| ‘‘ Interview with နေတိုး ’’ |
Q: |
နေတိုး အခုလက်ရှိ အနုပညာလှုပ်ရှားမှုကို ပြောပြပေးပါဦး။
|
Ans: |
အခုတော့ ဦးမီးပွားရယ်၊ မနန္ဒာလှိုင်ရယ်နဲ့ "တစ်သက်လုံး ဒီအတိုင်းပဲ" ဆိုတဲ့ကားရိုက်နေပါတယ်။
|
Q: |
ဒီကားမှာရော ဘယ်လို character မျိုးက သရုပ်ဆောင်ရမှာလဲ။
|
Ans: |
ဒီကားမှာတော့ မိဘချင်းကလည်း ၁၀ တန်းနှစ်လောက်ထဲက သဘောတူထားတယ်။ အမြဲတမ်း တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေပြေ ဖြစ်မနေဘူး။
တစ်ယောက်က တစ်ခုခုလုပ်လိုက်လို့ တစ်ယောက်က ပြန်ရွဲ့တယ်။ အဲဒီလိုမျိုးဒီအတိုင်းပဲ အမြဲတမ်း ဖြစ်နေတယ်ဆိုတဲ့ ဟာမျိုးပေါ့။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့
အဲလိုချစ်စရာကောင်းတဲ့ character လေးပါ။
|
Q: |
နေတိုးကရော ဘယ်လို character မျိုးကို သရုပ်ဆောင်ချင်လဲ
|
Ans: |
ကျွန်တော်လုပ်ချင်တဲ့ character က drama အဓိကပေါ့။ ကျေနပ်ပါတယ်။ ပရိသတ်ကလည်း အားပေးတယ်ပေါ့လေ။ အဲလိုပုံစံမျိုးလေး
လုပ်ချင်တယ်။ လောလောဆယ် လုပ်ချင်တာကတော့ Romance ဖြစ်တဲ့ ကားလေးတွေ ကျွန်တော် ရိုက်ချင်တယ်ပေါ့။
|
Q: |
အခုပြဇာတ်အတွက် တိုက်နေတယ် ဆိုတာကရော။
|
Ans: |
အမျိုးသမီးများနေ့ ရန်ပုံငွေပွဲပေါ့။ ကျွန်တော်ကတော့ ပြဇာတ်တော့ မဟုတ်ဘူးပေါ့။ အငြိမ့်မှာ ပါမှာပေါ့နော်။
သူက Model Show ရယ်၊ အငြိမ့်ရယ်၊ ပြဇာတ်ရယ် ၃ မျိုးပေါ့။ ဒါရိုက်တာက ဦးမျိုးမင်း စီစဉ်တာပါ။
|
Q: |
ကိုနေတိုး Model လောကကနေ သရုပ်ဆောင်ဘက်ကို ဘယ်လို ရောက်ဖြစ်ခဲ့လဲ။
|
Ans: |
အဓိကကတော့ Model လုပ်တယ်။ Model လုပ်ပြီး ကျွန်တော်တို့ ခေတ်လောက်ကနေ VCD ရိုက်တာတို့ ဘာတို့
ခေတ်စားတယ်။ အလုပ်လုပ်ရင်းနဲ့ လေ့လာရင်းနဲ့ ဒီလိုအနေအထား တစ်ခုရလာခဲ့တာပါ။
|
Q: |
ကိုနေတိုး ကြော်ငြာ စရိုက်ဖြစ်တာ ဒါရိုက်တာ ဦးသိန်းဟံနဲ့နော်။ နောက်ပိုင်းကားတွေရော သူနဲ့ ဆက်ရိုက် ဖြစ်သေးလား။
|
Ans: |
ဦးသိန်းဟံနဲ့ကျတော့ ကြော်ငြာ အရင်စရိုက်ဖြစ်တယ်။ နောက်ပြီးတော့ ရုပ်ရှင်ကားကြီး ၁ ကားရိုက်တယ်။
|
Q: |
နေတိုးရဲ့ လက်ဦးဆရာဆိုရင် ဘယ်သူလို့ ပြောလို့ရမလဲ။
|
Ans: |
စစဦးဆုံး အက်တင်နဲ့ ပတ်သတ်ပြီး သင်ပေးတာကတော့ ဒါရိုက်တာ ဦးချမ်းချိန်။ လက်ဦးဆရာ တစ်ယောက်ကို ပြောမယ်ဆိုရင်လည်း ဦးချမ်းချိန်လို့ ပြောလို့ရပါတယ်။
