|
Dancer တစ်ယောက်ဆိုတာ................ |
|
ဖြူပြာ :
|
Dancer ဆိုတာ မြန်မာပြည်ကိုစရောက်လာတာလေးက စပြောကြရင်ကောင်းမယ်ထင်တယ်နော်။
|
|
ဌေးမင်းထွန်း :
|
ကျွန်တော့ အမြင်ပေါ့နော်။ Dancer ဆိုတာကို လူငယ်တွေစပြီး စိတ်ပါဝင်စား လာတာကတော့ ကျွန်တော်တို့ ငယ်ငယ်လေး ကတည်းက ပေါ့နော်။ ဘရိတ်ဒန့်စ် ခေတ်တို့ ဘာတို့ဆိုတာ ရှိခဲ့တယ်။ ရှိခဲ့ပေမယ့် သိပ်ပြီးတော့ အခုခေတ်လောက် သိပ်မကျယ်ပြန့်ခဲ့ဘူးပေါ့။ အဲဒီအချိန်က သူ့တစ်ချိန်နဲ့သူ ခဏပဲပေါ့။ အခုတော့ လူငယ်တွေက ဒီ morden dance တွေဘာတွေ
မှာ ပိုပြီးတော့ စိတ်ပါဝင်စား ရှိလာတယ်။ ဟိုတုန်းကဆိုရင် ဘရိတ်ဒန့်စ်တို့ ဘာတို့ဆိုတာက ခဏပဲ သိပ်မကြာဘူး။ တစ်ခေတ်လေးတော့ ရှိခဲ့တယ်။ ပြီးရင်ကြားထဲမှာ အားမပေးတာနဲ့
ဘာနဲ့။ ပြီးတော့ ဘရိတ်ဒန့်စ်မှာ Stage ပေါ်မှာကတာတွေ Performance တွေ ဘာမှမရှိဘူး။ အဲဒီအချိန်က လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ပေါ့။ အခုချိန်မှာတော့ အများကြီး ပြောင်းလဲလာ
ပါတယ်။ လူငယ်တွေလည်း အကကို အများကြီး စိတ်ပါဝင်စား လာတယ်။ ပိုပြီးတော့လည်း ကြိုးစားလာတာကို တွေ့ရတယ်။ အများကြီး တိုးတက်လာတာလည်း တွေ့ရပါတယ်။ ကျွန်တော်
တို့ Model စလုပ်တုန်းက အချိန်ကဆို ကတာလေးတွေက ရိုးတာပေါ့နော်။ အကတစ်ခုကို ကျွန်တော့်အနေနဲ့ အမြင်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အကတစ်ခု ဖန်တီးဖို့ လူငယ်တွေလုပ်
တယ်ဆိုတာ မလွယ်ပါဘူး။ ကျွန်တော်တို့ကသာ အကတစ်ခုကို ဘေးကနေကြည့်ရင် ခဏလေး၊ ၄ မိနစ်စာလေး လုပ်တဲ့အခါ ခဏလေး ကြည့်ရတာပေါ့။ တကယ်တမ်းကြတော့ သူတို့
လုပ်တဲ့အခါမှာ တိုက်ရတယ်။ အချိန်ပေးရတယ်။ သူတို့ အများကြီးပဲ ကြိုးစားရတယ်။ အဲဒါမျိုးတွေရှိတဲ့အခါ ကျွန်တော်တို့တွေ ဘာတွေ့ရလဲဆိုတော့ လူငယ်တစ်ယောက်ဟာ အများကြီး
ကျန်းမာဖို့ လိုတာပေါ့နော်။ ကျန်းမာရေးဘက်က ကြည့်မယ်ဆိုရင် အိပ်ရေးပျက်လို့မရဘူး။ save ဖြစ်ရမယ်။ ကျန်းမာရမယ်ပေါ့။ အဲလိုမဟုတ်ဘူးဆိုရင် ကတဲ့နေရာမှာ မောတာ တွေတွေ့
ရမယ်။ အကကို ကျွန်တော်တို့က ကျန်းမာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် တကယ်ကိုကောင်းတဲ့ exercise တစ်ခုအနေနဲ့ မြင်စေချင်တယ်။ ဘာလို့လဲဆိုတော့ အကကခြင်းအားဖြင့်
လူငယ်တွေ အကမှာ စိတ်ပါဝင်စား ရှိနေရင် တခြားအပေါ်မှာ သိပ်ပြီးတော့ အာရုံမရှိဘူး။ လူကြီးတွေအနေနဲ့လည်း ဒါကိုအားပေးစေချင်တယ်။
|
|
ဇေယျာ :
|
နောက်ပြီး exercise အနေနဲ့ ကြည့်မယ်ဆိုရင် လူတစ်ယောက်က ပြေးမယ်ဆိုရင် တာဝေးပြေးတဲ့ သူတစ်ယောက်ဟာ ကယ်လိုရီ ၁၅၀ ပဲ လောင်ကျွမ်းတယ်။ အကကတာဟာ ကယ်လိုရီ ၉၀၀
အထိ လောင်ကျွမ်းတယ်။ လူတစ်ယောက်ဟာ exercise လုပ်ပြီးတော့ ကယ်လိုရီ ချမယ်ဆိုရင် ကတာလောက် မည်သည့် exercise ကမှ မကျဘူး။ ပြေးတာဆိုရင် ၁၅၀ လောက်အထိ
ကျတယ်။ ကျန်တာတွေဆို ၂၀၀ လောက်အထိပဲ ကျတယ်။ ရေကူးတာကတော့ ၂၅၀ လောက်အထိ ကျတယ်။ ကတာက ၉၀၀ အထိ ကျတယ်။ ကျွန်တော် ဖတ်ခဲ့တဲ့ စာအုပ်တစ်အုပ်မှာဆိုရင်
exercise အနေနဲ့ ကတာကို ထိပ်ဆုံးကနေ 3 star ပေးထားတယ်။
|
|
ဌေးမင်းထွန်း :
|
တချို့လူတွေက ဒီ exercise ကို ဝိတ်မတာတို့ ဘာတို့ အဲလိုကစားတာတွေ ခက်ခက်ခဲခဲကြီးတွေကို သိပ်အာသီသ မရှိဘူး။ တချို့လူတွေပေါ့နော်။ သူတို့က ကပြီးတော့ပဲ exercise လုပ်ရ
