Guest
 
 
₪ Art Interviews
Interview with နေခြည်လင်းလဲ့
Read More Movie Interviews...

Interview with နေခြည်လင်းလဲ့
Interview with နေခြည်လင်းလဲ့
Interview with နေခြည်လင်းလဲ့
₪ Interview
Interview with နေခြည်လင်းလဲ့

Q:

နေခြည်လင်းလဲ့ ဒီအနုပညာ လောကထဲကို ဘယ်လိုစပြီး ဝင်ဖြစ်ခဲ့တာလဲ။

Ans:

အမေ့ရဲ့သူငယ်ချင်းက လင်းရောင်ဦး ဝေါလ်ရှိဒ် ဖြန့်ချီရေးက။ သူက ဝေါလ်ရှိဒ် ရိုက်ချင်တယ် ဆိုပြီးတော့ ကိုဝဏ္ဏဆီမှာ ဓါတ်ပုံရိုက် ဖြစ်တယ်။ အဲဒီကနေမှ Follow Me က ကိုမျိုးကတွေ့ ပြီးတော့ Follow Me ရိုက်ချင်တယ် ဆိုတာနဲ့ အဲဒီကနေ FollowMe စရိုက်ဖြစ်သွားတာပါ။

Q:

Follow Me စရိုက်တဲ့အချိန်မှာ နေခြည် ဘယ်လိုခံစားရလဲ။ အခက်အခဲတွေရော ကြုံခဲ့ရသေးလား။

Ans:

အဲဒီတုန်းက တော်တော်တော့ ပျော်ဖို့ကောင်းတယ် အစ်မ။ နည်းနည်း အခက်အခဲတော့ ရှိပါတယ်။ သမ်းနေတဲ့ပုံ လုပ်ခိုင်းတဲ့အခါ ကိုယ်က မသမ်းတတ်တော့လေ နည်းနည်း အခက်အခဲတော့ ရှိပါတယ်။ ဒါပေမယ့် နောက်တော့ အဆင်ပြေ သွားပါတယ်။

Q:

အဲဒီအချိန်တုန်းက ၁၀ တန်းပေါ့။

Ans:

ဟုတ်တယ်အစ်မ။ ၁၀ တန်း မတက်ရသေးတဲ့ နွေရာသီပေါ့။

Q:

၁၀ တန်းမှာရော ဒီအနုပညာ အလုပ်တွေနဲ့ ကျောင်းစာနဲ့ကိုရော ဘယ်လို အချိန်တွေ ခွဲခြားထားလဲ။

Ans:

ဘယ်လိုခွဲထားလဲ ဆိုတော့ သမီးအားတဲ့ အချိန်တွေပေါ့နော်။ အဲဒီအချိန်တွေကို အလုပ်ကို အချိန်ပေးတယ်။ အကယ်၍ အလုပ်ကြောင့် စာကျက်ရတာ အချိန်လျော့သွားတယ် ဆိုရင်လည်း အစားထိုးပြီးတော့ စာပြန်ကျက် ပေးပါတယ်။

Q:

နေခြည်က ၁၀တန်းမှာလည်း ၆ဘာသာ ဂုဏ်ထူး ထွက်ခဲ့တယ်နော်။ ဒါဆို အနုပညာ အလုပ်တွေရော ဆိုတော့ နေခြည်တော်တော် ကြိုးစားခဲ့ရမှာပဲနော်။

Ans:

၁၀တန်းကတော့ အရမ်းကြိုးစား ခဲ့ရတာပဲ။ အနုပညာ အလုပ်တွေကတော့ ၁၀တန်းမှာတော့ လုပ်တော့ လုပ်ဖြစ်တယ် ပေါ့နော်။ ဒါပေမယ့် အရမ်းကြီးတော့ မလုပ်ဖြစ်ဘူးပေါ့။

Q:

အဲလို ၁၀တန်းမှာလည်း ထူးထူးချွန်ချွန် အောင်မြင်ခဲ့တယ်။ အနုပညာ ဘက်မှာလည်း ပရိသတ်တွေက သတိထားမိလာတယ် ဆိုတော့ ညီမလေး ဘယ်လိုခံစားရလဲ။

Ans:

ကိုယ်က ငယ်ငယ် ကတည်းကလည်း ၁၀ တန်းမှာအောင်မြင်ဖို့ ကြိုးစားခဲ့ရတယ်ဆိုတော့ အရမ်းပျော်ပါတယ်။ အနုပညာကတော့ မမျှော်လင့်ပဲနဲ့ ဖြစ်လာတယ်လို့ ပြောရမယ်ထင်တယ်။ အဲဒီလို ပရိသတ်တွေက သိလာတဲ့အတွက်လည်း နေခြည် အရမ်းပျော်ပါတယ်။

Q:

ဒီအနုပညာ အလုပ်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးရော ရှိခဲ့လား။ နေခြည်အနုပညာ အလုပ်တွေကို ငယ်ငယ်ကရော ဝါသနာပါခဲ့လား။

Ans:

ဟိုးအရင်တုန်း ရည်ရွယ်ချက်တော့ မရှိဘူးအစ်မ။ ငယ်ငယ်ကတုန်းက ဝါသနာပါတယ် တော့ရှိတယ်။ ငယ်ငယ်တုန်းကဆို ခရီးတွေဘာတွေ ထွက်ရင် ဓါတ်ပုံတွေတော့ အရမ်းရိုက်တယ်။ တနေ့ဒီလိုမျိုး ဖြစ်ရမယ်ဆိုပြီးတော့ ရည်ရွယ်ချက်တော့ မရှိပါဘူး။

Q:

အခုရော ညီမလေး တော်တော်များများ ရိုက်ဖြစ်နေပြီလား။

Ans:

ရိုက်နေရပြီလို့ ပြောလို့ရပါတယ်။ TV ကြော်ငြာကတော့ ၂ ခုလောက်တော့ ရိုက်ထားတာရှိပါတယ်။ TV ကြော်ငြာက Solo Man's ware လေ။ အဲဒါက ကိုနေတိုးနဲ့ ရိုက်ထားပါတယ်။ နောက်တစ်ခုက ခင်ပြုံးမွန်ပါတိတ်ပါ။

Q:

VCD အနေနဲ့ရော တခြားဘာတွေ ရိုက်ထားတာ ရှိသေးလဲ။

Ans:

VCD ကတော့ ရဲလေးရဲ့ အိမ်ထဲမှာ ၁ပုဒ်ရိုက်ထားပါတယ်။ အဲဒီ ၁ ပုဒ်ပဲရှိပါသေးတယ်။ တခြားဟာတွေက လာခေါ်တာကို မအားတာနဲ့ မရိုက်ဖြစ်တာတွေလည်း ရှိပါတယ်။

Q:

ဗီဒီယိုရိုက်ဖို့ အတွက်ရော အစီအစဉ်ရှိလား။

Ans:

ဗီဒီယိုကတော့ အစီအစဉ် မရှိသေးပါဘူး။

Q:

နေခြည်က Photo Model ပဲလုပ်မယ်လို့ စိတ်ကူးထားတာလား။

Ans:

Photo Model ပဲလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် လောလောဆယ်တော့ ဗီဒီယိုတို့၊ ရုပ်ရှင်တို့ လာကမ်းလှမ်းရင်တော့ ရိုက်ဖို့ အစီအစဉ် မရှိသေးပါဘူး။ VCD တွေဘာတွေမှာသရုပ် ဆောင်ရတာတော့ ဝါသနာပါပါတယ်။ အဓိကက သီချင်းဆိုတာပဲ ဝါသနာပါပါတယ်။

Q:

ဒါဆို သီချင်းဆိုဖို့၊ စီရီးတွေ ဘာတွေ ထုတ်ဖို့ရော အစီအစဉ်ရှိလား။

Ans:

လောလောဆယ်တော့ အစီအစဉ် မရှိသေးပါဘူးအစ်မ။ ဘာမှလည်း သေသေချာချာ မလုပ်ဖြစ်သေးပါဘူး။

Q:

သီချင်းဆိုတာ ဝါသနာပါတယ် ဆိုတော့ နေခြည်က ဘယ်လို Music ပုံစံမျိုးတွေကို ကြိုက်လဲ။

Ans:

သမီးကကြိုက်တာကတော့ Hip Hop နဲ့ R&B ပုံစံမျိုးတွေ ကြိုက်တယ်။ လူကြီးတွေက ပြောတာတော့ သမီးအသံက အဲလိုမျိုးတွေနဲ့ မလိုက်ဘူး။ Popနဲ့ပဲ ပိုလိုက်တယ်လို့ ပြောကြ ပါတယ်။

Q:

နေခြည်က ဆေးကျောင်းတက်ပြီး ဆရာဝန်မကြီး လုပ်မှာပေါ့ ဟုတ်လား။ ဆေးကျောင်းက စတက်နေပြီလား။

Ans:

ဟုတ်တယ်အစ်မ။ ဆေးကျောင်း တက်မှာပါ။ လစ်စ်တော့ကျလာပြီ။ သတင်းတွေ ဘာတော့ ပို့ပြီးသွားပြီ။ ၁၀ ရက်နေ့ကျရင်တော့ ဆေးစစ်ရမယ်။

Q:

နေခြည့်ရဲ့ အဝတ်အစား ဖက်ရှင်ကိုရော ဘယ်လို ရွေးချယ်ဖြစ်လဲ။

Ans:

ဖက်ရှင် ဒီဇိုင်းကတော့ အဓိကကတော့ အမေနဲ့တိုင်ပင်ပြီးတော့ စဉ်းစားပြီးတော့ ဝတ်ပါတယ်။ တခါတလေကျရင်တော့ နိုင်ငံခြား မဂ္ဂဇင်းတွေထဲကနေ ကြည့်ပြီးတော့ ကိုယ်နဲ့အဆင် ပြေမယ့်ဟာမျိုး လိုက်ဖက်မဲ့ ဒီဇိုင်းမျိုးလေးတွေကို ဝတ်ပါတယ်။

Q:

င်္Accessories တွေထဲမှာရော ဘယ်လိုဟာမျိုးတွေကို ကြိုက်လဲ။

Ans:

အကုန်လုံး ကြိုက်တယ် အစ်မ။ နာရီရော၊ နားကတ်ရောပေါ့။ နားကတ်ကတော့ အရမ်းအကြိုက်ကြီး မဟုတ်ပါဘူး။ ဒါပေမယ့် ဝယ်ရတာပါပဲ။ ဆွဲကြိုးတို့၊ လက်ကောက်တို့အစုံပါပဲ။

Q:

နေခြည်လင်းလဲ့ရဲ့ ၂၀၀၈ ခုနှစ် အစီအစဉ်တွေကိုလည်း ပရိသတ်တွေကို ပြောပြပေးပါအုံး။

Ans:

၂၀၀၈ ခုနှစ်မှာတော့ နေခြည်က အနုပညာ အလုပ်တွေကို အများကြီး လုပ်သွားမှာပါ။

Q:

နေခြည်ရဲ့ ပရိသတ်တွေကို Phoewa Online Media ကနေတဆင့် စကားလက်ဆောင်လေး ပြောပေးပါအုံး။

Ans:

နေခြည့်ကို အားပေးကြပါလို့။ အားပေးကြတဲ့ ပရိသတ်တွေကိုလည်း နေခြည်က ကျေးဇူးအများကြီး တင်ပါတယ်။ အစ်မတို့ Phoewa Online Media ကိုလည်း ကျေးဇူး တင်ပါတယ်။

အစ်မကလည်း ကျေးဇူးတင်ပါတယ်။

Back to Top
advertisements