Guest
 
 
₪ Music Interviews
One Lady Show လုပ်ဖို့ လိုပါသေးတယ် ဆိုတဲ့ ချစ်သုဝေ
Read More Interviews...

One Lady Show လုပ်ဖို့ လိုပါသေးတယ် ဆိုတဲ့ ချစ်သုဝေ
One Lady Show လုပ်ဖို့ လိုပါသေးတယ် ဆိုတဲ့ ချစ်သုဝေ
One Lady Show လုပ်ဖို့ လိုပါသေးတယ် ဆိုတဲ့ ချစ်သုဝေ
One Lady Show လုပ်ဖို့ လိုပါသေးတယ် ဆိုတဲ့ ချစ်သုဝေ
₪ Interview
One Lady Show လုပ်ဖို့ လိုပါသေးတယ် ဆိုတဲ့ ချစ်သုဝေ

Q:

တစ်ရှိုက်မတ်မတ်အခွေကို ဘယ်လို စိတ်ကြိုက် အချိန်ယူပြီး ပြင်ဆင်ခဲ့လဲ။

Ans:

ထရီဇာတို့ ညီအစ်မနှစ်ယောက် ပထမအခွေ “သို့ ဖေဖေနဲ့ မေမေ က” ၂၀၀၃ ခုနှစ် ဒီဇင်ဘာလမှာ ထွက်တယ်။ တစ်နှစ်လောက်ခြားပြီး နည်းနည်းကြာကြာ နေလိုက်သေးတယ်။ ၂၀၀၅ ခုနှစ်လောက်မှာ ဒီအခွေကို စတည်ဖြစ်တယ်။ ဒါပေမယ့် သေသေချာချာ ဆိုဖြစ်ခဲ့တာကတော့ ၂၀၀၇ ခုနှစ်ကျမှ စတူဒီယိုဒိတ်တွေဘာတွေ သေချာယူ ဖြစ်ခဲ့တယ်။ အဲဒီတော့ ပထမခွေနဲ့ ဆိုရင် ၃ နှစ်ကျော် ၄ နှစ်လောက် ခြားသွားတယ်။ တစ်ရှိုက်မတ်မတ် အခွေက အောက်တိုဘာ (၉) ရက်နေ့မှာ ထွက်တယ်။ ရန်ကုန်မှာတော့ ပရိုမိုးရှင်း သေချာ မလုပ်ဖြစ်ခဲ့ဘူး။ မန္တလေးမှာတော့ အခွေထွက်တဲ့နေ့ပဲ 78 Shopping Mall မှာ လုပ်ဖြစ်ခဲ့တယ်။ ကျန်တဲ့ မြို့တွေ မလုပ်ဖြစ်သေးဘူး။ VCD ထွက်မှပဲ ရန်ကုန်ရော မန္တလေးရော လုပ်ဖြစ်မယ်။ ပြည်မြို့ကလဲ ကမ်းလှမ်းထားသေးတယ်။

Q:

အခွေထွက်ပြီးသွားတဲ့ အပေါ်မှာရော အားရကျေနပ်မှုရှိလား။

Ans:

အားရလားဆိုတော့၊ ပြန်ရဖို့က မမျှော်လင့်ထားတော့လေ။ အဓိကက ခိုးကူးခွေပဲရောက်ရောက်၊ ကိုယ့် အော်ရဂျင်နယ် အခွေလေးပဲ နားထောင်ထောင် ကိုယ်ဖန်တီးထားတဲ့ ဟာလေးကို ကြိုက်ကြတယ်ဆိုတာ ကြားရရင် လုပ်ရကြိုးနပ်တာပေါ့နော်။ ကျန်တဲ့ မူရင်းခွေမှတို့ ဘာတို့တော့ မမျှော်လင့်တော့ပါဘူး။ မျှော်လင့်ရင် စိတ်ဓါတ်ကျတယ်။ အတြော့ တကယ့် big fun တွေလောက်ပဲ မူရင်းခွေ ၀ယ်ကြတာလေ။ တစ်ခြား fun တွေဆို ပါးစပ်ကကို ဖွင့်ပြောတာ မုန့်ဖိုးနည်းလို့ ကူးခွေဝယ်ပြီး အားပေးတာပါလို့ ပြေကြတယ်။ အဲဒီတော့ ကျေးဇူးမတင်ဘူးလို့ပြောရင် ဘယ်ရမလဲ ဟားဟား။ သူတို့တွေ သီချင်းလေးတွေကို ကြိုက်ကြရင် ကိုယ်လုပ်ရကျိုး နပ်တာပေါ့နော်။ အဲဒီအတွက် ကျေနပ်တယ်။

Q:

၂၀၀၃ ခုနှစ်လောက်က ဆိုခဲ့ရတဲ့ စီးရီးနဲ့ အခုဆိုခဲ့တဲ့ စီးရီးတွေမှာ အသက်အရွယ်နဲ့ အတွေ့အကြုံအနေအထားတွေ ဘယ်လောက်ထိ ကွာသွားလဲ။

Ans:

တစ်ခြားစီကွာသွားပြီ။ အဲဒီတုန်းက ထရီဇာက ကလေးပဲရှိသေးတာဆိုတော့ ၀ါသနာကတော့ပါတယ်။အိမ်က စတူဒီယို ဒိတ်ယူထားတယ် သမီးသွားဆို ဆိုရင် ဆိုလိုက်တာပဲ။ သီချင်းအပ်တာတွေလဲ ကိုယ်က နားမလည်ဘူး။ သမီးရေ ဒီသီချင်းလေးနဲ့လိုက်တယ်ဆိုရင်။ ဒီအခွေမှာကျတော့ စီစဉ်တာကအစ၊ စတူဒီယိုဒိတ်ယူပြီး သီချင်းရွေးတာကအစ၊ အကောင်းဆုံး ဖန်တီးချင်တဲ့ စိတ်တွေ ဖြစ်လာပြီဆိုတော့လေ။ ပရိုမိုးရှင်းကအစ အားတက်သရော၊ အချိန်ပေးပြီး လုပ်တယ်။ VCD ဆိုရင်လည်း ဟိုးအောက်ခြေသိမ်းကအစ ၀င်သရုပ်ဆောင်တဲ့အထိ အဆင့်အသီးသီးမှာ ၀င်ပြီးပါတယ်။ ဒီအခွေကို ကိုယ်တိုင် စီစဉ်ရတာဖြစ်လို့ ပိုပြီး သံယောဇဉ်ရှိတယ်။ ပိုပြီးလည်း အားရတယ်။

Q:

VCD Simple ခွေမှာ ဘုရားဆုတောင်းပါ သီချင်းရိုက်ထားတာ ကြည့်ရတယ်။ အဲဒီ သီချင်းကို ဘယ်လောက်ထိ ခံစားပြီး ဆိုခဲ့ရလဲ။

Ans:

အဲဒီသီချင်းက ကိုအရိုးရေးတာပါ။ ဆေးရုံမှာ Pick up ကလေးတွေနဲ့က ထရီဇာ အမြဲ မြင်နေ တွေ့နေရတာ။ သူတို့တွေ နာ့(စ်) တွေလက်ထဲမှာပဲကြီး၊ အဲဒီလို ကလေးတွေရဲ့ ဘ၀ကို မြင်ထားရတော့ အဲဒီဖီလင်က ရှိနေပြီးသား၊ သီချင်းယူဖို့ ကိုအရိုးဆီရောက်သွားတော့ ဒီအပုဒ်လေးက ထရီဇာနဲ့ လိုက်တယ်ဆိုပြီး ပေးလိုက်တာ၊ သူဆိုပြတော့ နားထောင်ရင်းနဲ့ မျက်ရည်တွေကျတာ၊ VCD ရိုက်တော့လည်း Mood က ရှိပြီးသားဆိုတော့ ကွက်တိ ဖြစ်သွားတာပေါ့။ သရုပ်ဆောင်တော့လည်း တစ်ကယ့် မျက်ရည်အစစ်နဲ့ပဲ သရုပ်ဆောင်ဖြစ်ခဲ့တယ်။

Q:

အခုရောက်နေတဲ့ လက်ရှိ အနေအထားနဲ့ ပရိသတ် အနေအထားတွေဟာ ထရီဇာရဲ့ One Lady Show လုပ်ဖို့ လုံလောက်ပြိလို့ ထင်လား

Ans:

ထရီဇာ ပရိသတ်တွေ အဲဒီလောက် မများသေးပါဘူး။ လိုပါသေးတယ်။ ကိုယ့်ကိုယ်ကိုလည်း အဲဒီလောက် မယုံကြည်သေးဘူး။ လုပ်ပြီဆိုမှတော့ အလုပ်တခုကို တန်အောင် အကျိုးရှိရှိ လုပ်တာပဲ ကောင်းတယ်။

Q:

အဲဒီဘက်မှာပဲ အချိန်တွေပေးနေတော့ ကိုယ့်ရဲ့ တာဝန်တွေကရော

Ans:

တာဝန်ကတော့ လုံးလုံးလျားလျားကို နားထားတယ်။ အခုအနားယူနေတဲ့ ကာလဆိုတော့ အလုပ်ဆင်းစရာ မလိုသေးဘူး။ ပို့စတင်က ဒီဇင်ဘာဆို ခေါ်တော့မယ်။ ပို့စတင် မ၀င်ဘူးလို့ စိတ်ကူးထားတယ်။ တစ်နှစ်လောက်တော့ ဒီဘက်မှာ အရှိန်လေးရနေတုန်း လုပ်လိုက်ဦးမယ်။ ပို့စတင်ကဘယ်နယ်မှာပဲကျကျ ကိုယ်က တာဝန်ယူပြီး လုပ်ရမှာဆိုတော့ လုပ်တဲ့ အလုပ်ပေါ်မှာ တာဝန်ကျေကျေ လုပ်မှာပဲ။ ဟောက်(စ်) ဆင်းတုန်းကလဲ ကြော်ငြာရိုက်စရာတွေ ဖျက်ပစ်ရတာ အများကြီးပဲ။ စတိတ်ရှိုးတွေဆို လိုက်ကို မဆိုဘူး။ ကိုယ့် အလုပ်တာဝန်ကျရင်လဲ သေချာလုပ်မှာပါ။

ဇီးကွက်
Back to Top
advertisements