တာကို ကြိုက်ကြတယ်။ လူငယ်တွေတင် မဟုတ်ဘူး လူကြီးတွေက အစပေါ့နော်။ တချို့ step တွေကမယ်။ slow လေးတွေပေါ့နော်။ အကဆိုတာက ကျန်းမာရေးအတွက် အရမ်းကောင်း
တာကြောင့် လူကြီးရောလူငယ်ရော တချို့ကြတော့ exercise မလုပ်တဲ့အတွက် ဒီအကနဲ့ပဲ ကိုယ်ခန္ဓာဝိတ်ကျအောင်တို့ဘာတို့လုပ်လာတယ်။ အကဖြစ်တဲ့အတွက် သူတို့ပျော်လည်းပျော်
တယ်။ ဒါကဝိတ်လည်း ကျတယ်လေ။ နောက်တစ်ခုက ကတာက အစားအသောက် control မရှိဘူး။ ကျွန်တော်တို့ ကတဲ့သူတွေက အစားစားရတယ်။ အရမ်းကပြီး အစားနည်းသွားရင်
လည်း အရမ်းကျသွားတတ်တယ်။ အိပ်ရေးလည်း ပျက်လို့မရဘူး။ ကျွန်တော်ဆို အိပ်ရေးပျက်ပြီးရင် အကတွေဘာတွေ သင်လို့မရဘူး အဲဒီနေ့ဆို လူက ဟိုက်နေရော။ ဘာမှလုပ်လို့မရ
ဘူး။ ကျန်းမာရေးကို အရမ်းဂရုစိုက်ရတယ်။ အကသမားတစ်ယောက် dancer ကောင်းတစ်ယောက် ဖြစ်လာဖို့ဆိုတာ တကယ်တမ်းကြတော့ မလွယ်ပါဘူး။ အဲဒါကြောင့် ဒီလိုဖြစ်တဲ့ ကြိုး
စားတဲ့ လူငယ်တွေကို ကျွန်တော့်အနေနဲ့ ကြိုစားစေချင်ပါတယ်။ ဘေးနားကနေ အကောင်းနဲ့ ရှုမြင်တတ်ဖို့ လိုပါတယ်။ Dancer ဆိုတာလည်း ကမ္ဘာမှာပဲ ကြည့်ကြည့်ပေါ့ Entertainment
လုပ်တဲ့နေရာမှာ အဆိုတော်တွေကို အများကြီး ပံ့ပိုးပေးတယ်။ အဆိုတော်တစ်ယောက် နာမည်ကြီးတယ်ဆိုတာ dancer တွေကြောင့်လည်း အများကြီးပါတယ်။ တစ်ယောက်တည်းဆို
တာထက် ဘေးနားကနေ supporting တွေ အများကြီးပါတယ်။ Dancer တွေကြောင့် နာမည်ကြီးတာတွေလည်း အများကြီးရှိပါတယ်။
|
|
ဇေယျာ :
|
ဒီမှာကလည်းလေ လူကြီးပိုင်းတွေက အကကို Professional တစ်ယောက်မှ မမြင်ဘူးပဲနဲ့ ဝါသနာပါရုံလောက်လေး၊ ဒါမှမဟုတ် ပေါ်ပြူလာဖြစ်ဖို့ လုပ်ချင်တာ။ အဲလိုမျိုးတွေ တော်တော်များ
များကို တွေ့ထားတဲ့အတွက် နားလည်မှုလွဲ နေတာပေါ့နော်။ Professional dancer တစ်ယောက်ဖြစ်ဖို့ အရမ်းကြီးနက်နဲတယ်။ ကျွန်တော် UK က Luna School ဆိုတာကနေပြီးတော့ စာ
ရွက်စာတမ်းတွေ ယူကြည့်တဲ့ အချိန်မှာ ကျွန်တော်က အရင်တုန်းကဆို အကဆိုတာ music ရှိတယ်။ Music ဆိုတာ style တွေခွဲပြစ်တယ်။ Name တွေပေးတယ်။
အဲလောက်လေးပဲ ထင်တာကိုး။ ဒါပေမယ့် အဲဒီက စာရွက်စာတမ်းတွေ တွေ့တဲ့အချိန်မှာ နက်နဲတယ်။ ဘယ်လောက်အထိ နက်နဲလဲဆိုရင် level 1 တို့၊ level 2 တို့မှာ Equtation တွက်ရတာ
တွေပါတယ်။ Graph တွေ ချရတယ်။ Dancer တစ်ယောက် ဖြစ်လာဖို့အတွက် Graph တွေချပြီး ရအောင် ကျင့်ရတယ်။ တပတ်စာ Graph တွေ ချရတယ်။ ပြီးရင် အဲဒါကို လေ့ကျင့်ခန်း လုပ်ရတယ်
လေ့ကျင့်ပြီးသွားလို့ ၁လဆိုရင် နောက်ဆုံး ထွက်လာတဲ့ Equation နဲ့ တွက်ယူရတယ်။ နောက်ပြီး တနေ့ တနေ့မှာ အစားအသောက်နဲ့ ပတ်သက်တာတွေကို တွက်ယူတာမျိုးပေါ့။
ဥပမာ ကြက်ဥတစ်လုံးဆိုရင် ကယ်လိုရီ ဘယ်လောက်ရှိမယ် အဲလိုမျိုးပေါ့နော်။ အကုန်လုံးကို လိုက်ပေါင်းပြီးတော့ ဘယ်လောက် ကျင့်ထားတဲ့အချိန်မှာ ဘယ်လောက်ဖြစ်တဲ့ အစားအစာကို စားရ
မလဲ။ အရမ်းကြီး နက်နဲသွားပြီ။ Professional Dancer တစ်ယောက် ဖြစ်လာအောင် တစ်မျိုးတည်း ကတတ်ယုံနဲ့လည်း မရဘူးပေါ့။ အမှန်တကယ် ပြောရရင်တော့ အဲဒီစာအုပ်တွေ
ဖတ်ခါစကဆို ကျွန်တော် ဥာဏ်မမှီဘူး။ ကိုယ်က ဝါသနာပါလို့ Music လေးနဲ့ကမယ်။ တစ်နေ့ကို ၃၊ ၄ နာရီကရင် ပြီးနေတဲ့ဟာကိုများ။ ဒီစာအုပ်ထဲမှာ ရေးထားတာ Graph ဆွဲတာတွေရော၊