|
Q: |
နေတိုးဆိုတဲ့ နာမည်တစ်ခု ဖြစ်လာဖို့အတွက် ကိုနေတိုးဘက်က ဘယ်လိုကြိုးစားမှုတွေ စိုက်ထုတ်ခဲ့ရလဲ။
|
Ans: |
ကျွန်တော်ကတော့ ပုံမှန်ပါပဲခင်ဗျ။ ငါဖြစ်ရမယ် ဆိုပြီးတော့လည်း အသည်းအသန်ကြီး လုပ်ခဲ့တာမျိုးလည်း မရှိဘူး။ အမြဲတမ်း ကြံစည်မှုလည်း လိုတာပေါ့နော်။
ဇာတ်လမ်းပုံစံအရရော၊ ပရိသတ်ရော အကုန်လေ့လာပြီးတော့ ရိုက်ကြရတာပေါ့။
|
Q: |
အနုပညာနဲ့ ပတ်သတ်ပြီးတော့ ကိုနေတိုး တခြားဘာတွေ ၀ါသနာပါတာရှိပါလဲ။
|
Ans: |
တခြားဝါသနာပါတာကတော့ အနုပညာနဲ့ ပတ်သတ်လို့တော့ ဟိုစပ်စပ်ဒီစပ်စပ်နဲ့တော့ အကုန်လုံး ၀ါသနာပါတာပဲ။ သီချင်းလည်း တစ်ခါတစ်လေကျရင် ဆိုတယ်။
တစ်ခါတစ်လေကျရင် ပန်းချီတွေဘာတွေလည်း ရေးတယ်။ ဒါပေမယ့် သိပ်ကြီးကြီးမားမားကြီး မဟုတ်ပါဘူး။ ကျွန်တော် တစ်ခါတစ်လေ စိတ်အပန်းဖြေရုံ လောက်ပါပဲ။
|
Q: |
စာဖတ်တာရော ၀ါသနာပါလား။ ဘယ်လိုစာအုပ်မျိုးတွေ ဖတ်ဖြစ်လဲ။
|
Ans: |
ဟုတ်ကဲ့။ စာကတော့ အမြဲတမ်းဖတ်နေရတာပဲ။ ကျွန်တော်တို့ ကားရိုက်တယ်ဆိုရင်လည်း ဖတ်ရတာပဲ။ ဘာသာရေးနဲ့ ပတ်သတ်ပြီးတော့လည်း အရှင်ဆန္ဒာဓိကတို့ဘာတို့ ဖတ်ဖြစ်တယ်။
ဝတ္ထုတွေဘာတွေကျတော့ ကျွန်တော်တို့ ကားရိုက်တဲ့အလုပ်နဲ့ ပတ်သတ်တဲ့ ဟာတွေကတော့ အမြဲတမ်း ဖတ်ဖြစ်တယ်။ တစ်ခြားစာတွေကတော့ အချိန်ရရင်ရသလို ဖတ်ဖြစ်ပါတယ်။
|
Q: |
ကားရိုက်တွေ စိတ်လာတဲ့ အခါမှာရော နေတိုးရဲ့ အနုပညာကိုရော ပြန်ကြည့်ဖြစ် လေ့လာဖြစ်ရဲ့လား။
|
Ans: |
လေ့လာဖြစ်ပါတယ်။ ရိုက်ပြီးသမျှတွေကိုလည်း ပြန်လေ့လာဖြစ်တယ်။ အခုချိန်မှာတော့ ကိုယ်မကြိုက်မချင်း ပြန်ရိုက်လို့ရတဲ့ အနေအထားမျိုး ဆိုတော့လေ။
|
Q: |
နေတိုးကားရိုက်ဖို့ ဇာတ်တွေ ရွေးတဲ့အခါမှာရော ဘယ်လိုရွေးဖြစ်လဲ။
|
Ans: |
အဓိကကတော့ ဇာတ်လမ်းပေါ့နော်။ ဇာတ်လမ်းရယ် ဒါရိုက်တာရယ်ပေါ့။ ဘယ်လိုရှိလဲဆိုတော့ ဒါရိုက်တာ တစ်ယောက်က သူအားသန်တဲ့ လိုင်းရှိတာပေါ့နော်။
ဥပမာ- ဦးထွန်းထွန်းဝင်းဆိုရင် drama ပေါ့။ ကိုယ်သိပ်မလုပ်ရသေးတဲ့ character ဆိုရင်တော့ ရွေးပြီးရိုက်ပါတယ်။
|
Q: |
ကိုနေတိုးကို အရင်က နယ်ပရိသတ်တွေက ပိုကြိုက်ကြတယ်နော်။ နောက်ပိုင်းမှာ ရန်ကုန်ပရိသတ်တွေကိုပါ ထိုးဖောက်လာတာ တွေ့ရတယ်။ အဲဒီအတွက်ရော ဘယ်လိုကြိုးစားခဲ့ပါသလဲ။
