|
ဒီတစ်ခါ Album Review အတွက် စဉ်းစား နေတုန်းမှာပဲ ခင်ဘုဏ်းရဲ့ ပထမဆုံး တစ်ကိုယ်တော် အခွေဖြစ်တဲ့ “အယုံလွယ်သူ” ထွက်ရှိ လာတာကြောင့် ဒီအခွေလေးကိုပဲ နားထောင်
ဖြစ်ခဲ့ပါတယ်။
ဒီအခွေမှာ “လွဲချင်နေတဲ့အချစ်” “ရပ်စောင့်နေပါတယ်” “နင်ပြန်လာတဲ့အခါ” “တို့မှားလား” “ဒါပေမယ့်” “တဖက်သတ်” “နင်မသိတဲ့ငါ” “အယုံလွယ်သူ” “ရရှိမှု” “ငါမသိတော့” “အဆိပ်” စတဲ့ သီချင်း ၁၁ ပုဒ်ပါဝင်ပါတယ်။
“အယုံလွယ်သူ” “ရပ်စောင့်နေပါမယ်” “နင်မသိတဲ့ငါ” “ဒါပေမယ့်” “အဆိပ်” သီချင်း တွေကိုတော့ ခင်ဘုဏ်း ကိုယ်တိုင် ရေးသားထားတာ ဖြစ်ပြီး “ဒါပေမယ့်” သီချင်းကိုတော့ ခင်ဘုဏ်းက စာသားပဲ ရေးသားပြီး သံစဉ်ကတော့ မောင်သက်က ဖန်တီးထားတာပါ။ “အဆိပ်” သီချင်းရဲ့ သံစဉ်ကိုတော့ အဒီနိုက ဖန်တီး ပေးထားပြီး ကျန်တဲ့ သီချင်းတွေကတော့ စိမ့် (S.A.N)၊ ကြွက်နဲ့
ဖိုးကာ တို့က ရေးသားထားတာတွေ့ရပါတယ်။
“လွဲနေတဲ့ အချစ်များ” ဆိုတဲ့ သီချင်းလေးကတော့ တရုတ်ရိုးရာ ပုံစံမျိုးလေး ဖြစ်နေတာ တွေ့ရပါတယ်။ တခြား သီချင်းတွေကတော့ Pop ပုံစံလေးတွေရော၊ Rock ပုံစံတွေရော၊ Gothic ပုံစံတွေပါ ထည့်ထားတာကြောင့် သီချင်းအမျိုးအစား စုံစုံလင်လင်လေး နားထောင် နိုင်ပါတယ်။
ဒါကြောင့် သီချင်း အမျိုးအစား တွေလည်း စုံစုံလင်လင် နားထောင်နိုင်သလို သီချင်း အေးအေးလေးတွေ ကြိုက်သူတွေ အတွက်လည်း အဆင်ပြေမယ့် ခင်ဘုဏ်းရဲ့ “အယုံလွယ်သူ” စီးရီးကို
ပရိသတ်တွေလည်း မျှဝေ ခံစားကြည့်ပါအုံး။
|