Equation တွေရော၊ ဒီထက်ပိုပြီး နက်နဲတာတွေရော၊ ခန္ဓာကိုယ်ကို control လုပ်တာတွေရော၊ အသက်ရှုတာကို ထိန်းချုပ်တဲ့ဟာတွေ၊ နောက်ပြီးတော့ Balance ကို ထိန်းချုပ်တာတွေရယ်၊
Position ထိန်းချုပ်တာတွေရယ်ကို အများကြီး အများကြီး စာကြီးနဲ့ ကျမ်းကြီးတစ်စောင်ကို ဖတ်ရတဲ့အခါ ဒီအကကြီး အရမ်းနက်နဲ့သွားတာကို ကျွန်တော်သိခဲ့ရတယ်။ သာမန်ဝါသလောက်
သာမန်စိတ်လောက်နဲ့တော့ လုပ်လို့မရဘူး။ အကဟာ ထင်ထားတာထက်လည်း နက်နဲပါတယ်။ အားလုံး အတွက်လည်း သင့်တော်ပါတယ်။
|
|
ဌေးမင်းထွန်း :
|
အကမှာ ခုနက ဇေယျာပြောသလိုပေါ့နော်။ အသက်အရွယ်နဲ့ ကျွန်တော်တို့ရဲ့ Heart beat ဆိုတာရှိတယ်။ အဲဒီ Heart beat ပေါ်မူတည်ပြီး Tampo နဲ့ ကရတယ်။ ကျွန်တော်တို့
လူငယ်တွေလိုမျိုး လူကြီးကိုသွား Train လုပ်လို့မရဘူး။ ကျွန်တော်တို့လိုမျိုး ကလေးတွေကိုလည်း သွား Train လုပ်လို့မရဘူး။ နှလုံးခုန်နှုန်း ပေါ်မူတည်ပြီးတော့ လူက ဘယ်လောက်
မိနစ်မှာ ဘယ်လောက် ကနိုင်လဲဆိုတာ နိုင်ငံခြားမှာဆို သူတို့က တိုင်းကြည့်တယ်။ လူက ၁၀မိနစ်ကတယ်ဆို သူ့နှလုံးခုန်နှုန်းက ဘယ်လောက်လဲ။ Tampo ဘယ်လောက်လဲ။
Heart beat ဘယ်လောက် တက်သွားပြီလဲ။ ဘယ်လောက်အထိပဲ ရှိရမယ်ဆိုတာ အဲလိုမျိုးတွက်တာပေါ့။ အဲဒီထက်ကျော်သွားရင် လူအတွက် side effect ဖြစ်တာ တွေ့ရတာပေါ့နော်။
အရင်တုန်းက ကျွန်တော့်အစ်ကို ကိုဖုန်းဆို ဘရိတ်ဒန့်စ် ခေတ်တုန်းကဆို သူအရမ်းကတာ။ ကတော့ အောက်ပိုင်းတောင် အကြောတွေ သေသွားတဲ့အထိ ဖြစ်သွားတယ်။
|
|
ဖြူပြာ :
|
ဒါဆို အသက်အပိုင်းအခြားအလိုက် အကအမျိုးအစားတွေကလည်း ကွဲပြားသွားနိုင်တာပေါ့။
|
|
ဌေးမင်းထွန်း :
|
ကွဲပြားသွားနိုင်တာပေါ့။ လူကြီးတွေကြတော့ Slow လေးတွေ ဖြစ်သွားတာပေါ့။ လူကြီးတွေက အဲဒီလောက် မကနိုင်တော့ဘူးလေ။ လူငယ်တွေကတော့ Pop တွေကကြတယ်။ Modern
Dance တွေ၊ Ballroom Dancing တွေမှာပဲဖြစ်ဖြစ် ဘယ်အကမဆို လူငယ်တွေကတော့ ပိုပြီးသွက်တယ်။ လူကြီးတွေ သူတို့တော်ယုံတန်ယုံ ကြီးသွားပြီဆိုရင် သူတို့က Instructor အနေ
နဲ့ပဲ ဖြစ်တော့တာ။ အဓိကကတော့ ကျွန်တော်တို့ရဲ့ Heart Beat ပေါ်မူတည်ပြီူးတော့ အကက အဲဒီပေါ်မှာ Limit နဲ့ ကတာလေ။ တကယ်တန်းတော့ အကဆိုတာ မလွယ်ဘူး။ လွယ်လွယ်လေး အကဆိုတာ ဟိုလှုပ်ဒီလှုပ်လောက်ပဲ ဖြစ်တယ်လို့ထင်နေတာ။ လှုပ်လို့ရပါတယ်။ အကဆိုတာ လှုပ်တာလည်း ရတယ်။ ဒါပေမယ့် စည်းစနစ်ကျဖို့ဆိုတာ တကယ်တမ်းကြတော့
Rule နဲ့ ဘာနဲ့ သူ့ဟာနဲ့သူ ရှိပြီးသားပေါ့နော်။
|
|
ဖြူပြာ :
|
အဲလိုစည်းစနစ်ကျဖို့ Rule တွေကျတော့ အများကြီးပဲလား။
|
|
ဇေယျာ :
|
Rule ကတော့ ရှိတယ်။ အကတစ်မျိုးစီမှာ တစ်မျိုးစီမှာရှိတယ်။ ကျွန်တော် Rule တစ်ခု ပြောပြမယ်။ Just Dance ဆိုတာရှိတယ်။ Just Dance is from sutable for pop song လေ။ Pop သီ
ချင်းတွေ တော်တော်များများနဲ့ သင့်တော်တာက Just Dance ပဲဖြစ်တယ်။ Just Dance က Technique include for isolading တွေ၊ Traveling တွေ၊ Crossing တွေ၊ Jumping
တွေ၊ အဲလိုမျိုးဟာတွေ System က။ အဲလိုမျိုးပဲ။ အဲဒါက အကတိုင်းမှာ တစ်ခုစီ ရှိကြတယ်။ ကိုဌေးမင်းထွန်းတို့ကတဲ့ Ballroom Dance ဆိုရင် သပ်သပ်ရှိတယ်။ တူတော့ မတူဘူးပေါ့။ သူ့