|
Ans: |
အဲဒါကတော့ ကျွန်တော် အခုလုပ်နေတဲ့ ပုံစံကပုံမှန်ပါပဲ။ ထိုးဖောက်တယ် ဆိုတာကလည်း ရန်ကုန်ဈေးကွက်ရအောင် ငါဘယ်လိုကားတွေ ရိုက်လိုက်မယ်တို့ ဘယ်လိုပုံစံ
ရိုက်လိုက်မယ်တို့ မဟုတ်ပါဘူး။ ဒီအပေါ်မှာ ကိုယ်ရဲ့ပရိသတ်လက်ခံမှု Demand ပေါ့။ ၀ယ်လိုအားတစ်ခုပေါ်မှာ Quality ပိုင်းလည်း မြင့်မြင့်လာရတာ ပေါ့နော်။ မြင့်မြင့်လာတဲ့
အခါကျတော့ ဘယ်မင်းသမီးပါမှ ဘယ်မင်းသားဖြစ်မှ ဟာသသရုပ်ဆောင်ထဲက ဘယ်သူပါမှ အဲလိုမျိုးလေးတွေလည်း သူတို့ရှိတဲ့အခါကျတော့ကိုယ့်ရဲ့ Demand
ဖြစ်လာတဲ့အပေါ်မှာ မူတည်ပြီးတော့ ရန်ကုန်ကြိုက်တွေ ဖြစ်သွားကြတာပေါ့။
|
Q: |
ကိုနေတိုးရဲ့ဖက်ရှင် ဒီဇိုင်းတွေ အတွက်ရော ကိုယ်တိုင်ပဲ ရွေးချယ်ဖြစ်တာလား။
|
Ans: |
အ၀တ်အစားနဲ့ ပတ်သတ်ပြီး ဖက်ရှင်စာအုပ်တွေ ဘာတွေကြည့်တယ်။ တစ်ခါတစ်လေကျရင် သူငယ်ချင်းတွေနဲ့ သွားရင်လည်း မှာတယ်။
အဓိကကတော့ တကယ့် Update ဖြစ်တဲ့ကားတွေပေါ့နော်။
|
Q: |
နေတိုးအခုလက်ရှိ နေတိုးဆိုတဲ့ အနေအထားတစ်ခုကိုရော ကျေနပ်ပြီလား။
|
Ans: |
ကျေနပ်ပါတယ်။ နောက်ကျွန်တော် အများကြီး လုပ်ရပါအုံးမယ်။ အများကြီး ကြိုးစားရအုံးမှာပါ။
|
Q: |
သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ အတွက်ရော ဘာတွေ လိုအပ်မယ်လို့ ထင်ပါလဲ။
|
Ans: |
သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့က အဓိကဘယ်လိုပြောရမလဲ။ တစ်ချို့သင်တာရှိတယ်။ ဒါရိုက်တာတွေက သင်တာရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်
ဖွဲ့စည်းပုံခြင်း မတူဘူး။ အားနည်းချက်နဲ့ အားသာချက်လည်း မတူဘူး။ သင်တဲ့အတိုင်း မဟုတ်ပဲနဲ့ ကိုယ့်ဟာကိုယ် တီထွင်နိုင်တဲ့ ဥာဏ်ရှိရမယ်။ အမြဲတမ်း
အသစ်တီထွင်နိုင်တဲ့ ဥာဏ်ရှိရမယ်ပေါ့။
|
Q: |
နေတိုးကရော မင်းသားတစ်ယောက် ဖြစ်ချင်ခဲ့တာလား။ သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်ချင်ခဲ့တာလား။
|
Ans: |
ကျွန်တော် သရုပ်ဆောင်ကောင်း တစ်ယောက်ပဲ ဖြစ်ချင်ခဲ့တာပါ။ မင်းသားဆိုတာ အမြဲတမ်း လှနေတယ်လေ။ သရုပ်ဆောင်ဆိုတာ character တွေထဲမှာပဲ ၀င်နေရတာ
