားကြည့်တယ်။ တိုက်ကပေးတဲ့ ဟာတွေလည်း ပြန်ကြည့်ပါတယ်။

Q:

ဆုရွှန်းလဲ့ဖြစ်လာဖို့ အဓိကပံ့ပိုးပေးခဲ့တာက ဘယ်သူတွေလဲ။

Ans:

အရမ်းဒီအလုပ်ကို လုပ်ချင်တော့ မေမေ့ကို ပြောတာပေါ့နော်။ သူပဲ နောက်ကနေ လိုက်လုပ်ပေးတာ... အကုန်လုံးပဲ။ အခုချိန်ထိလည်း မေမေက အားလုံး ပံ့ပိုးပေးပါတယ်။ အင်္ကျီတွေဘာတွေ လိုတယ်ဆိုလည်း မေမေပဲ သွားဝယ်ပေးတာပါ။

Q:

ဆုရွှန်းလဲ့ရဲ့ဘဝမှာ အခုချိန်ထိ ကိုယ်ဖြစ်ချင်တာတွေနဲ့ ဖြစ်နေတာတွေ တထပ်တည်းကျလား..........

Ans:

ဟင့်အင်း..... တခြားစီပဲ။ ဒါပေမယ့် တခြားစီဆိုပေမယ့်လည်း အခုဖြစ်နေတဲ့အပေါ်မှာ ကိုယ်က ကောင်းအောင်တော့ ကြိုးစားပါတယ်။ အလုပ်ကို လေးလေးစားစားနဲ့ လုပ်ပါတယ်။

Q:

မင်းသမီး တစ်ယောက်ကို ဖက်ရှင်ဆိုတဲ့ကဏ္ဍက ဘယ်လောက်ထိ ပံ့ပိုးပေးနိုင်တယ်လို့ ထင်လဲ။

Ans:

ဖက်ရှင်ကတော့ အများကြီး ပံ့ပိုးပေးနိုင်တာပေါ့နော်။ ဖက်ရှင်ပိုင်းကတော့ အရင်ကတည်းက မမိုး(တင်မိုးလွင်) ဆီမှာနေကတည်းက အဝတ်အစား ဝတ်တာတွေကအစ အရောင်တွေ ရွေးတာကိုကအစ သင့်ခဲ့ရတယ်လေ။ အဲဒါတွေကလည်း အများကြီး အထောက်အကူ ရပါတယ်။

Q:

Fancy Accressories တွေထဲမှာရော ဆုရွှန်းလဲ့က ဘယ် Accressories ကို အနှစ်သက်ဆုံးလဲ။

Ans:

Fancy Accressories တွေထဲမှာတော့ နားကပ်ကို ကြိုက်ပါတယ်။ ဆွဲကြိုးတို့ ဘာတို့ကြတော့ သိပ်မဝတ်ဖြစ်ဘူးလေ။ နားကပ်တို့ နားဆွဲတို့ကတော့ အမြဲဝတ်ဖြစ်ပါတယ်။

Q:

Hair Style အမျိုးမျိုး ပြောင်းရတာကိုရော ဆုရွှန်းလဲ့ကြိုက်လား။

Ans:

ဆံပင်ပုံပြောင်းရင် ရုပ်ပြောင်းသွားတယ်။ အဲလိုပေါ့နော်။ ဒါပေမယ့် ဆံပင်ပုံစံကလည်း လူတစ်ယောက်အတွက် အများကြီး အထောက်အကူပြုတယ်။ လူတစ်ယောက်ရဲ့မျက်နှာလှသွားတာ... မလှသွားတာပေါ့။ ဆံပင်ပုံမလှရင်လည်း လူက ရုပ်ပျက်သွားတာတွေ ဘာတွေ ရှိတယ်လေ။ အဲဒီတော့ ဆံပင်ပုံကိုလည်း ဂရုစိုက်ပါတယ်။

Q:

ကိုယ့်ရဲ့မျက်နှာတစ်ခုလုံးမှာ ဘယ်အစိတ်အပိုင်းကို ခြယ်သရတာ အကြိုက်ဆုံးလဲ။

Ans:

ဘယ်ဟာလဲဆိုရင်တာ့...... မျက်လုံးပေါ့......။ အားရင် Mascara ပဲထည့်နေတာ......။

Q:

အနုပညာပိုင်းမှာရော ဆုရွှန်းလဲ့ ခံယူထားတဲ့ အနုပညာခံယူချက် ဆိုတာမျိုးရှိလား။

Ans:

အဲဒါကြတော့ ကိုယ်လုပ်နေတဲ့ အလုပ်ကို လေးစားတယ်။ အလုပ်အပေါ်မှာ တလေးတစားနဲ့ လုပ်တယ်။ ဒီထက်ကောင်းအာင် ကြိုးစားမယ်ဆိုတဲ့ ခံယူချက်မျိုးတော့ ထားပါတယ်။

Q:

ဆုရွှန်းလဲ့ရဲ့ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါအုံး။

Ans:

ရိုးရိုးလေးပဲ ပြောလိုက်တော့မယ်။ အခုလိုအားပေးတာ ကျေးဇူးတင်ပါတယ်လို့.........

ကျေးဇူးတင်ပါနော် ဆုရွှန်းလဲ့။

Back to Top
advertisements