Rule တော့ ရှိတယ်။ Technique တွေတော့ရှိတယ်။
|
|
ဖြူပြာ :
|
အကအမျိုးအစားတွေကလည်း အများကြီးပေါ့။ ဘယ်လိုမျိုးကွဲပြားသွားလဲ။
|
|
ဌေးမင်းထွန်း :
|
အကအမျိုးအစား တွေကတော့ အများကြီးပေါ့။ ခေတ်ပေါ်မူတည်ပြီးတော့ ကွဲသွားတာတွေလည်း ရှိတယ်။ အရင်တုန်းကဆိုရင် ဥပမာ Ballroom Dancing ဆိုလည်း အရင်တုန်းကကတာ
နဲ့ အခုကတာနဲ့ မတူဘူး။ Pop ဆိုလည်းအဲလိုပဲ။ အရင်တုန်းက Pop ကတာနဲ့ အခု Pop ကတာနဲ့ မတူဘူး။ အရင်တုန်းက Ballroom Dancing ဆို အရင်တုန်းကကတာ အရမ်းလူကြီးဆန်
တယ်။ အခုကြတော့ အရင်ကလိုမဟုတ်ဘူး သွက်လာတယ်။ အကတွေက ခွဲထားတာရှိတာပေါ့နော်။ အကတွေ အဓိကကတော့ Modern Dance နဲ့ Ballroom နဲ့ နှစ်ခုခွဲထားတာရှိတယ်။
|
|
ဖြူပြာ :
|
ဒီနိုင်ငံရဲ့ Culture ကြောင့်ရော အက ရွေးချယ်ရတာ ခက်တာရှိလား။
|
|
ဌေးမင်းထွန်း :
|
Culture ကြောင့်လည်း အမှန်ကျွန်တော် လူကြီးတွေကိုပြောချင်တာ အဲဒါပေါ့နော်။ အမှန်ဆို ကျွန်တော်တို့က အကဆိုတာ Culture နဲ့တော့ မဆိုင်ဘူးဗျ။ ကျွန်တော်တို့က အကဆိုတာ
ကျန်းမာရေးအတွက် လူငယ်တွေက ဝါသနာပါလို့ ကနေကြတာပါ။ အပွင့်လင်းဆုံးပြောရရင် ကိုယ့်ဟာကိုယ်လည်း တချို့ဆို တီထွင်ကြတယ်။ ဇေယျာတို့ဆို သူတို့တွေကတာတွေရှိ
တယ်။ ကျွန်တော်ဒီ Modern Dance တို့ဆိုတဲ့ဟာက သူတို့ဟာကို ကျွန်တော်တို့ ကူးချတာတွေရှိသလို ကိုယ့်ဟာကို တီထွင်တဲ့ဟာတွေလည်း အများကြီးရှိတယ်။ Creative Dance တို့
ခေါ်တယ်။ အဲဒါကြတော့ Culture နဲ့မဆိုင်တော့ဘူး။ ကျွန်တော်တို့ Body Move တွေ၊ Techqunic တွေဘာတွေတော့ တချို့ဟာတွေ သူတို့တွေဆီကနေပြီးတော့ လေ့လာတာရှိရင်ရှိ
မှာပေါ့။ သူတို့လည်း Technique တစ်ခုရှိပေမယ့် တော်တော်များများက Create လုပ်ထားတာ။ အကုန်လုံး တီထွင်ထားတဲ့ ဟာတွေချည်းပဲ။ Create တစ်ခုပေါ်မှာ မူတည်ပြီးတော့ သူတို့ရဲ့
Step တွေက ဘယ်လောက် လူတစ်ယောက်ကို ဆွဲဆောင့်မှုရှိတယ်။ Harmony ဘယ်လောက် ဖြစ်တယ်။
|
|
ဇေယျာ :
|
တော်တော်များများ လူကြီးတွေကလေ ကြည့်တယ်ကြည့်ပြီး ဒီနိုင်ငံရဲ့ Culture နဲ့မလိုက်ဘူး။ သူတို့မကြိုက်ဘူးဆိုတာက အဓိကက Professional Dancer တွေမဟုတ်ပါဘူး။ ကျွန်တော်တို့
ဒီမြန်မာနိုင်ငံရဲ့ Dancer Roll ရှိတယ်။ အဲဒီ Roll ထဲမှာ လက်ချိုးရေလို့ ရတဲ့ထဲမှာလည်း မပါဘူး။ ကျွန်တော်တို့ Dancer တွေထဲမှာ Professional Group တွေလည်း မဟုတ်ဘူး။ အဲဒါမျိုး
တွေကို သွားကြည့်လာပြီးတော့ ကျန်တဲ့လူတွေကိုပါ ယှဉ်ပြောလာမယ်ဆိုရင်တော့ ယှဉ်ပြောလို့တော့ မရဘူးပေါ့။
|
|
ဖြူပြာ :
|
Dance ကို စိတ်ဝင်စားတဲ့ ကလေးတစ်ယောက်ကို ဘယ်အရွယ်လောက်မှာ စပြီး train နိုင်မလဲ။
|
|
ဇေယျာ :
|
သူ့ကိုစပြီး Train မယ်ဆိုရင် ငယ်ငယ်လေးကတည်းက စ train လို့ရတယ်။ တော်တော်ငယ်ရင်လည်း ငယ်သလောက်လည်း ချော့ပြီး သင်တာလည်း ရှိတယ်။
|
|
ဌေးမင်းထွန်း :
|
ငယ်လွန်းရင်လည်း မကောင်းဘူး။ ကလေးက မမှီဘူးပေါ့။ လှုပ်ဆိုရင်တော့ လှုပ်လို့ရတယ်။ ဒါပေမယ့် Memorize လုပ်နိုင်တဲ့အား နည်းတယ်။ ၅ နှစ်ကျော်သွားပြီ ဆိုရင်တော့ ဒီကလေး
က နည်းနည်း မှတ်နိုင်သွားပြီပေါ့။ ဘဲလေးကတော့ ကျွန်တော်တို့ရဲ့အကမှာ ဘယ်အကမဆို ဘဲလေးတတ်ထားတာ အကောင်းဆုံးပဲ။
|