ဆိုတော့လေ။ ကျွန်တော်ရှိပါတယ်။ စုတ်ပြတ်သတ်နေအောင် ရိုက်ထားတဲ့ကားတွေ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်မှပဲ ဒီလောကမှာ ကြာကြာရပ်တည်လို့ ရမယ်လို့
ကျွန်တော်ထင်တယ်။
|
Q: |
အခု ကိုရီးယားကားတွေကို မြန်မာပရိသတ်တွေ နှစ်သက်လာကြတာ တွေ့ရတယ်။ မြန်မာကားတွေနဲ့ ကိုရီးယားကားတွေ နှိုင်းယှဉ်ပြီးတော့ ကြည့်လာကြတဲ့ အပေါ်
နေတိုးရဲ့ အမြင်ကို ပြောပါဦး။
|
Ans: |
အများကြီးကွာပါတယ်။ အများကြီး ကွာတယ်ဆိုတာ သူတို့ရဲ့ရိုက်ကူးမှုအချိန် အတိုင်းအတာပေါ့နော်။ ဇာတ်အိမ်တစ်ခုကို အကြာကြီး ပြရတဲ့အခါ သူတို့က
ကျွန်တော်တို့ထက် ပိုပြီးလုပ်ထားတယ်ဆိုတော့ သူတို့ကောင်းတယ် ဆိုတာလည်း သိတယ်။ ဘာကြောင့် ကောင်းရတယ်ဆိုတာလည်း
သိပါတယ်။ ကျွန်တော်တို့လည်း အဲလိုမျိုး အချိန်တွေ အကြာကြီးယူပြီး အရုပ်တွေကအစ လှအောင်လုပ်မယ်။ character တွေကလည်း ဒီမင်းသမီးကတော့
ဘယ်လို character ဒီမင်းသမီးကတော့ ဘယ်လို character မျိုးနဲ့ လိုက်ဖက်တယ်။ အဲဒီအပေါ်မှာ သူတို့ actor တွေအပေါ်မှာ choice လုပ်ပြီးတော့
သေသေချာချာ ရွေးတဲ့အခါကျတော့ ပိုကြည့်ကောင်းတာပေါ့။ ဒီမှာကျတော့ တစ်ခါတစ်လေကျရင် character နဲ့ မလိုက်ပဲနဲ့လည်း ထည့်ရတဲ့ဟာတွေ
ရှိတယ်။ character လိုက်ပေမယ့်လည်း တစ်ခါတစ်လေကျရင် Producer တွေက ဖြန့်ချိရေးပိုင်းမှာ အားမရှိတဲ့အတွက် မထည့်ရတာတွေလည်း ရှိတယ်။
ဇာတ်နဲ့ အံဝင်ခွင်ကျမှု နည်းနည်းလေး လိုတယ်လို့လည်း ပြောလို့ရပါတယ်။
|
Q: |
ကိုနေတိုး ကြော်ငြာအနေနဲ့ရော အသစ်ရိုက်ထားတာ ရှိသေးလား။
|
Ans: |
ကြော်ငြာကတော့ ကြော်ငြာ DG Shampoo ရိုက်ထားတာ ရှိတယ်။
|
Q: |
ရုပ်ရှင်ကားကြီးးအနေနဲ့ရော ဘာကားရိုက်ထားတာရှိလဲ
|
Ans: |
ကားကြီးအနေနဲ့တော့ ဒီနှစ်ထဲမှာ ဦးသိန်းဟံနဲ့ ၀င်္ကပါအချစ် ရိုက်ထားပါတယ်။
|
Q: |
ကိုနေတိုးရဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။
|
Ans: |
ကျွန်တော် ၁ ကားထက် ၁ ကား ကောင်းအောင်တော့ အမြဲကြိုးစားနေပါတယ်။ ကျွန်တော့ကို အားပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်
|
Q: |
Phoewa website ကလည်း ကိုနေတိုးကို ကျေးဇူးတင်ပါတယ်
|
Ans: |
ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။
|
|
Back to Top
|