|
ဇေယျာ :
|
ကျွန်တော်တို့ရဲ့ Basic က ဘဲလေးပဲ။
|
|
ဌေးမင်းထွန်း :
|
ဘာဖြစ်လို့လဲဆို သူခြေထောက် အရမ်းနိုင်သွားတယ်။ Balance အရမ်းနိုင်သွားတယ်။ အခုတော်တော်များများ နိုင်ငံခြားမှာ အရမ်းနာမည်ကြီးတဲ့ Dancer တွေကိုကြည့်လိုက်ရင် ဘဲလေး
မကတတ်တဲ့သူ မရှိဘူး။
|
|
ဇေယျာ :
|
ဘာဖြစ်လို့လဲဆိုတာ့ ဘဲလေးက Balance လည်းနိုင်တယ်။ ဘဲလေးကထားတဲ့သူက Performance လည်းနိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘဲလေးမှာက တကယ့် Over အိုက်တင်ကြီး
တွေ လုပ်ရတာလေ။ ကိုယ်က လက်ကြီးတွေကို ကားပြီးတော့လေ။ Angle ဆိုလည်း ကိုယ်က နတ်သမီးပုံစံကြီးတွေ လုပ်ရတာဆိုတာ့ ကျန်တဲ့ ကျွန်တော်တို့ Modern Dance ပေါ့ပေါ့ပါးပါး
လေးတွေက လုပ်ရတာ လွယ်လွယ်လေးတွေပါ။ Performance က အေးဆေးဖြစ်သွားပြီ။ သူက Story လေးတွေ ရှိတယ်လေ။ သာမန်ကျေးတောသူဆိုရင် သမားရိုးကျ ကျေးတောသူပေါ့။ ဒီ
ဘက်နှစ်ယောက်ကတော့ မင်းသား မင်းသမီးထွက်လာတဲ့ အနားမှာ ရှိရမယ်။ ဘဲလေးရဲ့ အရင်တုန်းက Traditional Step နဲ့လေ။ အဲဒီကျရင် အပီကြီးတွေ လုပ်ရတာ။ အဲဒီတော့ သူက
Balance လည်းအရမ်းနိုင်သွားပြီလေ။
|
|
ဖြူပြာ :
|
ငယ်ငယ်ကတည်းက လေ့ကျင့်လာခဲ့တဲ့ ကလေးတစ်ယောက်က ဘယ်အရွယ်လောက်မှာ Professional Dancer အဖြစ် ရပ်တည်နိုင်မလဲ။
|
|
ဌေးမင်းထွန်း :
|
ကျွန်တော့်အမြင်အရ ဆိုရင်တော့ အိုလံပစ်ဂိမ်းတွေ ဘာတွေ ကတဲ့ကလေးတွေ ရှိတယ်။ တရုပ်ပြည်တို့ ဘာတို့ဆိုရင် ငယ်ငယ်ကလေး ကတည်းက Train လုပ်ထားတာ။ ဆုရသွားတဲ့
ကောင်မလေးဆိုရင် ငယ်ငယ်လေး ၈ နှစ်ပဲ ရှိသေးတယ်။ သူရဲ့လေ့ကျင့်ချိန် ဘယ်လောက်ရှိမလဲ ၄ နှစ်၊ ၅ နှစ်ပေါ့။ ၄နှစ် ၅နှစ် အတွင်းမှာ ဆုတောင် ရသွားတယ်ဆို။ အရမ်းကို
Professional ဖြစ်လာတယ်။ နောက်ဆို ပိုပြီးတော့ကြိုးစားရင် ပိုပြီးတော့ advance ဖြစ်လာမှာပေါ့။
|
|
ခိုင်လေး :
|
ဒါကတော့ လူတစ်ယောက်နဲ့ တစ်ယောက် မတူဘူးပေါ့နော်။ သူ့ကြိုးစားမှုနဲ့ သူရဲ့ပါရမီပေါ်လည်း မူတည်သေးတာပေါ့။ အတိအကျကြီးတော့ ပြောလို့မရဘူးပေါ့။
|
|
ဇေယျာ :
|
ကျွန်တော်တို့ ခန့်မှန်းခြေဆို သူ့ကို ဘဲလေးအပါအဝင် Basic အားလုံး Train ပြီးသွားရင် သူ့ကို Professional လို စပြီးလုပ်ဖို့ဆိုရင် ၁၀ နှစ်ဝန်းကျင်လောက် ဆိုရပါပြီ။
|
|
ဌေးမင်းထွန်း :
|
၁၀ နှစ်လောက်ဆို အရမ်းပြည့်ဝတဲ့သူ တစ်ယောက်ဖြစ်နေပြီ။
|
|
ခိုင်လေး :
|
ဒါပေမယ့် ပါရမီလည်း ရှိအုံးမှ။ ကလေးကလည်း ကြိုးစားအုံးမှ ပေါ့နော်။
|
|
ဖြူပြာ :
|
အခုခေတ်ကလေးတွေက အကကို ဘယ်အရွယ်လောက်မှာ စပြီးစိတ်ဝင်စားလာကြလဲ။
|
|
ခိုင်လေး :
|
ခိုင်လေးတို့ ကျောင်းကကလေးတွေက ၃ နှစ်လောက်နဲ့ကို ကနေကြပြီ။ အခုကလေးတွေက အရမ်းကို တက်ကြွနေကြပြီ။
|
|
ဌေးမင်းထွန်း :
|
ကလေးတွေက မှတ်ဥာဏ်လည်း အရမ်းမှတ်နိုင်လာကြတယ်။
|
|
ဇေယျာ :
|
ဒီဘက်ခေတ်က ကလေးတွေက ကျွန်တော်တို့နဲ့ မတူတော့ဘူး။ ကျွန်တော်တုန်းကဆိုရင် ကျွန်တော် Professional စဖြစ်တာ ၁၆ နှစ်ပေါ့။ ၁၆ နှစ် Pionera မှာ ကတုန်းကဆို ကျွန်တော်ရင်
တော့ ခုန်တာပဲ။ ပထမဦးဆုံး ပွဲကြီးဆိုတော့ ကိုယ်မမှားအောင် ရင်တော့ ခုန်တာပေါ့။ ဒီခေတ်ကလေးတွေက ၄နှစ်လောက် ကလေးလေး ကတက်တော့ဆို စင်ပေါ်ကို ဝုန်းဆိုတက်သွားပြီး
ကတယ်။ ကွေးနေတာပဲ။ Confidence လည်း အရမ်းရှိလာပြီ။ ကလေးတွေကလေ။
|
|
ဌေးမင်းထွန်း :
|
ကျွန်တော်တို့ရဲ့ခေတ်ကြီးကလည်း တဖြည်းဖြည်း ပြောင်းလာတဲ့အခါ လူငယ်တွေရဲ့ ဖွံ့ဖြိုးမှုကလည်း အရမ်းမြန်တယ်။ အမြင်အားလည်း အရမ်း ကောင်းလာတဲ့အတွက် သူတို့ကပိုပြီး
စွမ်းဆောင်နိုင်တဲ့ အရည်အချင်းတွေ တွေ့လာရတယ်။ အရင်တုန်းက ကလေးတွေက Private School ဆိုတာ မရှိဘူးလေ။ Stage ကျောင်းလေးတွေမှာ ကြီးလာတော့ သူတို့က မှုန်မှုန်
လေးတွေပဲ ကြီးလာရတယ်။ ကိုယ့်အိမ်မှာပဲ ကိုယ့်ဘာသာ ကိုယ့်ဝန်းကျင်နဲ့ ကိုယ့်ဘာသာ ကြီးပြင်းလာကြရတယ်။ အပြင်မှာ activitice ဆိုလို့ ဘာမှမရှိဘူး။ အခုက အပြင်တွေမှာလည်း
activitice တွေ ရှိလာတယ်။ ပြိုင်ပွဲတွေမှာလည်း လုပ်ပေးလာတယ်။ ကျောင်းတွေမှာလည်း သူတို့လုပ်ပေးလာတယ်။ Annual Party တွေမှာလည်း Performance တွေ ထည့်လာတဲ့
အခါကြတော့ ကလေးတွေက ပိုပြီးတော့ အမြင်အာရုံလည်း များလာတာ ပေါ့နော်။ လူဆိုတာ အဲလိုပါပဲ။ များများတွေ့လေ အများကြီး improve ဖြစ်လေ ပါပဲ။ လူငယ်တွေက အမြင်အား
ကောင်းလာတဲ့ အခါကြတော့ ပိုတိုးတက်လာတယ်။ နောက်ဆိုရင် ပိုတောင် တိုးတက်လာအုံးမယ်။ နောက် ၄၊ ၅၊ ၁၀ နှစ်ဆို ပိုတောင် တိုးတက်လာအုံးမယ်။
|
|
ဖြူပြာ :
|
ကိုဌေးမင်းထွန်းတို့၊ ကိုဇေယျာတို့ Dancer ဘဝဖြတ်သန်းခဲ့ရတာတွေက ခက်ခဲခဲ့လား။
|
|
ဌေးမင်းထွန်း :
|
ကျွန်တော်တို့စကတဲ့ အချိန်တုန်းကဆို Performance တွေ ဘာတွေ မရှိဘူးဗျ။ နောက်ပိုင်းမှသာ ရှိလာတာပေါ့နော်။ ဝါသနာပါတယ်။ ကပြတယ်။ အပြင်မှာ ပွဲတွေထက်စာရင် ကျွန်တော်
တို့ Hotel တွေမှာလုပ်တဲ့ ပွဲတွေလောက်ပဲ ရှိတယ်။ နောက် Promotion ပွဲတွေ။ အဲလောက်ပဲရှိတယ်။ အခုကြတော့ Stage Show တွေရော၊ အပြင်မှာ ပြိုင်ပွဲတွေရော အရမ်းများလာ
တယ်။ ဒီ ၄၊ ၅ နှစ်အတွင်းမှာ ပိုပြီးများလာတယ်။ လူငယ်တွေလည်း ပိုပြီးတော့ စိတ်ဝင်စားလာကြတယ်။ ဟိုတုန်းက ခက်ခက်ခဲခဲ ဆိုရင်တော့ ခက်ခက်ခဲခဲရှိတာ ဘာလဲဆိုရင် ကျွန်တော်
အကတစ်ခုကို စကမယ်ဆိုရင်၊ သင်မယ်ဆိုရင် ၁ ကွက်ချင်းစီကဖို့အတွက်ကို အကြာကြီး အချိန်ယူရတယ်။ ဒါအမှန်အတိုင်း ပြောတာ။ ဆရာဆိုတာလည်း ကျွန်တော်တို့မှာ ဘာမှဒီလိုမရှိ
ဘူး။ ဟိုဆရာဆီက နည်းနည်းသင်လိုက်၊ ဒီဆရာဆီကလည်း နည်းနည်းသင်လိုက် အဲလိုမျိုးပဲရတယ်။ အခုကျွန်တော်တို့ အလှည့်ကြတော့ သူများကိုပြန်သင်ပေးတဲ့ အခါကြတော့
ကျွန်တော်တို့ အများကြီးသင်ပေးနိုင်တယ်။ ကိုယ်တိုင်လေ့လာဖို့ ဆိုရင်လည်း အခုချိန်မှာ ကျွန်တော်တို့ နိုင်ငံခြားထွက်ပြီး လေ့လာလို့ရပြီ။ Study လုပ်လို့ရပြီ။ ဟိုတုန်းကဆိုရင် ဟိုလူနဲ့
တကွက်နှစ်ကွက်၊ ဒီလူနဲ့ တစ်ကွက်နှစ်ကွက် Ballroom Dancing ဆိုလည်း အဲလိုပဲ။ အကတစ်ခု ဖြစ်ဖို့ဆိုတာ ၁ နှစ်လောက် ကြာပြီးမှ ဒီအကလေးကို ကိုယ်က ကောင်းကောင်း နားလည်
လာတဲ့ သဘောလေးပဲ ရှိတယ်။ အခုဆိုရင် Level တစ်ခုကို သတ်မှတ်မယ်ဆိုရင် အချိန်တစ်ခုကို သိသွားပြီ။ Professional ဖြစ်ဖို့ဆိုတာ၊ သူတို့ ကြိုးစားမှ ဖြစ်မှာပေါ့နော်။ ဒါပေမယ့် သူတို့
သိသွားပြီလေ။ ကျွန်တော်တို့တုန်းကဆို သိဖို့တောင်မှ တော်တော်လေး အချိန်ယူခဲ့ရတယ်။ အဲဒါလေးတော့ ရှိခဲ့တယ်။
|
|
ဇေယျာ :
|
ကိုဌေးမင်းထွန်းတို့ကတော့ ကျွန်တော်တို့ထက် ပိုစောတာကိုး။ ကျွန်တော်တို့ ခေတ်တုန်းက ကျွန်တော်တို့ စကတဲ့အချိန်မှာ အကဆိုတာကို ပရိသတ်တွေကို စချပြနေတဲ့ ခေတ်လောက် ရှိတာပေါ့။
အဲလိုခေတ်ဆိုတော့ အကအဖွဲ့ အများကြီးပဲရှိတာပေါ့။ လူဆိုတာက ဝါသနာပါလို့ လုပ်တဲ့သူလည်းရှိမယ်။ ပေါ်ပြူလာဖြစ်ချင်လို့ လုပ်တဲ့သူလည်း ရှိတာပေါ့။ နောက်ဆုံးကြတော့ အချိန်ကာလတစ်
ခု ရှိရမယ်။ အချိန်ကာလတစ်ခု ပြီးသွားရင် အရည်အချင်းဆိုတာ ရှိလာသင့်တယ်ပေါ့နော်။ ကျွန်တော်ကတော့ မိမိကိုယ်မိမိ အဲလိုပဲခံယူထားပါတယ်။ ကျွန်တော်စကခါစက ၁ ကျပ်ဖိုးလောက်ပဲရှိ
မယ်ဆိုရင် ၁ နှစ်ကြာတဲ့အခါမှာ ၁၀၀ ဖိုးလောက် ဖြစ်ရင်ဖြစ်နေရမယ်ပေါ့။ အဲလိုခံယူချက်မျိုးနဲ့ ကြိုးစားလာခဲ့တယ်။ အဲဒီအတွက် အခုလိုဖြစ်လာတယ်ပေါ့နော်။ ဝါသနာပါတဲ့ ပုံစံမျိုး တသက်လုံး
သွားခဲ့တာ။ ပေါ်ပြူလာ ဖြစ်ချင်တာမျိုး မရှိဘူး။
|
|
ဌေးမင်းထွန်း :
|
ကျွန်တော်တို့ဆီမှာ Professional ဖြစ်ဖို့ဆိုတာ လူတစ်ယောက် ၁၀ စုနှစ်တစ်စုစာလောက်ကို ကျွန်တော်တို့ စွမ်းဆောင်နိုင်ရမယ်။ ခဏလေးကပြီး ပြန်ပျောက်သွားတယ်ဆိုရင် ဒါ
Professional လို့ သူ့ကိုကျွန်တော်တို့ သုံးသပ်လို့ မရဘူးပေါ့နော်။
|
|
ဇေယျာ :
|
လူတစ်ယောက်က မည်သည့် အနုပညာမှာပဲ ဖြစ်ဖြစ်ပေါ့နော်။ ငါဘယ်လောက် နာမည်ကြီးတယ်ဆိုတာထက် ငါနာမည်ကြီးတာ ယနေ့ထိန်းထားတယ်ဆိုတာ ပိုပြီးအရေးပါပါတယ်။ မနေ့က ငါ
နာမည်ကြီးတယ်။ ဒီနေ့ ငါ့နာမည်မပါတော့ဘူးဆိုရင် အဲဒီလူကဘာမှ မှတ်တမ်းမရှိနိုင်ဘူးလေ။ ငါနာမည်ကြီးတာကို ၁၀ နှစ်ထိန်းခဲ့တယ်။ အနှစ် ၂၀ ထိန်းခဲ့တယ်ဆိုတာကမှ သူ့ရဲ့အရည်အချင်း
လေ။
|
|
ဌေးမင်းထွန်း :
|
Uranium ၁၀ နှစ်အတွင်းမှာ လူသိခဲ့တယ်။ ကျွန်တော်တို့ဆို ၁၀နှစ်အတွင်းမှာပဲ ကိုဌေးမင်းထွန်းကနေတယ်။ အဲလိုမျိုး အတိုင်းအတာတစ်ခု ရှိရမယ်။ သက်တမ်းတစ်ခု ရှိရမယ်။ အဲလို
အတိုင်းအတာ တစ်ခုရှိမှသာ သူက Professional ဆိုပြီး သတ်မှတ်လို့ရမယ်။ တချို့ကြတော့ ဖျော်ဖြေမှုအနေနဲ့ ခဏလေး ကလိုက်တယ်။ ပြီးတော့ မကတော့ဘူး ပျောက်သွားတယ်။ အဲလို
မျိုးပေါ့နော်။ ဝါသနာထက် စီးပွားရေးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မိဘတွေကလည်း အားမပေးတော့ မင်းတို့ကမနေနဲ့တော့ကွာ အလုပ်လုပ်တော့ဆို ပျောက်သွားတာတွေ ရှိတယ်။
တချို့ကြတော့ အဲလိုမဟုတ်ဘူး။ ဒီအလုပ်မှာ စိတ်ပါဝင်စားပြီး ဒီအလုပ်ဟာ သူတို့ရဲ့ Life ပဲလို့ ခံယူထားကြတယ်။ အဲလိုကလေးတွေက ပိုတိုးတက်တာ တွေ့ရတယ်။
|
|
ဇေယျာ :
|
ကျွန်တော်တို့ကြတော့ ၁၆ နှစ်မှာ ကျွန်တော်စကတော့ မိဘဆီက အထောက်အပံ့ လုံးဝမယူခဲ့ဘူး။ ကျွန်တော့် ဒီ Professional အကနဲ့ပဲ ကျွန်တော်နေတယ်။ ကြားထဲမှာ အဆင်မပြေတဲ့ကာလ
မှာ ၁ နှစ်လောက်ရှိတယ်။ ကျွန်တော့်မှာ ဝင်ငွေတပြားမှ မရှိဘူးပေါ့။ ဒါပေမယ့် ကျွန်တော် ပေတေပြီး စားနေတယ်။ ပေတေပြီး နေနေနတယ်။ တနေ့ကျလို့ရှိရင် Choriographer တစ်ယောက်
ဖြစ်လာရမယ်ပေါ့။ ကျွန်တော်က Cordiographer တစ်ယောက် အရမ်းဖြစ်ချင်တယ်။ အရင်ကတည်းက Dancer ဆိုတာထက် Choriographer ဖြစ်ချင်တယ်။ Dancer ဆိုတာက အကအရမ်း
တော်တယ်။ အကလည်း ကျွမ်းကျင်တယ်။ Balance လည်း နိုင်တယ်။ Control သုံးနည်းကိုလည်း ကျွမ်းကျင်ပြီဆိုရင် Professional Dancer တစ်ယောက် ဖြစ်လာမယ်။ အဲဒီ Dancer က နှစ်
ရှည်လများ လေ့လာမယ်ဆိုရင် Choriographer တစ်ယောက် ထပ်ဖြစ်လာနိုင်တယ်။ Cordiographer ကြတော့ Movement တွေအားလုံးကို နားလည်ရတယ်။ Position တွေအားလုံးလည်း
နားလည်ရမယ်။ အကအမျိုးအစား ဆိုတာကိုတော့ သူက Dancer ကတည်းကကို နားလည်ခဲ့ရတာကိုး။ အဲဒီ အကအမျိုးအစားဆိုတာကို နက်နက်နဲနဲ နားလည်ရတယ်။ Technique တွေအ
ကုန်လုံး၊ Stylist တွေအကုန်လုံးကို နားလည်သွားမှ Choriographer ဖြစ်တာ။ သူက Directing လုပ်ရတာမျိုးပေါ့။ ဥပမာ ဒါရိုက်တာက သရုပ်ဆောင်တွေကို Directing လုပ်သလိုမျိုးပေါ့။
သူက Dancer တွေကို ဘယ်နှစ်ယောက်က ထွက်သွားရင် နောက်နှစ်ယောက်က ဘယ်လိုဝင်ပေါ့။ ပြီးရင်ထွက်သွားရင် ဘယ်နှစ်ယောက် ပြန်ဝင်လာပေါ့။ ဒီအကွက်ကို အားလုံးညီညီက အဲလို
မျိုးပေါ့။ ကျွန်တော်က ငယ်ငယ်ကတည်းက အဲဒါကို အရမ်းဖြစ်ချင်ခဲ့တာ။ အဲဒါကြောင့် ကျွန်တော် ငွေမရှိတဲ့ တစ်နှစ်အတွင်းမှာ ပိုလည်းလေ့လာတယ်။ ပိုလည်းကြိုးစားတယ်။ ကိုယ်ကသူများ
နဲ့ မတိမ်းမယိမ်းပဲကနိုင်ရင် သူများမျက်စိမှာ မတိမ်းမယိမ်းပဲမြင်မှာပဲ ကိုယ်က သူများထက် ၁၀ ဆ၊ အဆ ၂၀ လောက်မက ကပြနိုင်ရင်တော့ ဘာမှ အကကိုနားမလည်တဲ့ ကလေးတောင်မှ
သိပါတယ်။ ခုဏက ကတာနဲ့ အခုကာတာနဲ့ ဘယ်ဟာကောင်းလဲဆိုတာ သိပါတယ်။
|
|
ဖြူပြာ :
|
အခု ဒီမှာတော့ အရင်တုန်းကထက် Dancer ဆိုတာပိုကျယ်ပြန့်လာပြီ ထင်တယ်နော်။ ခုနက ကိုဇေယျာပြောသလို Choriographer ဖြစ်ချင်တဲ့ လူငယ်တွေလည်း များလာမယ် ထင်တယ်နော်။
|
|
ဌေးမင်းထွန်း :
|
Choriographer ဆိုတာကတော့ နည်းပြပေါ့နော်။ နည်းပြကကြတော့ တချို့တွေကြတော့ ကတတ်တယ်။ ဒါပေမယ့် မပြတတ်ဘူး။ တချို့က ကဆိုရင် ကတတ်တယ်။ ဒါပေမယ့် ပြန်ပြပေး
ဆိုရင် မပြတတ်တော့ဘူး။ ဘယ်ကနေစပြရမှန်း မသိဘူးပေါ့။ တချို့ကြတော့လည်း ကတတ်တယ်။ ပင်ကို သူ့ရဲ့ Tallent လည်း ပါတယ်။ ပြလည်း ပြန်ပြတတ်တယ်။ အဲလိုမျိုးတွေ ရှိပါ
တယ်။ ကမ္ဘာမှာလည်း တကယ့် Professional Dancer တွေရှိပါတယ်။ ဒါပေမယ့် သူတို့ ထဲမှာလည်း နည်းပြတစ်ယောက်လို မပြနိုင်တဲ့သူတွေ ရှိတယ်။ Choriographer တစ်ယောက်က
လူတစ်ယောက် ကနေရင် ဒီလူတစ်ယောက် ဘယ်နေရာ ပုံစံမကြဘူးဆိုတာ မြင်နေရမယ်။ မြင်တတ်ရမယ်။ လူတစ်ယောက် ကလိုက်တယ်ဆို ဘယ်နေရာပုံစံမကျဘူး။ ဘယ်နေရာမှာ
ဘာလိုနေတယ်ဆိုတာ ကြည့်လိုက်တာနဲ့ သိတယ်။ ဒီလူဟာ ခါးကြောင့်လား။ ပခုံးကြောင့်လား။ ခြေထောက်ကြောင့်လားဆိုတာ ကြည့်လိုက်တာနဲ့ တန်းသိရတယ်။
|
|
ဇေယျာ :
|
ဥပမာ ကျွန်တော်ဆို ပြီးခဲ့တဲ့ အပတ်လောက်က ခါးအရမ်းနာလို့ ခဏနားရတယ်။ ကျွန်တော့် လက်ထောက်တွေကို သွားသင်ခိုင်းဖြစ်တယ်။ သူတို့သင်တော့ အစကတော့ ဒီတိုင်းပဲ လွှတ်ထားရ
တာပေါ့နော်။ နောက်ပိုင်းကြတော့ နည်းနည်းသက်သာလာတော့ သင်တော့မသင်ဘူး လိုက်ကြည့်တယ်။ သင်တဲ့သူက Choriographer မဟုတ်ဘူးဆိုရင် သူက ဒီ Step တစ်ခုကို ခွဲခြမ်းစိတ်
ဖြာပြီး သင်လိုက်တယ်ဆိုရင် အဲလိုသင်တာပဲ ရှိတယ်။ ဒါပေမယ့် သူသင်လိုက်တဲ့အခါ ထွက်လာတဲ့ ရလဒ်အပေါ်မှာ သူသိပ်မလုပ်တတ်ဘူး။ ရရင်ရသလောက်ပဲ။ ဒီတစ်ယောက် တော်တယ်
လိုက်နိုင်တယ်ဆိုရင်တတ်မယ်။ ဒီတစ်ယောက်က သိပ်မတော်ဘူး ဒီ Step ကို မလိုက်နိုင်ဘူးဆိုလည်း သူက ဒီအတိုင်းပဲ ထားခဲ့တယ်။ ကျွန်တော်တို့လို Choriographer တွေကြေ |